SKIP TO MAIN CONTENT

ဩစတြေးလျက စီးပွားကျဆင်းမှုကို ရှောင်ရှားနိုင်ပါ့မလား။

လက်ရှိ ဩစတြေးလျနိုင်ငံရဲ့ စီးပွားရေးအစီအစဥ်အတိုင်း သွားမယ်ဆိုရင် ဩစတြေးလျအနေနဲ့ စီးပွားရေးကျဆင်းမှုကို ရှောင်းရှားနိုင်မယ်လို့ ဖက်ဒရယ် အစိုးရက ပြောပါတယ်။

Parliament

1 min read

Published

By Omoh Bello

Source: SBS


Skip to article content

အရင်တစ်ပတ်ကပဲ ဗဟိုဘဏ်ကနေ အတိုးနှုန်းကို တိုးမြင့်လိုက်တဲ့အတွက် အိမ်ကို အကြွေးနဲ့ ဝယ်ထားရသူတွေ အတိုးနှုန်း ပိုပေးရသလို နောက်ထပ်လည်း အတိုးနှုန်းတက်လာနိုင်တယ်လို့ ဗဟိုဘဏ်က အရိတ်အမွက်နဲ့ ပြောဆိုခဲ့တာ ရှိပါတယ်။

နောက်ထပ် ၂ ကြိမ်လောက် ထပ်တက်ဦးမယ်လို့ အရိတ်အမြွက်ပြ ပြောဆိုခဲ့တာပါ။

အတိုက်အခံ နိုင်ငံရေးပါတီတွေကတော့ အစိုးရရဲ့ ပေါ်လစီကြောင့် အတိုးနှုန်းက ပိုဆိုးဝါးနေရတာလို့ စွပ်စွဲထားပါတယ်။

အတိုးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု ထပ်မဖြစ်အောင် အစိုးရအနေနဲ့ အသုံးစရိတ်ကို လျှော့ချသင့်ပြီလို့ အတိုက်အခံခေါင်းဆောင် Simon Birmingham က ပြောပါတယ်။

ငွေကြေးဖောင်းပွဲမှု ပြဿနာက တကယ်ကိုရှိတဲ့အတွက် ပြောင်းလဲမှုလုပ်ရမှာဖြစ်သလို အိမ်ထောင်စုတွေအနေနဲ့ အဲဒီဒဏ်တွေကိုလည်း တကယ်ခံစားနေရတဲ့အတွက် အိမ်ထောင်စုတွေအပေါ် ဖိအားတွေကို လျှော့ချရမယ့်အကြောင်း ဒါကြောင့် အစိုးရအနေနဲ့ တတ်နိုင်သလောက် အသုံးစရိတ် လျှော့ချရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။.

ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီကတော့ သူဦးဆောင်တဲ့အစိုးရက ယခင်အစိုးရရဲ့ စီးပွားရေးပြဿနာကို အမွေဆက်ခံနေရတာလို့ ပြောပါတယ်။

လက်ရှိ အစိုးရမှာ ငွေကြေးဖောင်းပွမှု ပြဿနာပိုနည်းအောင်လုပ်မယ့် အစီအစဥ်တွေရှိပြီး အတိုးနှုန်းနဲ့ ပတ်သက်တဲ့ ဖိအားပေးမှုကိုလည်း လျှော့ချဖို့ ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်ဖြစ်တဲ့ ငွေရေးကြေးရေးပေါ်လစီလည်း ရှိတယ်လို့ ပြောပါတယ်။

အစိုးရက ပြဿနာဖြေရှင်းဖို့ ကြိုးစားတိုင်း အတိုက်အခံဖက်က ကာဆီးမှုတွေ လုပ်နေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

မနက်ဖြန် (ဖေဖော်ဝါရီ ၁၅) ကြရင် လွှတ်တော်မှာ ဗဟိုဘဏ် ဥက္ကဌ ဒေါက်တာ ဖိလစ် လိုဝီကို မေးမြန်းမှု လုပ်ကြဖို့ ရှိပါတယ်။

သူ့လက်ထက်အတွင်း အတိုးနှုန်းကို ၉ ကြိမ်ဆက်တိုက် တိုးမြင့်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းမှု လုပ်ကြမှာပါ။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now