SKIP TO MAIN CONTENT

ဆောင်းရာသီမှာ ကိုဗစ်၊ တုတ်ကွေးနဲ့ တခြားဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်း

ဒီနှစ် ဆောင်းရာသီအတွင်းမှာ ဗိုင်းရပ်စ် တစ်မျိုးထက်မက ကူးစက်နိုင်ဖွယ်ရှိတဲ့အတွက် ကလေးငယ်တွေ၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တုတ်ကွေးရောဂါကာကွယ်ဆေးတွေ ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

Australia currently recognises only two overseas vaccines - Covishield (AstraZeneca/Serum Institute of India) and Coronavac (Sinovac) - for travel purposes.
Australia currently recognises only two overseas vaccines - Covishield (AstraZeneca/Serum Institute of India) and Coronavac (Sinovac) - for travel purposes. Source: AAP, EPA / AAP Image/EPA/JAGADEESH NV

2 min read

Published

By AAP-SBS

Source: SBS


Skip to article content

ဆောင်းရာသီကာလအတွက် ကျန်းမာရေးဆိုင်ရာ ဟောကိန်းထုတ်ရတာ ခက်ခဲပေမယ့် ကျန်းမာရေးအာဏာပိုင်တွေက ဒီနှစ်မှာ တုတ်ကွေးရောဂါ စောစောစီးစီးဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတဲ့အကြောင်း နယူးဆောက်သ်ဝေးလ်ပြည်နယ် ကျန်းမာရေးအရာရှိချုပ် ကယ်ရီချန့် က ပြောပါတယ်။

Bupa ကျန်းမာရေး အာမခံကတော့ ဒီနှစ်မှာ သုံးထပ်ကွမ်း ကပ်ရောဂါ triple pandemic ဖြစ်နိုင်တယ်လို့တောင် သတိပေးပြောဆိုထားပါတယ်။

ကမ္ဘာ့မြောက်ပိုင်း ဒေသရဲ့ ပုံစံအရ ဩစတြေးလျနိုင်ငံမှာ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါ စောစောစီးစီး ရောက်လာဖို့ရှိပြီး အရင်နှစ်ကထက် ပိုဆိုးမှာဖြစ်ပြီး ဆေးရုံတက်ရတဲ့နှုန်း ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းဖို့ အင်မတန် ခက်ခဲပေမယ့် တုတ်ကွေးရာသီ စောစောစီးစီး စတင်နိုင်သလို ရှည်လျားနိုင်တယ်လို့ ဒေါက်တာ ချန့်က ပြောပါတယ်။

တုတ်ကွေးရောဂါနဲ့အတူ ကိုဗစ်-၁၉ ရောဂါနဲ့ respiratory syncytial virus (RSV) လည်း ဒီဆောင်းရာသီမှာ ပျံ့နှံ့နိုင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ သတင်းပတ်တွေအတွင်း ကိုဗစ် -၁၉ ကြောင့် ဆေးရုံတက်ရတဲ့လူတွေ တိုးမြင့်လာပြီး အထူးသဖြင့် သက်ကြီးတွေနဲ့ ရောဂါအခံ ရှိသူတွေအကြား ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ လူပေါင်း ၁၀၀၀ လောက် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတင်ထားရပြီး ၂၀ က အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

ဩစတြေးလျနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေအတွက် တုတ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးသလို ဌာနေတိုင်းရင်းသားတွေ၊ ကိုယ်ဝန်သည်အမျိုးသမီးတွေ၊ ရင်ကြပ်သူတွေနဲ့ နာတာရှည်ရောဂါရှိသူနဲ့ အသက် ၆၅ ကျော်သူတွေကိုလည်း အခမဲ့ ထိုးပေးပါတယ်။

အဲဒီလူတွေဟာ တုတ်ကွေးရောဂါရန်အတွက် အစိုးရိမ်ရဆုံး လူတွေ ဖြစ်ကြတယ်လို့

Australian Medical Association က ပြောပါတယ်။

တုတ်ကွေးကာကွယ်ဆေးတွေကို မိမိရဲ့ မိသားစု ဆရာဝန်ရဲ့ ဆေးခန်းမှာ ရနိုင်သလို အသက် ၅ နှစ်ကျော်သူတွေအတွက် ဆေးဆိုင်တွေမှာလည်း ထိုးနိုင်ပါတယ်။

ဒီနှစ်အတွင်း ဩစတြေးလျနိုင်ငံမှာ တုတ်ကွေးရောဂါ ကူးစက်ခံရသူ ၂၁၀၀၀ ကျော်ရှိနေပြီး ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနဲ့ ယှဥ်ရင် အဆမတန်များပြားနေတာ ဖြစ်ပါတယ်။

လူတွေက ခရီးသွားလာမှု ပိုလုပ်ကြသလို တချိန်တည်းမှာပဲ နှာခေါင်းစည်းတပ်တာတွေ၊ လက်ပုံမှန် ဆေးကြောတာမျိုးတွေ အရင်လို မလုပ်ကြတော့တဲ့အတွက်လည်း တုတ်ကွေးရောဂါကို ပိုမို ပျံ့နှံ့စေတဲ့အထဲ ပါဝင်တယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ဒီနှစ် တုတ်ကွေးရာသီဟာ အရင်နှစ်ထက် ပိုအဖြစ်များတာကို တွေ့ရပါတယ်။

အဲဒီလို တုတ်ကွေးရာသီမျိုးကို ဩစတြေးလျမှာလည်း ခံစားရနိုင်တယ်လို့ Bupa ကျန်းမာရေးအာမခံရဲ့ ကျန်းမာရေးအရာရှိချုပ် Tony MacDermott က ပြောပါတယ်။

NSW ပြည်နယ်ဝန်ကြီးချုပ် Chris Minns က မိမိကိုယ်ကိုနဲ့ မိမိရဲ့ မိသားစုဝင်တွေနဲ့ ကျန်းမာရေးစနစ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတွေ ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

အရင်နှစ်တုန်းက နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ လူဦးရေ ၄၀% က တုတ်ကွေးရောဂါ ကာကွယ်ဆေး ထိုးကြပေမယ့် ဒီနှစ်မှာ လူဦးရေ ၅၀% ထိုးကြဖို့ မျှော်လင့်ထားပါတယ်။

ဩစတြေးလျနိုင်ငံက အသက်ပြည့်သူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ booster shot တွေကို အခမဲ့ ထိုးနိုင်ပြီး နောက်ဆုံးအကြိမ်ထိုးတာ လွန်ခဲ့တဲ့ ၆ လ ရှိသွားသူတွေ ဒါမှမဟုတ် ကိုဗစ် ရောဂါ ကူးစက်ခံရတာ ၆ လ ကျော်သွားသူတွေ ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

အသက် ၆ လ ထက် ငယ်ရွယ်တဲ့ ကလေးတွေအနေနဲ့ တုတ်ကွေးရောဂါ ကာကွယ်ဆေး ထိုးခွင့်မရှိပါဘူး။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now