SKIP TO MAIN CONTENT

ပုံမှန် ပြည်ပမှာနေထိုင်တဲ့သြစီတွေအနေနဲ့ အိမ်ပြန်လာမယ်ဆိုရင် အစိုးရထံခွင့်ပြုချက်တောင်းရမယ်

ဒါဟာ နောက်ဆုံး သတ်မှတ်တဲ့ သြစတြေးလျားနိုင်ငံရဲ့အပြင်းထန်ဆုံး နိုင်ငံတကာနယ်စပ် စည်းကမ်းချက်တွေဖြစ်ပါတယ်။

Opposition alleges Pfizer shortage happened due to Australian government policies
Health Minister Greg Hunt Source: AAP

1 min read

Published

By Tom Stayner

Presented by Shah Paung



Skip to article content

ပုံမှန်အနေနဲ့ ပြည်ပတွေမှာသာ နေထိုင်ကြတဲ့ သြစတြေးလျားနိုင်ငံသားတွေဟာ အခုဆိုရင် ဗဟိုအစိုးရခွင့်ပြုချက်မရပဲနဲ့ နိုင်ငံထဲပြန်ဝင်ဖို့ တားမြစ်ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။

ပြည်ပကိုခရီးသွားကြတဲ့ သြစတြေးလျားနိုင်ငံသားတွေနဲ့ သြစတြေးလျားန်ိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေကိုချွင်းချက်ပေးထားတဲ့ အလိုအလျောက်ပြန်ဝင်လာနိုင်တဲ့စည်းကမ်းချက်ကို ဒီအခုနောက်ဆုံး သတ်မှတ်တဲ့ သြစတြေးလျားနိုင်ငံရဲ့အပြင်းထန်ဆုံး နိုင်ငံတကာနယ်စပ်စည်းကမ်းချက်တွေထဲမှာ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ အမိန့်ထုတ်ပြန်ချက် အရေးအပေါ်အခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး သြဂုတ်လ ၁၁ရက်နေ့မှာစတင်သက်ဝင်မယ့် အခုခရီးသွားလာခွင့်စည်းကမ်းသတ်မှတ်ချက်ကို ကြာဿပတေးနေ့နှောင်းပိုင်းတုန်းက ပါလီမန်အတွင်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြရတာဖြစ်ပါတယ်။

အခုချိန်အထိတော့ ပုံမှန်အားဖြင့် ပြည်ပမှာသာနေထိုင်ကြတဲ့ သြစတြေးလျားနိုင်ငံသားတွေအနေနဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် ပြည်ကိုထွက်ခွာခွင့်ရပါတယ်။

လူတဦးတယောက်ဟာ သြစတြေးလျားပိုင်နက်အပြင်ဘက်ဆီ ခရီးသွားရမယ့် အကြောင်းအရင်းတွေကို သြစတြေးလျား နယ်ခြားစောင့်တပ်ဖွဲ့ဆီ ရှင်းပြရမယ်လို့ အစိုးရကရှင်းပြထားတဲ့ ကြညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တချို့လူတွေဟာ နိုင်ငံတခုနဲ့တခုအကြား မကြာခန ခရီးသွားနေကြတာကြောင့် ဖြစ်လာနိုင်တဲ့စိုးရိမ်ချက်တွေကိုလျော့ချနိုင်ဖို့ အခုလို စည်းကမ်းတင်းကျပ်လိုက်တာဖြစ်ပါတယ်။

ကမာ္ဘအနှံ့ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက သြစတြေးလျားနိုင်ငံဟာ မိမိရဲ့နိုင်ငံသားတွေ၊ ယာယီနေထိုင်ခွင့်ဗီဇာက်ိုင်ဆောင်သူတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေရဲ့ ပြည်တွင်း ပြည်ပခရီးသွားလာခွင့်တွေကို စည်းကမ်းချက်တွေချမှတ်ထားတာ ဖြစ်ပါတယ်။

မကြာခင်ကပဲ အစိုးရကက်ဘိနက်အဖွဲ့က သြစတြေးလျားနိုင်ငံသားတွေကို တပတ်မှာ အယောက် ၃၀၀၀ ဝန်းကျင်လောက် ပြည်တွင်းပြန်ဝင်ခွင့်ပြုဖို့ သဘောတူခဲ့တာကြောင့် နိုင်ငံခြားမှာ သောင်တင်နေကြတဲ့ သူတွေအနေနဲ့ အိမ်ပြန်လာနိုင်ဖို့ အတော်လေးခက်ခဲ နေကြပါတယ်။

အခုလောလောဆယ် သြစတြေးလျားနိုင်ငံထဲကို ပြန်ဝင်လာနိုင်ဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ သြစတြေးလျားနိုင်ငံသား ၃၅၀၀၀ ရှိပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now