SKIP TO MAIN CONTENT

သြစီမှာ ၁၂ တန်းကျောင်းပြီးတဲ့ ကျောင်းသားဦးရေ ကျဆင်းနေ

သြစတြေးလျနိုင်ငံမှာ ပျှမ်းမျှအားဖြင့် ၁၂ တန်းကျောင်းပြီးတဲ့ ကျောင်းသားဦးရေ အယောက် ၁၀၀ ၀၀၀ (တစ်သိန်း) လောက် ကျဆင်းနေတယ်လို့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။

Year 12 students following their first HSC exam at Sydney Secondary College in Sydney, Tuesday, November 9, 2021.
Year 12 students following their first HSC exam at Sydney Secondary College in Sydney in 2021. Source: AAP

2 min read

Published

Source: AAP, SBS



Skip to article content

Productivity Commission ကနေ childcare and education services အစီရင်ခံစာကို နှစ်စဉ် ရေးသားထုတ်ဝေတာဖြစ်ပြီး ဒီနှစ်အတွက် အစီရင်ခံစာကို ဒီနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်အတွင်း သြစတြေးလျ တခွင်မှာ ၁၂ တန်းကျောင်းပြီးတဲ့ ကျောင်းသူ၊ ကျောင်းသား ဦးရေက ခါတိုင်းနဲ့ယှဉ်ရင် အယောက် ၁၁၀ ၀၀၀ လောက် ပိုနည်းပါးတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကျောင်းပုံမှန် မတက်နိုင်ခဲ့တာနဲ့လည်း တိုက်ဆိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက ၁၂ တန်းကျောင်းပြီးတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်က ၁.၉ သန်းကနေ အရင်နှစ်က ၁.၇၉ ရှိခဲ့ပါတယ်။ အရင်တုန်းက အဲဒီလောက်အထိ ၁၂ တန်းအောင်မှု ကျဆင်းရတာဟာ ၂၀၁၇ ကဖြစ်ပြီး အဲဒီတုန်းက ၁.၈ သန်း ရှိခဲ့ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်း ၁၂ တန်း အောင်မြင်သူ ဦးရေအနည်းဆုံးဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ယှဉ်ရင် ၁၂ တန်းကျောင်းသား ၅၆ ၁၀၀ ဦး ကျောင်းမပြီးခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒုတိယအဆိုးဆုံးက နယူးဆောက်သ်ဝေးလ် ပြည်နယ်ဖြစ်ပြီး အယောက်ပေါင်း ၃၄ ၇၀၀ ဦးပိုနည်းပြီး Western Australia ပြည်နယ်မှာ ၁၈ ၇၀၀ ဦး ပိုနည်းသွားတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ကလေးထိန်းကျောင်းလခတွေ ပိုကြီးလာပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကလေးထိန်းလုပ်ငန်းတွေ ထိခိုက်နစ်နာရပြီးနောက် အစိုးရကလည်း အများကြီး နစ်နာကြေးတွေ ပေးခဲ့ရပါတယ်။

တစ်နိုင်ငံလုံးရဲ့ ပျှမ်းမျှ ကလေးထိန်းခက (တစ်ပတ်မှာ နာရီ ၅၀ စာ) ၁၀ ဒေါ်လာလောက် ပိုမြင့်တက်လာတဲ့အတွက် ၂၀၂၀ တုန်းက တစ်ပတ်စာ ကလေးထိန်းခက ၅၃၀ ဒေါ်လာဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်မှာ ၅၄၀ ဒေါ်လာ ကုန်ကျခံကြရတာ ဖြစ်ပါတယ်။

တက်စ်မေးနီးယားပြည်နယ်မှာ ကလေးထိန်းခ အမြင့်ဆုံးဖြစ်ပြီး တစ်ပတ်မှာ ၂၄ ဒေါ်လာ ပိုများပြီး ကွင်းစလန်းပြည်နယ်မှာ ၁၆ ဒေါ်လာ ပိုများသလို South Australia တစ်ပတ်မှာ ၁၅ ဒေါ်လာ ပိုများလာတယ်လို့ ပြသထားပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ပျှမ်းမျှအရ တစ်ပတ်စာ ကလေးထိန်းခက ၈ ဒေါ်လာသာ ပိုများပေမယ့် Tasmania မှာ တစ်ပတ်ကို ၃၂ ဒေါ်လာ ပိုပေးရပြီး ACT ၂၆ ဒေါ်လာ ပိုသက်သာခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ Victoria နဲ့ Northern Territory မှာ လွန်ခဲ့တဲ့ ဘဏ္ဏာရေးနှစ် ၂ နှစ်အတွင်း ကလေးထိန်းခ အများဆုံးဖြစ်ခဲ့ပြီး ကလေးတစ်ယောက်အတွက် ၂၃၂၁ ဒေါ်လာနဲ့ ၁၈၅၉ ဒေါ်လာ အသီးသီး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးထိန်းဌာနမှာ လွန်ခဲ့တဲ့ နှစ် နှစ်အတွင်း ဒဏ်ရာရမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ ဖျားနာမှုတွေ တောက်လျှောက် မြင့်မားခဲ့ပေမယ့် Northern Territory မှာ အနည်းဆုံးဖြစ်ခဲ့ပြီး NSW အခင်းပေါင်း ၁၇၁၉ ခုလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now