SKIP TO MAIN CONTENT

အတိုးနှုန်း ထပ်တိုးနိုင်ပေမယ့် စီးပွားရေးကျဆင်းမှု အလားအလာနည်းတယ်လို့ ဗဟိုဘဏ် အကြီးအကဲဆို

ဩစတြေးလျနိုင်ငံ ဗဟိုဘဏ် Reserve Bank of Australia ရဲ့ ဥက္ကဌ Philip Lowe က မကြာခင် အတိုးနှုန်းက ဒီထက်မက မြင့်တက်ဦးမယ်လို့ သတိပေးထားပေမယ့် စီးပွားရေးကျပြီး ပျက်ကပ်ဆိုက်တဲ့ အခြေအနေ ရောက်ဖို့တော့ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။

The Reserve Bank of Australia's governor Phillip Lowe has made his first public appearance since the central raised the cash rate by a larger than expected 50 basis points.
The RBA's governor Phillip Lowe Source: AAP / Joel Carrett

1 min read

Published

Source: AAP, SBS


Skip to article content

ဆစ်ဒနီမြို့မှာ American Chamber of Commerce In Australia နဲ့ ဆွေးနွေးပွဲမှာ Dr Lowe က ပြောသွားတာဖြစ်ပြီး အတိုးနှုန်း ဘယ်လောက် တက်သင့်သလဲ ဆိုတာကတော့ လက်ရှိအနေအထားရဲ့ အချက်အလက်တွေကို ပိုသိရမှ ဖြစ်မယ်လို့ ပြောပါတယ်။

အခုလောလောဆယ် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းက ၀.၈၅% ဖြစ်ပါတယ်။ 

ဇူလိုင်ကြရင် ဗဟိုဘဏ်အကြီးအကဲတွေ ထပ်မံတွေ့ဆုံကြမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အတိုးနှုန်းတွေ ထပ်မြင့်ရမယ့်အနေအထားရှိတယ်ဆိုတာကို နှလုံးသွင်းထားကြဖို့ သတိပေးထားပါတယ်။ 

 

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers ကလည်း အဲလို ပြောဆိုမှုကို ထောက်ခံလိုက်ပြီး အတိုးနှုန်း ပြန်ကောင်းမလာခင် ဆိုးဝါးဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုးနှုန်းတွေ မြင့်တက်လိုက်တာဟာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းဖို့သာဖြစ်ပြီး ဒီလိုလုပ်ရပ်က စီးပွားရေး ကျဆင်းမှုကို ဖြစ်စေမယ်လို့ မထင်ဘူးလို့ ပြောပါတယ်။ 

ဒါ့အပြင် တချီတည်းမှာပဲ အတိုးနှုန်းကို ၀.၇၅% အထိ တိုးမြင့်ဖို့ လိုအပ်မဲ့အနေအထား မရှိလောက်ဘူးလို့လည်း ခန့်မှန်းထားပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အတွေ့အကြုံအရ ဘာကိုမှ တပ်အပ်မပြောနိုင်ဘူးလို့လည်း ပြောပါတယ်။  သေခြာရေရာမှု မရှိဘူးလို့

 

ဘဏ္ဏာရေးဝန်ကြီး Mr Chalmers ကလည်း စီးပွားပျက်ကပ်မှု မဖြစ်ဖို့ ဦးတည်ပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

 

ငွေကြေးဖောင်းပွဲမှုဆိုင်ရာ ခန့်မှန်းခြေတွေကို လာမယ့်လကုန်ပိုင်းကြရင် လွှတ်တော် ပြန်စတဲ့အခါမှာ တင်ပြမှု လုပ်မယ်လို့လည်း ပြောပါတယ်။ 

ငွေကြေးဖောင်းပွမှု ပြဿနာဟာ ကမ္ဘာတလွှားမှာ ဖြစ်နေတဲ့ အနေအထားနဲ့ ပြည်တွင်း အနေအထားကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဗဟိုဘဏ်က ဒီဇင်ဘာလောက်ကြရင် ငွေကြေးဖောင်းပွမှုက ၇% လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစတုန်းက ၆% လောက်ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၇% အထိ ဖြစ်နိုင်တယ်လို့ ပြောဆိုထားတာပါ။ 

ငွေကြေးဖောင်းပွမှုဟာ စီးပွားရေးကို ပျက်စီးစေသလို၊ လူတွေရဲ့ ဝယ်လိုအားကို လျှော့ချလိုက်ပြီး လူတွေရဲ့ စုဆောင်းငွေကိုလည်း တန်ဖိုးကျဆင်းစေတယ်လို့ ဗဟိုဘဏ်ဥက္ကဌက ပြောပါတယ်။ 

ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းဖို့ အတိုးနှုန်းကို ၀.၂၅% ပထမဆုံးအကြိမ် တိုးခဲ့ပြီး မကြာခင်မှာ နောက်ထပ် .၅၀% တိုးမြင့်ခဲ့ပါတယ်။ 

ဇူလိုင်လထဲမှာပဲ အတိုးနှုန်းကို နောက်ထပ် .၅၀% တိုးလာနိုင်တယ်လို့ စီးပွားရေးသမားတွေက ခန့်မှန်းထားတဲ့အတွက် အတိုးနှုန်းက ၁.၃၅% အထိ ဖြစ်လာနိုင်ပါတယ်။ 

 

ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းမြင့်တက်မှုကို ကြည့်ရင် အားရစရာ မရှိပေမယ့် အလုပ်လက်မဲ့မှုက နိမ့်ကျနေဆဲဖြစ်ပြီး မေလတုန်းက အလုပ်လက်မဲ့မှုက ၃.၉% သာ ရှိတဲ့အတွက် စိတ်သက်သာမှု ရစေတဲ့အရာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကုန်စျေးနှုန်းစျေးတွေ မတန်တဆတိုးမြင့်လာလို့ လုပ်အားခလစာတွေ မကာမိသလို ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။ 

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now