SKIP TO MAIN CONTENT

ဟိုတယ်ကွာရန်တင်းမှာ ကိုဗစ်ကူးစက်မှု တိုးလာပြီးတဲ့နောက် အိန္ဒိယနိုင်ငံကနေ ဝင်လာတဲ့ လေယာဉ်အရေအတွက် လျှော့ချမယ်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု များလာပြီးတဲ့နောက်ပိုင်း သြစတြေးလျနိုင်ငံ ခေါင်းဆောင်တွေက အိန္ဒိယ နိုင်ငံက လေယာဉ်တွေကို ဝင်လာခွင့် လျှော့ချဖို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

Australia's leaders have agreed to reduce the number of flights from India.
Australia's leaders have agreed to reduce the number of flights from India. Source: AAP

1 min read

Published

Source: AAP, SBS



Skip to article content

အိန္ဒိယနိုင်ငံကနေ သြစတြေးလျနိုင်ငံကို လာရောက်သူတွေ၊ သြစတြေးလျကနေ အိန္ဒိယကို သွားမယ့် လူတွေအနေနဲ့ တင်းကြပ်မှုတွေ ပိုကြုံရမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းအတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ သုံးသိန်းကျော်ပြီးတဲ့နောက် သြစတြေးလျက အိန္ဒိယကို ကိုရိုနာဗိုင်းရပ်စ် အန္တာရာယ် များတဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လေယာဉ်တွေကို ဝင်ခွင့်လျှော့ချမယ့် ကိစ္စကို ပြည်နယ်အစိုးရနဲ့ ဒေသအစိုးရတို့က သဘောတူကြတယ်လို့ ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က ပြောပါတယ်။

အိန္ဒိယလို ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့မှု များတဲ့ နိုင်ငံကနေ သြစတြေးလျနိုင်ငံကို ဝင်လာမယ်ဆိုရင် ဝင်မလာခင် ၇၂ နာရီအတွင်းမှာ ကိုဗစ်-၁၉  ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးခံရမှာ ဖြစ်ပြီး ရောဂါမရှိမှသာ ဝင်လာခွင့်ရှိတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းအတွင်း ကိုဗစ်-၁၉  ကူးစက်ခံရသူ ၃၁၄၈၃၅ ရှိပြီး အမေရိကန်ရဲ့ စံချိန်ကိုတောင် ကျော်သွားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောဂါ ကူးစက်မှုအများဆုံးနေ့က ၂၉၇ ၄၃၀ သာ ရှိတာ ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်ခံရသူ ၁၅.၉ ၃ သန်း ရှိပြီး လူပေါင်း ၁၈၄ ၀၀၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now