စင်ကာပူနိုင်ငံကူးလက်မှတ် ကမ္ဘာ့အခိုင်မာဆုံးဖြစ်လာ၊ သြစီလည်း တိုးတက်မှုရှိ

Henley Passport Index ရဲ့ ဖော်ပြချက်အရ စင်ကာပူနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ဟာ ကမ္ဘာ့နိုင်ငံ အများဆုံးကို ဗီဇာမဲ့ သွားလာနိုင်ကြောင်း ပထမဆုံးအကြိမ် ပြသထားပါတယ်။

Passport

Source: SBS / SBS News

အရင်တုန်းက ဂျပန်နိုင်ငံ ပတ်စ်ပို့က ၅ နှစ်ဆက်တိုက် ကမ္ဘာ့အခိုင်မာဆုံးဖြစ်ပေမယ့် အခုဆိုရင် စင်ကာပူက နံပါတ်တစ်ဖြစ်သွားပြီး ဂျပန်က တတိယအဆင့်ကို ရောက်ရှိသွားပါတယ်။

စင်ကာပူနိုင်ငံကူးလက်မှတ်ဟာ နေရာပေါင်း ၂၂၇ ထဲမှာ ၁၉၂ နိုင်ငံကို ဗီဇာမဲ့ သွားလာနိုင်ပါတယ်။

ဒုတိယနေရမှာ ဂျာမဏီ၊ အီတလီနဲ့ စပိန်တို့ နောက်လိုက်နေပြီး နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာမဲ့ သွားလာနိုင်ပါတယ်။

ဂျပန်၊ ဩစတြီးယား၊ ဖင်လန်၊ ပြင်သစ်နဲ့ လူဇင်ဘတ်၊ တောင်ကိုရီးယားနဲ့ ဆွီဒင်တို့က အဆင့် ၃ မှာရှိပါတယ်။

ယူကေက နံပတ်လေးမှာရှိပြီး ဩစတြေးလျက အဆင် ၈ ကနေ တက်လာပြီး အဆင့် ၆ မှာ ရောက်လာပါတယ်။

အခုဆိုရင် ဩစတြေးလျ နိုင်ငံကူးလက်မှတ်က နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို ဗီဇာမဲ့ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာ သို့မဟုတ် အလည်အပတ်ဗီဇာနဲ့ သွားလာခွင့် ရှိပါတယ်။ ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတို့ကလည်း ဩစတြေးလျ ပတ်စ်ပို့နဲ့ အဆင့်တူနေပါတယ်။

အမေရိကန်က အဆင့် ၈ မှာ ရှိပြီး ၁၈၄ နိုင်ငံကို ဗီဇာမဲ့ သွားလာနိုင်ပါတယ်။

အာဖဂန်နစ္စတန်က အောက်ဆုံးအဆင့်မှာ ရှိပြီး ဗီဇာမဲ့ အဖြစ် နိုင်ငံ ၂၇ နိုင်ငံကိုသာ သွားနိုင်ပြီး အဲဒီရှေ့မှာ အီရတ် (၂၉ နိုင်ငံ)၊ ဆီးရီးယား (၃၀ နိုင်ငံ) နိုင်ငံကူးလက်မှတ်တို့ ဖြစ်ပါတယ်။

Henley Passport Index ဆိုတာ ဘာလဲ။

Henley Passport Index ဟာ International Air Transport Authority (IATA) ရဲ့ အချက်အလက်ကို ယူပြီး နေရာ ၂၂၇ နေရာဆီသွားနိုင်တဲ့ ကမ္ဘာ့နိုင်ငံကူး လက်မှတ် ၁၉၉ ခုရဲ့ ဗီဇာမဲ့ သွားလာခွင့်ကို နှိုင်းယှဥ်ထားတာ ဖြစ်ပါတယ်။

လန်ဒန်အခြေစိုက် Henley & Partners အဖွဲ့က ၁၈ နှစ်ကြာ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဗီဇာမဲ့ ထားပေးတဲ့ နိုင်ငံအများစုဟာ ကျွန်းနိုင်ငံတွေနဲ့ အာဖရိကဒေသက နိုင်ငံငယ်တွေ ဖြစ်ကြပါတယ်။

ကမ္ဘာ့နိုင်ငံ ၁၉၈ နိုင်ငံကို ဗီဇာမဲ့ ဝင်ခွင့်ပေးထားတဲ့ နိုင်ငံ ၁၂ ခုရှိပြီး အဲဒါတွေက Burundi, Comoro Islands, Djibouti, Guinea-Bissau, Maldives, Micronesia, Mozambique, Rwanda, Samoa, Seychelles, Timor-Leste နဲ့ Tuvalu နိုင်ငံတို့ ဖြစ်ကြပါတယ်။


Share

1 min read

Published

Updated

By Jessica Bahr

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now