လက်ဆွဲနှုတ်ဆက်ရာကနေ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သလား၊ သင်သိသင့်တဲ့ မျောက်ကျောက်ရောဂါအကြောင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရ အခုဆိုရင် မျောက်ကျောက်ရောဂါကူးစက်သူ ၄၂၀၀၀ ရှိပြီး ဩစတြေးလျမှာ ၁၀၆ ဦး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

Male hands affected by blistering rash because of monkeypox or other viral infection on white background

Experts advise residents to avoid close contact with an infected person and take vaccines if eligible. Source: iStockphoto / Halfpoint/Getty Images/iStockphoto

ဗစ်တိုးရီးယားပြည်နယ် ကူးစက်ရောဂါဆိုင်ရာ ဒုတိယ ကျန်းမာရေးအရာရှိချုပ်လည်းဖြစ် တွဲဖက်ပါမောက္ခလည်းဖြစ်သူ Deb Friedmanရဲ့ အဆိုအရ လူအများစုမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမယ့် အနေအထားမရှိဘူးလို့ ပြောပါတယ်။

လက်ဆွဲနှုတ်ဆက်ရုံနဲ့ ရောဂါကူးစက်ဖို့ အတော့်ကို ဖြစ်နိုင်ခြေမရှိသလို ကမ္ဘာမှာ လက်ဆွဲနှုတ်ဆက်ရာကနေ ကူးစက်ခံရတယ်ဆိုတဲ့အကြောင်းလည်း မကြားဖူးသေးဘူးလို့ ပြောပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရဖို့အတွက် အရေပြားအခြင်းခြင်း အတော်ကြာ ထိတွေ့မိမှ ဖြစ်နိုင်ပြီး လက်ဆွဲနှုတ်ဆက်ရုံနဲ့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

အဲဒါကြောင့် အများသုံးယာဥ်ပေါ်မှာ အတူတူ စီးလာတာ ဒါမှမဟုတ် ရောဂါရှိသူနား ဖြတ်သွားရုံ ဒါမှမဟုတ် ထမင်းအတူတူ စားသောက်ရုံနဲ့ ကူးစက်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ဒါပေမဲ့တော့ ရောဂါရှိသူနဲ့ တိုက်ရိုက်ထိတွေ့မှုတွေကို ရှောင်ရှားဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

မျောက်ကျောက်ရောဂါ monkeypox ဘယ်လို ကူးစက်ပျံ့နှံ့သလဲ။

မျောက်ကျောက်ရောဂါ ကူးစက်မှုရဲ့ ၉၈% ဟာ အမျိုးသား အခြင်းခြင်း လိင်ဆက်ဆံမှုကနေ ကူးစက်တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဩစတြေးလျနိုင်ငံမှာ ဖြစ်နေတဲ့ ကူးစက်မှုတွေကို ကြည့်လိုက်ရင်လည်း လိင်တူခြင်း ဆက်ဆံတဲ့ အသိုင်းအဝိုင်းမှာ ပိုအဖြစ်များတယ်လို့ ပါမောက္ခ Friedman က ဆိုပါတယ်။

ဒါပေမဲ့ လိင်တူခြင်း ဆက်ဆံတဲ့လူတွေကိုသာ ကူးစက်နိုင်တာမဟုတ်ပဲ တခြားလူတွေလည်း ကူးစက်နိုင်တယ်လို့ ပြောပါတယ်။
ရောဂါရှိနေသူတစ်ဦးရဲ့ နှာရေ၊ တံတွေး စတဲ့ ကိုယ်ခန္ဓာအတွင်းက ရေမှုန်တွေနဲ့ ကြာရှည်စွာ ထိတွေ့ရင် ကူးစက်နိုပေမယ့် ရှားပါးတယ်လို့ NSW Healthပြောပါတယ်။

US Centers for Disease Control and Prevention ရဲ့ အဆိုအရ မျောက်ကျောက်ရောဂါရှိသူရဲ့ အရည်ပြား အဖုတွေ၊ အနာတွေ ဒါမှမဟုတ် ကိုယ်ခန္ဓာအတွင်းက အရည်တွေကို တိုက်ရိုက် ကိုင်တွယ်မိရင် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။
တိုက်ရိုက်ထိတွေ့မှုလို့ဆိုရာမှာ ရောဂါရှိသူနဲ့ နှုတ်ခမ်း သို့ စအိုပေါက် သို့ လိင်တံ သို့ မိန်းမအင်္ဂါကနေတဆင့် လိင်ဆက်ဆံမှုမျိုးကို ဆိုလိုပါတယ်။

နောက်ထပ် တိုက်ရိုက်ထိတွေ့မှုတွေကတော့ ပွေ့ဖက်ခြင်း၊ နှိပ်နယ်ပေးခြင်းနဲ့ နမ်းရှုတ်ခြင်းတွေ ပါဝင်ပါတယ်။


ကိုယ်ဝန်သည် မိခင်မှာ ရောဂါရှိနေရင် အချင်းကနေတဆင့် ဗိုက်ထဲက ကေလးကိုပါ ကူးစက်နိုင်ပါတယ်။


မျောက်ကျောက်ရောဂါ မကူးစက်အောင် ဘယ်လိုကာကွယ်ရမလဲ။

ကျွမ်းကျင်သူတွေက ရောဂါရှိသူတွေနဲ့ ထိတွေ့မှုမရှိအောင် နေထိုင်ဖို့အကြံပေးထားပြီး အိမ်ယာခင်းနဲ့ မျက်နှာသုတ်ပုဝါမျှသုံးတာမျိုး မလုပ်ဖို့ ပြောထားသလို ကာကွယ်ဆေးရနိုင်ရင် ထိုးထားဖို့ အကြံပြုထားပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သွားလည်ရင် လူနာတွေကို ရှောင်ရှားဖို့နဲ့ ကြွက်နဲ့ အခြား သေကောင်တွေကို ရှောင်ရှားဖို့ အကြံပြုထားသလို တောကောင်သား စားတာတွေကိုလည်း ရှောင်ရှားဖို့ အကြံပြုထားပါတယ်။

ဩစတြေးလျ အစိုးရကတော့ ရောဂါရှိသူတွေ၊ သံသယဖြစ်နေသူတွေအနေနဲ့ အရေပြားပေါ်က ဒဏ်ရာတွေ လုံးဝပျောက်ကင်းတဲ့အထိ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ဖို့ ညွန်ကြားပြီး အရေပြားအသစ်တွေ ပြန်ထွက်လာတဲ့အထိ နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

အများအားဖြင့် ၂ ပတ်ကနေ ၄ ပတ်အထိ ကြာမြင့်တတ်တယ်လို့လည်း ဆိုပါတယ်။

တစ်ယောက်တည်း သီးသန့်နေထိုင်ဖို့ မဖြစ်တဲ့လူဆိုရင်တော့ တခြားလူနဲ့ ရှိနေတဲ့အခါကြရင် နှာခေါင်းစည်းတပ်ဆင်ဖို့ အကြံပြုထားပါတယ်။

ရောဂါကူးစက်ခံရဖူးသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးစရာမလိုပေမယ့် ရောဂါကူးစက်နိုင်ခြေများတဲ့ လူတွေကတော့ မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေး ထိုးထားသင့်တယ်လို့ ပါမောက္ခ Friedman က ပြောပါတယ်။

ကာကွယ်ဆေး ၂ချောင်းကို အနည်းဆုံး ၁ လခြားပြီးမှ ထိုးပေးတာက အထိရောက်ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါ ကာကွယ်ဆေးကို ဘယ်သူတွေ ရယူနိုင်သလဲ။

ဩစတြေးလျနိုင်ငံက third-generation smallpox ကာကွယ်ဆေး အခုပေါင်း ၄၅၀၀၀၀ ဝယ်ယူထားပြီး အခုလောလောဆယ် ကာကွယ်ဆေးအခုပေါင်း ၂၂၀၀၀ က နိုင်ငံထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ကာကွယ်ဆေး ပေါပေါများများ မရှိသေးတဲ့အတွက် ဦးစားပေးထိုးသင့်တယ်လို့ ATAGIအဖွဲ့က အကြံပြုထားတဲ့လူတွေကိုသာ ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။

• အဲဒီအထဲမှာ ရောဂါကူးစက်မှု ဆိုးဝါးလာရင် ကူးစက်ခံရဖို့ အလားအလာများတဲ့ လိင်တူဆက်ဆံသူတွေ၊ အိုးအိမ်မဲ့သူတွေ၊ လိင်လုပ်သားတွေနဲ့ မူးယစ်ဆေးဝါးအလွန်အကျွန်သောက်သုံးလို့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် မချနိုင်သူတွေပါဝင်ပါတယ်။

• HIV ရောဂါရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေ

• ရောဂါရှိသူနဲ့ အတူတူ နေထိုင်ရသူတွေနဲ့

• NSW မှာဆိုရင် ယူကေနိုင်ငံ၊ ဥရောပနဲ့ မြောက်အမေရိကကားတိုက်ကို အောက်တိုဘာလ ၃၁ ရက် မတိုင်ခင် သွားရောက်လည်ပတ်မယ့် လိင်တူခြင်း ဆက်ဆံသူတချို့ကိုပါ ကာကွယ်ဆေး ထိုးပေးတာဖြစ်ပါတယ်။


မိမိအနေနဲ့ ကာကွယ်ဆေးရနိုင်တယ်လို့ ယူဆရင် မိမိရဲ့ ဂျီပီဆရာဝန်ကို ဆက်သွယ်နိုင်ပြီး NSW ပြည်နယ်မှာတော့ ဒီနေရာမှာ formဖြည့်ပြီး ကာကွယ်ဆေးရယူနိုင်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာတော့ Melbourne Sexual Health Centre, Thorne Harbour Health, Northside Clinic, Collins Street Medical Centre နဲ့ Prahran Market Clinic တွေမှာ ရယူနိုင်ပါတယ်။

Western Australia မှာတော့ Perth က ဆေးခန်း ၃ ခုမှာသာ ရနိုင်တယ်လို့ ဆိုပါတယ်။

Tasmania ပြည်နယ်မှာ နှစ်ကုန်ပိုင်းလောက်မှ ကာကွယ်ဆေးရမယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေ ပိုရလာတာနဲ့အမျှ ထိုးပေးနိုင်မယ့် စာရင်းကိုလည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။


အထွေထွေကျောက်ရောဂါ ကာကွယ်ဆေးထိုးထားရင်လည်း ကာကွယ်ပေးနိုင်တယ်လို့ ပါမောက္ခ Friedman က ပြောပါတယ်။

ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ။

NSW Health ရဲ့အဆိုအရ ကျောက်ရောဂါရဲ့ လက္ခာဏာတွေထဲမှာ ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားနဲ့ ကိုခန္ဓာနာကြင်ခြင်း၊ အားပျော့ခြင်း၊ အရေးပြားပေါ်မှာ အနီကွက်ပေါ်ပြီး အဖုအကြိတ်တွေထွက်နိုင်တယ်လို့ ဆိုပါတယ်။

ဝက်ခြံလို အဖုသေးတွေက တင်ပါးနဲ့ အတွင်းပေါင်သား တဝိုက်မှာ ပေါက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
(PCR) test ကနေတဆင့် ရောဂါရှိမရှိ စစ်ဆေးမှု ခံယူနိုင်တယ်လို့လည်း ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။

ရောဂါလက္ခာဏာရှိနေရင် ဘာလုပ်ရမလဲ။

မိမိရဲ့ အခြေအနေက ဆိုးဝါးရင် သုံညသုံးလုံး (000) ကို ချက်ခြင်းဖုန်းဆက်ပြီး မိမိမှာ မျောက်ကျောက်ရောဂါရှိနေနိုင်တဲ့အကြောင်း အသိပေးပါ။

အခြေအနေ မဆိုးရင် မိမိဖာသာ သီးသန့်နေထိုင်ပြီး ဆရာဝန်ဆီ ဖုန်းချက်ခြင်းခေါ်နိုင်သလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာနကို ဖုန်းဆက်ပြီး မိမိမှာ မျောက်ကျောက်ရောဂါရှိနိုင်တဲ့အကြောင်း ရှင်းပြပါ။

ပြည်နယ်အလိုက် အောက်ပါ နံပတ်တွေကိုလည်း ဆက်သွယ်နိုင်ပါတယ်။

NSW Sexual Health Infolink: 1800 451 624

Victoria: 1800 013 952; 03 9257 0100

Queensland: 13 HEALTH (13 43 25 84)

Western Australia: metro callers 61 8 9227 6178, country callers 1800 198 205

South Australia: 1300 883 793, country callers 1800 188 171

Tasmania: 1800 671 738

Australian Capital Territory: (02) 5124 2184

Northern Territory (Royal Darwin Hospital): 8922 8888

HealthDirect Australia: 1800 022 222

Share

Published

Updated

By Sahil Makkar
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
လက်ဆွဲနှုတ်ဆက်ရာကနေ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သလား၊ သင်သိသင့်တဲ့ မျောက်ကျောက်ရောဂါအကြောင်း | SBS Burmese