SKIP TO MAIN CONTENT

Pfizer ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သြဂုတ်လနောက်ပိုင်း ပေါပေါသီသီရဖို့ ရည်ရွယ်

သြစတြေးလျနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဖြန့်ဖြူးသယ်ဆောင်ရာမှာ တာဝန်ရှိသူ စစ်ဗိုလ်ချုပ် John Frewen ရဲ့အဆိုအရ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ်လလောက်က စပြီး များများစားစား ရရှိနိုင်အောင် လုပ်ဆောင်နိုင်မယ့် အနေအထားရှိတယ်လို့ ပြောပါတယ်။

A South Australian man develops blood clots linked to the AstraZeneca vaccine
Source: EPA

2 min read

Published

Source: AAP, SBS



Skip to article content

အခုလောလောဆယ် အဲဒီဆေးက အကန့်အသတ်နဲ့သာ ရှိနေသေးပေမယ့် သြဂုတ်လ၊ စက်တင်ဘာနဲ့ အောက်တိုဘာလလောက်ကြရင် အတော်များများ ရရှိအောင် လုပ်ဆောင်နိုင်မယ်လို့ ခန့်မှန်းကြောင်း သူက ပြောပါတယ်။

ပြည်နယ်လူဦးရေအပေါ် မူတည်ပြီး ဆေးတွေကို အချိုးအစားအလိုက် ပံ့ပိုးပေးသွားမယ်လို့ ပြောဆိုတဲ့အပေါ် စိတ်သက်သာရာ ရမိတယ်လို့ NSW ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေး ဖြန့်ချီရာမှာ GP ကွန်ယက်တွေ ပါလာအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တချို့ GP ဆရာဝန်တွေက ကာကွယ်ဆေး ထိုးပေးရာမှာ ဒီထက်မက ပါဝင်ချင်ကြပြီး Pfizer ကာကွယ်ဆေး များများစားစား ရလာတဲ့အခါမှာ သူတို့ပါ ပါဝင်နိုင်အောင် လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် GP ဆရာဝန်ဆေးခန်းတွေမှာ AstraZeneca ကာကွယ်ဆေးကိုသာ ထိုးပေးခွင့်ရတာ ဖြစ်ပါတယ်။

NSW အစိုးရက Pfizer ကာကွယ်ဆေး နောက်ထပ် ၅၀ ၀၀၀ ကို မျှပေးဖို့ တောင်းဆိုတာ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမတိုင်ခင် ကတည်းက ရရှိထားတယ်လို့ သိရပါတယ်။

ဇူလိုင်လကုန်ကြရင် ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်း ၁၃၆ ခု၊ အာဘော်ရီဂျင်နာ ကျန်းမာရေးဌာန ၄၀ နဲ့ GP ဆရာဝန် ၁၃၀၀ တို့ Pfizer ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကုန်ကြရင် သြစတြေးလျံအားလုံးကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဗိုလ်ချုပ် Frewen က ပြောပါတယ်။

Australian Medical Association ဒုဥက္ကဌ Chris Moy က AstraZeneca ကာကွယ်ဆေးကို အသက် ၆၀ အထက် ရှိသူတွေသာ ထိုးသင့်တယ်ဆိုတဲ့ အကြံပြုချက် ထွက်လာပြီးတဲ့နောက် လူတွေအများအပြား ကာကွယ်ဆေးထိုးဖို့ ဘွတ်ကင်ဖျက်လိုက်ကြတဲ့အပေါ် စိုးရိမ်မကင်းမှု ဖြစ်ရတယ်လို့ ပြောပါတယ်။

အခုဆိုရင် အသက် ၄၀ ကနေ ၆၀ အောက် လူတွေကို Pfizer ကာကွယ်ဆေးထိုးဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

ဆေးဖက်ဆိုင်ရာ အရာရှိချုပ် Paul Kelly က AstraZeneca ကာကွယ်ဆေး ပထမတစ်ချောင်း ထိုးပြီးသားလူတွေအနေနဲ့ ဒုတိယအချောင်းကို ဆက်ထိုးသင့်ပြီး တခြားဆေးနဲ့ မရောသင့်ဘူးလို့ ပြောပါတယ်။

အရင်တစ်ပတ်စာရင်းအရ AstraZeneca ကာကွယ်ဆေး ပထမတစ်ချောင်းထိုးသူ ၉ ၈% က ဒုတိယတစ်ချောင်းပါ ထိုးနေကြတဲ့အတွက် အဲဒီအပေါ် ကျေနပ်အားရနေကြပါတယ်။

သြစတြေးလျနိုင်ငံမှာ အရင်တစ်ပတ်အတွင်း ကာကွယ်ဆေးထိုးသူ ၁.၂၁ သန်း ရှိပြီး အခုဆိုရင် လူပေါင်း ၆.၅၉ ဦးလောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသွားပြီ ဖြစ်ပါတယ်။

လူဘယ်နှစ်ဦးက နှစ်ချောင်းစလုံးကို ထိုးပြီးသွားပြီလဲ ဆိုတာကိုလည်း မကြာခင် ထုတ်ပြန်ပေးဖို့ ရှိပါတယ်။

အခုလောလောဆယ် လူတွေ ကာကွယ်ဆေးထိုးစေမယ့် ကြော်ငြာ အသစ်တွေနဲ့ ထပ်ကြော်ငြာမှုလုပ်ဖို့ ကမ်ပိန်း စီစဉ်နေပြီ ဖြစ်ပါတယ်။

NSW ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြည်တွင်းမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂ ဦးတိုးလာပြီး စုစုပေါင်း ၁၁ ဦး ရှိသွားပြီဖြစ်ပြီး ပြည်ပကနေ ပြန်လာလို့ ဟိုတယ်ကွာရန်တင်းဝင်သူ ၅ ဦးလည်း ကူးစက်ခံနေရပါတယ်။

မဲလ်ဘုန်းမြို့မှာတော့ ပြည်တွင်း ကူးစက်သူ ၁ ဦးနဲ့ ဟိုတယ်ကွာရန်တင်းဝင်နေသူ ၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရဆဲ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်ကလည်း မကြာသေးခင်ကမှ ပြည်ပခရီးစဉ်ကနေ ပြန်လာတဲ့အတွက် ကွာရန်တင်း ဝင်နေရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now