Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကလေးထိန်းခကို ပိုစိုက်ထုတ်ပေးမှာ ဖြစ်ပေမယ့် ထိန်းခလည်း ပိုများလာ

မကြာခင်မှာ ဩစတြေးလျ အစိုးရက မိဘတွေ ကလေးထိန်းကျောင်း ပို့တဲ့ လူတွေ ကလေးထိန်းခ ပိုမို သက်သာအောင် လုပ်ဆောင်ပေမှာ ဖြစ်လို့ မိသားစုပေါင်း ၁.၂ သန်းလောက် အကျိုးခံစားရမယ့် အနေအထား ရှိနေပါတယ်။

As creches/infantários não serão mais gratuitos depois de 12 de julho

As creches/infantários não serão mais gratuitos depois de 12 de julho Source: AAP

ကုန်ကျစရိတ်တွေ များလွန်းတဲ့ ကာလမှာ သက်သာအောင် အစိုးရက ကလေးထိန်းခ တချို့ တဝက် စိုက်ပေးတာကို တိုးမြင့်မှာ ဖြစ်တယ်လို့ မေလမှာ ကြေညာတဲ့ ဘတ်ဂျက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကလေးထိန်းခ စိုက်ပေးတဲ့အစီအစဥ်ကို ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ တိုးမြင့်ဖို့အတွက် အစိုးရက ၅.၄ ဘီလီယံဒေါ်လာ ရာထားမှာဖြစ်ပြီး အိမ်ထောင်တစ်ခုမှာ တစ်နှစ်စာ ဝင်ငွေက ၅၃၀၀၀၀ အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ကလေး ၃ ဦးရဲ့ မိခင် Gemma ဟာ လစဥ်နဲ့အမျှ အခက်အခဲတွေ ကြုံရတဲ့အတွက် ဒီလို အစီအစဥ်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

ဒီလို အစီအစဥ်ကြောင့် အစားအသောက်တွေကို ဝယ်စားဖို့ ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေအတွက် အရင်က မဝယ်ပေးနိုင်တဲ့ အရာတွေ အထူးသဖြင့် အစားအသောက်တွေကို ဝယ်ပေးနိုင်မှာဖြစ်ပါတယ်။ တကယ်စျေးများတဲ့ အသားတွေကို မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ အစားတွေကို ပိုများများ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကလေးထိန်းခ ပိုသက်သာရင် သူကလည်း အချိန်ပိုင်း သို့မဟုတ် အချိန်ပြည့် အလုပ် လုပ်ခွင့်ပေးမှာဖြစ်ပြီး အလုပ်လုပ်ရင်တော့ မိသားစု ဝင်ငွေ ပိုကောင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပြဿနာ တစ်ခု ရှိနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကျမ အခု အလုပ်သွားချင်ရင်တောင် အခက်ခဲဆုံးက ကလေးထိန်းကျောင်း ရှာဖွေရေးဖြစ်ပါတယ်။ အခုအချိန်မှာ ကလေးထိန်းကျောင်းတွေ ပြည့်နေတယ်ဆိုတာကို နားလည်ပါတယ်။. ကလေးတွေအတွက် နေရာ ရဖို့ ခက်ခဲပါတယ်။ အကယ်လို့ ကျမက အချိန်ပြည့် အလုပ်သွားမယ်ဆိုရင် ကလေးတွေကို အချိန်ပြည့် ကလေးထိန်းကျောင်းမှာ ထားခွ

င့်ရဖို့ ပိုပြီး ခက်ခဲမှာပါ။ ကျမ အိမ်နားက ကလေးထိန်းစင်တာတွေကို မေးကြည့်တဲ့အခါမှာ မရှိပါဘူး။ အဲဒီလို မရှိရင် ကျမ အချိန်ပြည့် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အချိန်ပိုင်း အလုပ် လုပ်ရမလို ဒါမှမဟုတ် အလုပ်မလုပ်ပဲ ဝင်ငွေ တစ်ခုတည်းအပေါ်မှာသာ မှီခိုရမလို ဖြစ်နေတယ်လို့ ပြောပါတယ်။.

ဆစ်ဒနီမြို့က ကလေးထိန်းစင်တာ တစ်ခုမှာ အလုပ်လုပ်သူ

Juliana Freire ရဲ့ အဆိုအရ ဒီလို ကလေးထိန်းခ တချို့တဝက် ပိုမို စိုက်ပေးမယ့် အစီအစဥ်မျိုး မရှိခင်ကတည်းက ကလေးတွေ နေရာမရနိုင်တဲ့ စိန်ခေါ်မှုတွေက ရှိနေပြီးသားပဲလို့ ပြောပါတယ်။

အဲဒီ စင်တာမှာ စီအီးအိုအဖြစ် ဆောင်ရွက်သူ ရီးချက်ရဲ့ အဆိုအရ ကလေးရဲ့ ချီးခံသေးခံ စျေးနှုန်းက ၁၇.၅ ရာခိုင်နှုန်း များလာသလို အလုပ်သမားတွေရဲ့ လုပ်အားခလစာလည်း တိုးမြင့်လာသလို အရုပ်တွေနဲ့ တခြားအရင်းအမြစ်တွေရဲ့ စျေးနှုန်းကလည်း အဆမတန် များလာတယ်လို့ ပြောပါတယ်။

တဖက်မှာလည်း ကလေးထိန်းတဲ့ လက်မှတ်ရတဲ့ လူတွေ ရှာဖို့ အခက်အခဲ ဖြစ်ရတဲ့အတွက် ကလေးနဲ့ အမှုထမ်းအချိုးအပိုင်းမှာ မနိုင်မနှင်းဖြစ်လို့ ကလေးကို ထပ်ပြီး လက်မခံနိုင်တာမျိုးလည်း ဖြစ်နေရတယ်လို့ ကလေးထိန်းကျောင်းတစ်ခု ဖွင့်ထားသူ Xi Wang က ပြောပါတယ်။

Australian Competition and Consumer Commission ရဲ့ စုံစမ်းမှုအရ ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတချို့ဟာ သူတို့ရဲ့ ဝင်ငွေ ၂၁ ရာခိုင်နှုန်းကို ကလေးထိန်းခအတွက် အသုံးပြုကြရတယ်လို့ တွေ့ရှိထားပါတယ်။

 ဒါ့အပြင် ကလေးထိန်းခဟာလည်း ငွေကြေးဖောင်းပွမှုထက် မြင့်မားနေပါတယ်။.

ကလေးထိန်းခ တိုးမြင့်ရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်လို့ ပညာရေးဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်

Lisa Bryant က ပြောပါတယ်။

ကလေးထိန်း လုပ်ငန်းမှာ လစာ မြင့်တက်မှုနှုန်းက ၅.၇၅ ရာခိုင်နှုန်းရှိခဲ့ပြီး အဲဒီလို ကုန်ကျစရိတ်ကို ကာမိစေဖို့က ကလေးထိန်းခကို မြင့်လိုက်ရုံသာရှိပါတယ်။ ဒါ့အပြင် တချို့ ကလေးထိန်း ကုမ္ပဏီတွေဟာ ကလေးထိန်းလုပ်ငန်းကနေ အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်ကြတာရှိတဲ့အတွက် အမြတ်များများရအောင် ကုန်ကျစရိတ် ကာမိအောင် လုပ်ဆောင်ကြတာလည်း ရှိတယ်လို့ ပြောပါတယ်။

အစိုးရက မကြာခင် အပြောင်းအလဲ လုပ်မှာဖြစ်ပြီး အဲဒါကို ACCC က အနီးကပ် စောင့်ကြည့်မှာ ဖြစ်တယ်လို့ ပြောပါတယ်။


2 min read

Published

Updated

By Tys Occhiuzzi

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now