SKIP TO MAIN CONTENT

Voice အတွက် လူထုဆန္ဒခံယူပွဲကျင်းပတဲ့အခါ ထောက်ခံကြဖို့ တိုတ်တွန်း

National Reconciliation week မှာ ဩစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဩစတြေးလျ အစိုးရက မကြာခင်မှာ ကျင်းပမဲ့ Voice ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အားပေးထောက်ခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

The history of NAIDOC week
The history of NAIDOC week, and the meaning of Treaty, truth to Indigenous people. Source: SBS / sbs news

1 min read

Published

By Soofia Tariq

Source: SBS


Skip to article content

လွှတ်တော်မှာ ဌာနေတိုင်းရင်းသားတွေအတွက် အရေးဆိုပေးမယ့် Voice ကို ထားရှိဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ပြီး Uluru Statement from the Heart ရင်ထဲက လာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်တဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ Voice ကို ထောက်ခံဖို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့သောကြာနေ့ဟာ ဩစတြေးလျ အစိုးရအဆက်ဆက်က Aboriginal နဲ့ Torres Strait Islander တွေအပေါ် မတရားပြုမူခဲ့တာတွေအပေါ် တောင်းပန်တဲ့ နှစ်ပတ်လည်နေ့လည်းဖြစ်တဲ့အတွက် ဌာနေတိုင်းရင်းသားတွေဟာ Uluru မှာ တွေ့ဆုံမှု လုပ်ကြပါတယ်။

ဌာနေတိုင်းရင်းသားတွေကို အတင်းအဓ္ဓမ လူဖြူဖြစ်လာအောင် စနစ်တကျ ဖိနှိပ်မှု လုပ်တဲ့အနေနဲ့ သွေးနှောတဲ့ ကလေးတွေကို မိဘနဲ့ အတင်းခွဲခြားခံရတဲ့ Stolen Generations တွေကို အိမ်ပြန်ခွင့်ပေးတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက National Sorry Day မှာ ဩစတြေးလျတလွှားက ဌာနေတိုင်းရင်းသား ခေါင်းဆောင် ၂၅၀ တို့ Uluru မှာ တွေ့ဆုံခဲ့ကြပြီး ရင်ထဲက လာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

ထုတ်ချက်ထဲမှာ Makarrata လို့ခေါ်တဲ့ အမှန်တရားကို ပြောဆိုတဲ့ ကော်မရှင် ချမှတ်ပေးဖို့ ၊ အဲဒီကနေ ဌာနေတိုင်းရင်းသားတွေနဲ့ အစိုးရအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်ကြဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဌာနေတိုင်းရင်းသား အရေးကို ဆိုပေးမယ့် အသံတစ်သံကို သတ်မှတ်ပေးဖို့အတွက် ပါရှိပြီး အဲဒါကို Voice to Parliament ခေါ်ဖို့ ဖြစ်ပါတယ်။

အူလူယူး ထုတ်ပြန်ကြေညာချက်ဆွေးနွေးရေးအကြီးအကဲ တစ်ဦးဖြစ်သူ Sally Scales က ထုတ်ပြန်ကြေညာချက်ပါ အချက်တွေကို အကောင်အထည်ဖော်ရာမှာ ဩစတြေးလျနိုင်ငံသားတွေ အားလုံး ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။.

Voice to parliament ကို အကောင်အထည် ဖော်နိုင်ဖို့ လာမယ့် ဩဂုတ်လနဲ့ ဒီဇင်ဘာလ ကြားထဲမှာ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ရှိနေပါတယ်။

လူထုဆန္ဒခံယူပွဲအတွက် မေးခွန်းကို လွှတ်တော်မှာ ဆွေးနွေး ငြင်းခုန်နေဆဲဖြစ်ပါတယ်။.

အတိုက်အခံ နေရှင်နာ ပါတီနဲ့ လစ်ဘရယ်ပါတီတို့ကတော့ Voice ကို မထောက်ခံဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။.

အစိုးရကတော့ လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ အများစု ရရှိဖို့ ပစ်မှတ်ထားပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။.

တချို့လူတွေက Voice ကို အရင်ဦးစားပေး အကောင်အထည် ဖော်မယ့်အစား အမှန်တရားကိုပြောဆိုခြင်းဆိုတဲ့ Makarrata နဲ့ သဘောတူညီချက် Treatyကို အရင်ဆုံး အကောင်အထည် ဖော်သင့်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောဆိုတဲ့အထဲမှာ ဌာနေတိုင်းရင်းသား လွှတ်တော်အမတ် Lydia Thorpe လည်း ပါဝင်ပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now