Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဒီဘတ်ဂျက်ညအတွက် လောလောဆယ် သိရသမျှ

ဩစတြေးလျနိုင်ငံ ဘဏ္ဏရေး ၀န်ကြီးက ဒီအင်္ဂါညကြရင် ၂၀၂၂-၂၀၁၃ ခုနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

PM Scott Morrison and Federal Treasurer Josh Frydenberg for Budget 2022

Source: AAP

ဘတ်ဂျက်ကြေညာတဲ့အခါမှာ အကျိုးအမြတ် ရရှိသူတွေရှိသလို နစ်နာဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ ဒီည ဘတ်ဂျက် မကြေညာခင်မှာ သိရသလောက် တင်ပြပေးမှာ ဖြစ်ပါတယ်။

အခြေခံ အဆောက်အဦးအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးမယ်

အစိုးရကတော့ ဒီဘတ်ဂျက်ဟာ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လမ်း၊ တံတား၊ ကားပါကင်ဆောက်လုပ် တိုးချဲ့ရေးတွေကို အဓိကထား သုံးစွဲမယ့်အနေအထား ရှိပါတယ်။ 

အဲဒီအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးစွဲမယ့် အနေအထားရှိနေပါတယ်။

ပထမဆုံး အိမ်၀ယ်သူတွေ သက်သာအောင် လုပ်ပေးမယ်

ပထမဆုံး အိမ်၀ယ်ဖို့ ကြိုးစားနေတဲ့လူတွေ အိမ်စျေးကွက်ထဲ အမြန်၀င်နိုင်အောင် Home Gurantee Scheme ရဲ့ သက်တမ်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ 

အဲဒီအစီအစဥ်အရ ပထမဆုံးအကြိမ် အိမ်၀ယ်မယ့်လူအနေနဲ့ deposit စရန်ငွေ ၅% ရှိရုံနဲ့ ၀ယ်နိုင်မှာ ဖြစ်ပြီး လူပေါင်း ၃၅၀၀၀ အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

အိမ်ထောင်ဖက်မရှိတဲ့ မိခင်၊ ဖခင်တွေအနေနဲ့ စရန်ငွေ ၂% နှုန်းနဲ့ အိမ်၀ယ်နိုင်မှာ ဖြစ်ပြီး လူ ၅၀၀၀ အတွက် အကျုံး၀င်ပါတယ်။ 

နယ်ဒေသမှာ အိမ်အသစ်၀ယ်မယ်ဆိုရင် (ပထမဆုံးအိမ် ၀ယ်သူ ဖြစ်ရန်မလို) ၅% ရှိရုံနဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အိမ်တန်ဖိုးကတော့ ဆစ်ဒနီမှာ ဒေါ်လာ ၈၀၀၀၀၀ တန်အောက် တန်ဖိုးရှိတဲ့ အိမ်ဖြစ်ရမှာ ဖြစ်ပြီး နယ်ဒေသမှာတော့ ဒေါ်လာ ၆၀၀၀၀၀ တန်အောက် ဖြစ်ရပါမယ်။ 

မဲလ်ဘုန်းမြို့မှာ ၀ယ်မယ်ဆိုရင် ဒေါ်လာ ၇၀၀၀၀၀ တန်အောက် ဖြစ်ရမှာ ဖြစ်ပြီး၊ ကွင်းစလန်းမှာ ၆၀၀၀၀၀ တန်အောက်နဲ့ တခြားပြည်နယ်နဲ့ ဒေသမှာ ၅၀၀၀၀၀ တန်အောက် ဖြစ်ရမှာ ဖြစ်ပါတယ်။

အခွန်ငွေ ဒေါ်လာ ၄၂၀ ပြန်ရမယ်

အလုပ်လုပ်သူတွေ အခွန်ငွေ ပြန်ရအောင်လည်း လုပ်ဆောင်ပေးဖို့ ရှိနေပြီး တစ်နှစ်စာ လုပ်အားခက ဒေါ်လာ ၁၂၆၀၀၀ အောက် ရရှိသူတွေအနေနဲ့ ဒေါ်လာ ၄၂၀ ပြန်လည် ရရှိမှာဖြစ်လို့ အဲဒီလို ငွေကြေးကို ရရှိမယ့်သူ အလုပ်သမားပေါင်း ၁၀ သန်း ရှိပါတယ်။

ကားဆီစျေးသက်သာအောင် လုပ်မယ်

ကားဆီဖိုး သက်သာအောင်လည်း လုပ်ဆောင်ပေးမယ်လို့ သတင်းတွေထွက်နေပြီး ဆီတစ်လီတာမှာ ၄၀ cents ပြား ၄၀ သက်သာအောင် ၆ လတာ အတွင်း လုပ်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

အဲဒီလို လုပ်ဆောင်ချက်ကြောင့် ဆီတစ်ခါဖြည့်ရင် ၅ ဒေါ်လာ သက်သာမယ့် အနေအထားဖြစ်ပေမယ့် အစိုးရအတွက် ၆ လအတွင်း ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ ဆီတစ်လီတာအတွက် ၁၀ ပြား လျှော့ပေါ့ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၀င်ငွေနည်းသူတွေ ဒေါ်လာ ၂၅၀ ရမယ်

၀င်ငွေနည်းသူ သို့ ပင်စင်စားသူ နဲ့ အစိုးရထောက်ပံ့ကြေးရရှိသူတွေကိုလည်း ဒေါ်လာ ၂၅၀ တစ်ကြိမ် ပေးသွားဖို့ ရှိပါတယ်။ 

ဒီတစ်နှစ်စာ နိုင်ငံတော် ဘတ်ဂျက် လိုငွေက ၆၉ ဘီလီယံလောက် ရှိပေမယ့် ဒါဟာ ခန့်မှန်းထားတာထက် လိုငွေပြသမှုက ၃၀ ဘီလီယံ ပိုနည်းနေတယ်လို့ ပြောပါတယ်။ 

၂၀၂၁ ခုနှစ်တုန်းက ဆိုရင် လိုငွေက ဒေါ်လာ ၂၀၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လုပ်အားခ လစာ တက်လာပေမယ့် လူတွေ သတိမထားမိကြ

ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Breau of Statistics (ABS) ရဲ့ အဆိုအရ ဩစတြေးလျနိုင်ငံမှာ ပျှမ်းမျှအားဖြင့် လုပ်အားခလစာက ၂.၃% တိုးမြင့်ရရှိကြပေမယ့် သတိမထားမိကြတာမျိး ဖြစ်နေရပါတယ်။

ဒါပေမဲ့ လုပ်အားခလစာဟာ ခါတိုင်းနှစ်ထက် ယှဥ်ရင် တိုးမြင့်မှု နှေးကွေးခဲ့ပြီး ပုံမှန်ဆိုရင် တစ်နှစ်ကို ၃% လောက် တိုးလေ့ရှိတယ်လို့ ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုတွေ၊ လစတိုးမြင့်မှု နှေးကွေးခြင်းတွေကြောင့် လစာ တိုးလာတာကို သတိမထားမိကြတာလည်း ဖြစ်ပါတယ်။ 

Consumer Price Index ရဲ့ အဆိုအရ ငွေကြေးဖောင်းပွမှုက ၃.၅% ရှိတယ်လို့ ပြောပါတယ်။ 

ဒီလို အခြေအနေကြောင့် မကြာခင် လုပ်အားခ လစာ တိုးလာနိုင်ပေမယ့် တကယ်ဖြစ်လာရင်တော့ အနစ်နာဆုံးက အသေးစား ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာ ဒုက္ခသည် ၂၀၀၀ ခေါ်မယ်၊ ဒေါ်လာ ၉၅ သန်း ကူမယ်

ဩစတြေးလျ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ၉၅ သန်း ကူမယ့်အကြောင်းနဲ့ မြန်မာဒုက္ခသည် အယောက် ၂၀၀၀ ကို လက်ခံမယ့်အကြောင်း ၀န်ကြီးချုပ် စကော့တ်မော်ရီဆန်က မြန်မာတွေနဲ့ ပတ်သ်မြို့မှာ တွေ့ဆုံစဥ် ကတိပေးခဲ့တယ်လို့ လစ်ဘရယ်ပါတီ လွှတ်တော်အမတ် Dean Smith ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 


2 min read

Published

By မူလှိုင်းသိမ့်



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now