SKIP TO MAIN CONTENT

AstraZeneca နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ ATAGI က ပြန်လည်သုံးသပ်

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဖဒရယ်အစိုးရကိုအကြံပေးတဲ့ ATAGI အဖွဲ့က AstraZeneca ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အကြံပြုချက်ကို ပြန်လည်သုံးသပ်ဖို့ အစည်းအဝေးတရပ်ကျင်းခဲ့ပါတယ်။

astrazeneca.jpg

1 min read

Published

Updated

Presented by Shah Paung

Source: SBS News



Skip to article content

Australian Technical Avisory Group on Immunisation (ATAGI) က AstraZeneca ကာကွယ်ဆေးတိုးဖို့ အာမခံချက်ပေးတဲ့ အသက်အရွယ်ကို လျော့ချသင့်မသင့် အပါအဝင် ဒီကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဒီကနေ့ တနင်္လာနေ့ ညနေပိုင်းမှာပဲ အစည်းအဝေးတရပ်ကျင်းပခဲ့ပါတယ်။

ကာကွယ်ဆေးဆိုင်ရာကျွမ်းကျင်အဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ AstraZeneca ကာကွယ်ဆေးကို အသက်အရွယ်ကြီးတဲ့ အသက် ၆၀အထက်တွေကိုပဲ ထိုးပေးဖို့အာမခံချက်ပေးထားတာဖြစ်ပါတယ်။

AstraZeneca နဲ့ပတ်သက်တဲ့ သူတို့ရဲ့ အကြံပြုချက်တွေအပြင် ကာကွယ်ပစ္စည်းတွေနဲ့ ဆရာဝန်တွေအတွက်အကြံပြုချက် အချက်အလက်အသစ်တွေကို သုံးသပ် လုပ်ဆောင်နေတယ်လို့ TAGI အဖွဲ့ရဲ့ကြေညာချက်ထဲမှာဖော်ပြထား ပါတယ်။

ဒါ့အပြင်ပထမအကြိမ် AstraZeneca ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ်အတွက် ထိုးဖို့ သူတို့အာမခံချက်ပေးထားတဲ့ စောင့်ဆိုင်းရတဲ့ ကြာမြင့်ချိန်ကိုလည်း ကာကွယ်ဆေးဆိုင်ရာအကြုံပြုအဖွဲ့နေနဲ့ ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။

အကြာသေးခင်အချိန်အထိကတော့ ပထမအကြိမ် AstraZeneca ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ်အတွက် ထိုးဖို့ သူတို့အာမခံချက်ပေးထားတဲ့ စောင့်ဆိုင်းရတဲ့ ကြာမြင့်ချိန်က ၁၂ပတ်ခြားရမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်တုန်းက ဆစ်ဒနီမှာ ရောဂါကူးစက်သူဦးရေတိုးလာနေချိန်အတွင်း ကာကွယ်တားဆီးမှုတွေတိုးမြင့်လုပ်ဆောင်နိုင်ဖို့အတွက် NSW ကျန်းမာရေးဌာနအကြီးအကဲ Kerry Chant က ဒုတိယအကြိမ် AstraZeneca ထိုးလို့ရတဲ့သူတွေကို ပထမအကြိမ်ထိုးထားတာနဲ့ ၆ပတ်ခြားအတွင်းမှာသာ ပြန်လည်ထိုးကြဖို့တိုက်တွန်းခဲ့ပါတယ်။

ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေ ကျယ်ပြန့်လုပ်ဆောင်တဲ့နေနဲ့ ဆေးဝါးအရောင်းဆိုင်တွေအပါအဝင် NSW ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးဖို့ နေရာသုံးနေရာ တိုးချဲ့ပေးတာကြောင့် သက်ကြီးစောင့်ရှောက်တဲ့နေရာတွေမှာ နေထိုင်သူ အသက် ၄၀ နဲ့ ၆၀ အကြားတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့အတွက် ရက်ချိန်းနေရာ ကြိုတင်ယူထားကြဖို့ ဒီကနေ့အစောပိုင်းကပဲ NSW ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က တိုက်တွန်းထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now