SKIP TO MAIN CONTENT

မြန်မာနိုင်ငံမှာဖမ်းဆီးခံရတဲ့သြစီစုံတွဲလွတ်မြောက်လာ

မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်နဲ့ဖမ်းဆီးခံထားရတဲ့ သြစတြေးလျားနိုင်ငံသား ဇနီးမောင်နှံ ၂ဦးလွတ်မြောက်လာပြီး အမှုတစုံတရာအရေးယူခံရတာမျိုးမရှိဘဲ နိုင်ငံတွင်းကနေထွက်ခွာခွင့်ရတယ်လို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြံအဉာဏ်ပေးသူတွေဖြစ်တဲ့ သူတို့နှစ်ဦးထဲက တဦးကပြောပါတယ်။

Matthew O'Kane and Christa Avery.
Matthew O'Kane and Christa Avery.

1 min read

Published

Updated

Presented by Shah Paung

Source: AAP, SBS



Skip to article content

Christa Avery နဲ့ သူမရဲ့ခင်ပွန်း Matthew O'Kane တို့ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကနေထွက်ခွာဖို့ လေယာဉ်ပေါ်တက်ခါနီးအချိန်မှာပဲ ထွက်ခွာခွင့်မပြုပဲဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံခဲ့ရတဲ့ ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံဟာ ၀ရုန်းသုန်းကားအခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။

"အခုလိုပြန်လည်လွတ်မြောက်လာပြီး ကျမအမျိုးသားနဲ့အတူ အိမ်ပြန်ခွင့်ရမှာမို့လို့ အလွန်တရာမှ စိတ်သက်သာရာရစေပါတယ်" လို့ Ms Avery က ကြေညာချက်ထဲမှာပြောဆိုထားပါတယ်။

"ဘာအမှားမလုပ်ထားဘူးဆိုတာကိုကျမသိပေမယ့် နေအိမ်အကျယ်ချုပ်နေရတဲ့ ၂ပတ်အတွင်း အတော်လေး စိတ်သောကဖြစ်ရပါတယ်" လို့လည်း သူမကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျားနိုင်ငံသား နောက်တဦးဖြစ်တဲ့ Sean Turnell ကတော့ စစ်အာဏာသိမ်းပြီး မကြာခင်မှာအဖမ်းခံရပြီး အခုအကျဉ်းထောင်မှာနေရပါတယ်။

Sean Turnell အနေနဲ့ မြန်မြန်ဆန်ဆန်ပြန်မလွတ်လာနိုင်သေးပေမဲ့ သူ့ရဲ့စိတ်ပိုင်းရာနဲ့ စိတ်ခံစားမှုသက်သာရာရစေဖို့အတွက် အနည်းဆုံး သူ့ကိုနေအိမ်အကျယ်ချုပ်ဆီပြောင်းရွှေ့ပေးမယ်လို့ မျှော်လင့်ကြောင်းလည်း Ms Avery ကပြောပါတယ်။

အာဏာပိုင်တွေကတော့ ပါမောက္ခ Turnell ကို စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပေမယ့် ဘာအမှုနဲ့တရားစွဲထားလဲဆိုတာကို ထုတ်ဖော် ကြေညာခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ရှေ့နေကတော့ ပါမောက္ခ Turnell အနေနဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုနဲ့ ရင်ဆိုင် နေရတာဖြစ်တယ်လို့ သူ့အနေနဲ့နားလည်ထားကြောင်းပြောပေမယ့် အမှုအတိအကျဆိုတာကတော့ပြောဆိုခြင်းမရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကတော့ စစ်တပ်အာဏာသိမ်းပြီးခဲ့တဲ့ အခုချိန်ထိဖမ်းဆီးခံထားရသူ ၂၅၀၀ ကျော်ရှိသွားပြီလို့ဆိုပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now