ဩစီမှာ နေထိုင်စရိတ်တွေ တိုးမြင့်လာနေပါတယ်၊ အရာအားလုံးက ဘာကြောင့်စျေးများနေရသလဲ။

ဩစတြေးလျနိုင်ငံမှာ နေ့စဥ်သုံး အရာတွေအတွက် ပိုပေးရနိုင်တယ်ဆိုပြီး သတိပေးမှု လုပ်နေကြပါတယ်။ ဘာဖြစ်လို့ အဲလို ဖြစ်နေရသလဲ၊ အခြေအနေပြန်ကောင်းလာနိုင်မလား။

Consumer Pulse Report predicts groceries, petrol and rent would be main concern for Aussie families in 2022

Source: Getty

ဩစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားမှာ နေစရိတ် စားစရိတ်တွေ ထိုးတက်နေပါတယ်။  
ဆီစျေး၊ ကုန်စုံစျေးနဲ့ လေယာဥ်နဲ့သွားလာရေးတွေမှာလည်း စျေးတွေထိုးတက်နေတဲ့အတွက် ကပ်ရောဂါစတင်တဲ့ ၂၀၂၀ ခုနှစ်ထက်တောင် ပိုဆိုးနေသလို ဖြစ်ပါတယ်။ 
ဩစတြေးလျမှာ တောမီးလောင်မှု၊ ကိုဗစ်-၁၉၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုစတဲ့ ကပ်ဆိုးတွေကို ကြုံရတုန်းမှာပဲ ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။ 

အစစ အရာရာ ဘာကြောင့် စျေးခေါင်ခိုက်နေရသလဲ။


အရိုးရှင်းဆုံး အဖြေကတော့ ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။
 
Consumer Price Index (CPI) ရဲ့ အချက်အလက်အရ ဩစတြေးလျနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၁၂ လအတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာအထိ ၃.၅% တိုးမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 
 
AMP Capital ရဲ့ စီးပွားရေးအကြီးအကဲဖြစ်သူ Shane Oliver က ကိုဗစ်နဲ့ဆက်စပ်တဲ့ တင်းကြပ်မှုကနေ ငွေကြေးဖောင်းပွမှုဖြစ်စေတယ်လို့ ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ၀န်ဆောင်မှုတွေမှာ အသုံးပြုခွင့်မရတဲ့အတွက် လူတွေဟာ ကုန်ပစ္စည်းတွေကို ၀ယ်ယူမှုလုပ်ခဲ့ကြရပြီး အဲဒီအချိန်တုန်းက ကုန်ပစ္စည်း စျေးတွေမြင့်တက်ချိန် ဖြစ်ပါတယ်။
အခု ရုရှားက ယူကရိန်းနိုင်ငံကို ၀င်ရောက်ကျူးကျော်ချိန်ကစပြီး အခြေအနေပိုဆိုးလာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လောင်စာဆီ ထုတ်လုပ်မှုနည်းသွားပြီး ၀ယ်လိုအားနဲ့ ရောင်းလိုအား မမျှတမှု ဖြစ်စေတယ်လို့ ပြောပါတယ်။ 
နေ့စဥ်တုန်း ပစ္စည်းစျေးတွေသာ သိသိသာသာ ပိုများလာတာဖြစ်ပေမယ် ဆံပင်ညပ်ခ၊ စားသောက်ဆိုင်ထိုင်ခတွေက စျေးသိပ်မြင့်တက်လာမှုမရှိဘူးလို့ ပြောပါတယ်။ 


စားသောက်ကုန် 

နေအိမ်အတွက် ပေးရတဲ့စရိတ်ပြီးရင် အစားအသောက်အတွက်နဲ့ အရက်သေစာမဟုတ်တဲ့ သောက်ကုန်တွေဟာ ကုန်ကျစရိတ်ဒုတိယအများဆုံးဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာနရဲ့ ၂၀၁၅-၁၆ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 
ထိခိုက်မှုအများဆုံးကတော့ အမဲသားထုတ်လုပ်ရေးနဲ့ သိုးသားထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ပြီး Bega Cheese လုပ်ငန်းရဲ့ဥက္ကဌ Barry Irvin က နိုးထွက်ပစ္စည်းတွေလည်း စျေးတက်နိုင်တယ်လို့ သတိပေးထားပါတယ်။ 
 

 


စျေးနှုန်းတွေက အချိန်တိုအတွင်း ကျလာမယ့်အနေအထားလည်းမရှိပါဘူး။ 

Woolworths Group ရဲ့ စီအီးအို Brad Banducci ဆူပါမတ်ကက်ပေါ်က ပစ္စည်းတွေရဲ့ စျေးက ၃% အထိ မြင့်တက်လာနေတယ်လို့ ပြောပါတယ်။ SPC စားသောက်ကုန်ထုတ်လုပ်ရေးကလည်း ဗူးသွတ်အစားအသောက်တွေကို ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်များလွန်းတဲ့အတွက် စျေးတင်မှ ရတော့မယ်လို့ သတိပေးပြောဆိုထားပါတယ်။


ကော်ဖီ

ဩစတြေးလျနိုင်ငံသားတချို့အနေနဲ့ ဒီနှစ်ကုန်လောက်ကစပြီး သာမာန် ကော်ဖီတခွက်ကို ၇ ဒေါ်လာအထိ ပေးဆောင်ရနိုင်တယ်လို့ Café Owners and Baristas Association Of Australia အဖွဲ့ရဲ့အကြီးအကဲ David Parnhamက ပြောပါတယ်။

ကမ္ဘာတလွှားမှာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်မားမှု၊ သဘောကုန်တင်သတ္တာမလုံလောက်မှုနဲ့ ရာသီဥတုအခြေအနေတွေကြောင့် ကော်ဖီတွေ ကောင်းမွန်စွာမထုတ်လုပ်နိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။ 


 
ဆီ Petrol 

ဩစတြေးလျနိုင်ငံမှာ အရင်သတင်းပတ်တွေကစပြီး ဆီစျေးနှုန်းက တစ်လီတာကို ၂ ဒေါ်လာအထက်မှာ ရှိနေပါတယ်။ 
အရင်တစ်ပတ်က ဆီစျေးတွေဟာ ၁၄.၉% မြင့်တက်သွားတယ်လို့ The Australian Institute of Petroleum က ပြောပါတယ်။
ရေနံဆီစိမ်းရဲ့စျေးက ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဒီထက်မက စျေးတက်နိုင်သေးတယ်လို့လည်း သတိပေးထားပါတယ်။

ဒီလိုဖြစ်ရတာဟာ ရေနံတင်ပို့မှု တတိယအကြီးမားဆုံးဖြစ်တဲ့ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ 
 



ဩစတြေးလျမှာ ဘဏ္ဏာရေး၀န်ကြီး Josh Frydenberg ကနေ ဆီစျေးသက်သာအောင်လုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။
ဒါပေမယ့် Deloitte Access Economics အဖွဲ့က ပညာရှင် Chris Richardson ကတော့ ဒီလိုလုပ်ရပ်တွေက ဆီစျေးဖောင်းပွဲမှု ပိုဖြစ်စေနိုင်ပြီး ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အချိန်စောပြီး တိုးမြင့်တာမျိုး လုပ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
 




ဆီစျေးတွေမြင့်တက်ရင် လေယာဥ်ပျံသန်းခတွေလည်း မြင့်တက်မှာ ဖြစ်ပါတယ်။

 

စျေးနှန်းတွေက ပြန်ကျလာနိုင်မလား။


TMX Global ရဲ့ အကြီးအကဲ Marcus Carmont ကတော့ သယ်ယူပို့ဆောင်ရေးစရိတ်၊ နိုင်ငံတကာစရိတ်နဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်မားမှုကြောင့်  စျေးနှုန်းတွေက ကျလာမယ့်အနေအထားမရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို တခြားနိုင်ငံက ပိုခံစားနေရပြီး ဩစတြေးလျမှာ အပြည့်အ၀ခံစားဖို့ လနဲ့ချီ ကြာဦးမယ်လို့ တချို့က ပြောပါတယ်။ 
ဒီလိုဒဏ်ကို အပြည့်အ၀မခံစားရခင် အမြန်ပြီးဆုံးသွားရင် ကောင်းမယ်လို့လည်း ပြောဆိုကြပါတယ်။


အဲဒါတွေအတွက် အစိုးရက ဘာလုပ်ပေးမလဲ။


၀န်ကြီးချုပ် Scott Morrison က နေ့စဥ်အသုံးစရိတ်မြင့်တက်မှုကြောင့် ပြည်သူတွေရတက်မအေးမှု ဖြစ်နေရတယ်ဆိုတာကို သူ့အနေနဲ့ သိနားလည်ကြောင်းပြောပါတယ်။
ဒါကြောင့်အစိုးရရဲ့ ဘတ်ဂျက်မှာ အဲဒီအချက်တွေကို ထည့်တွက်ပေးဖို့ လုပ်ဆောင်မှာ ဖြစ်သလို စီးပွားရေးဆက်လက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မတ်လ ၂၉ ရက် ဘတ်ဂျက်ညကြရင် သြစတြေးလျံတွေ ၀န်ထုတ်ပေါ့စေအောင် ဆောင်ရွက်ပေးမယ်လို့လည်း ဘဏ္ဏရေး၀န်ကြီးက ပြောပါတယ်။ 

လစာတွေတိုးမြင့်ဖို့လို


ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် တခြားလူတွေထက် ဒုက္ခရောက်ရတဲ့လူတွေအတွက် အစိုးရအနေနဲ့ ပေါ်လစီတွေချမှတ်လုပ်ကိုင်သင့်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
ကုန်စျေးနှုန်းကို လိုက်မှီအောင် လုပ်အားခလစာ တိုးပေးတာမျိုးလည်း လုပ်သင့်ပြီး အဲလိုမှမလုပ်ရင် လူနေထိုင်မှုအဆင့်အတန် ကျဆင်းသွားနိုင်တယ်လို့ ပြောပါတယ်။


With AAP.
 


Share

Published


Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service