SKIP TO MAIN CONTENT

အသက် ၅ နှစ်အရွယ်ကလေးကအစ နောက်နှစ်ကျောင်းပြန်မတက်ခင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မယ်လို့ဆို

သြစတြေးလျနိုင်ငံက အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ်ကလေးတွေကအစ နောက်နှစ်ကျောင်းပြန်မတက်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်မယ်လို့မျှော်လင့်ကြောင်း လွတ်တော်ကြားနာမှု တစ်ခုမှာ တင်ပြထားပါတယ်။

Chicago Schools Gives Kids Day Off To Promote "Vaccine Awareness Day"
The US approved vaccines for five to 11-year-olds earlier this year, with more than five million children now being vaccinated. Source: Getty Images North America

2 min read

Published

Source: AAP, SBS



Skip to article content

သြစတြေးလျနိုင်ငံရဲ့ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အကြီးအကဲချုပ် Lieutenant-General John Frewen က အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ် ၂.၃ သန်းလောက် မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆီးနိတ်ကော်မတီကို တင်ပြခဲ့တာဖြစ်ပါတယ်။

နှစ်သစ်လောက်မှာ အသက် ၅ နှစ်အထက် ကလေးတိုင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက် ရရှိအောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ပြည်နယ်အစိုးရ၊ ဒေသအစိုးရတွေနဲ့ ပူးပေါင်းပြီး စာသင်ကျောင်းတွေမှာ ကာကွယ်ဆေးထိုးပေးနိုင်မလား စတာတွေ ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလ ၁၀ ရက်လောက်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

COVID-19 Taskforce Commander Lieutenant General John Frewen
COVID-19 Taskforce Commander Lieutenant General John Frewen. Source: AAP

သြစတြေးလျနိုင်ငံက ဆေးဝါးဆိုင်ရာ စောင့်ကြပ်စစ်ဆေးရေးအဖွဲ့က အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေအတွက် Pfizer ကာကွယ်ဆေးက လုံခြုံဘေးကင်းတယ်လို့ အသိအမှတ်ပြုပေးလိုက်တဲ့နောက် အခုလို ဆီးနိတ်မှာ ကြားနာမှု လုပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဓိက အဖွဲ့အစည်းတစ်ခုကနေ နောက်ဆုံးအဆင့် အသိအမှတ်ပြုပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Australian Technical Advisory Group on Immunisation (ATAGI) အဖွဲ့က အစိုးရကို အကြံပြုချက်ပေးပို့နိုင်ဖို့ လုပ်ဆောင်နေပြီး အခုလောလောဆယ် အဲဒီ ကာကွယ်ဆေးက တကယ်ပဲ ကလေးတွေအတွက် လုံခြုံဘေးကင်းရဲ့လားဆိုတာကို့ စောင့်ကြည့်လေ့လာနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ အစိုးရကို အကြံပြုချက်ပေးပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြံပြုချက်တွေထဲမှာ ကာကွယ်ဆေးထိုးဖို့ သင့်တော်ကြောင်းပါရှိရင်တောင် ပထမဆေးတစ်ချောင်းထိုးပြီးတာနဲ့ နောက်တစ်ချောင်းကို ဘယ်အချိန်မှာ ထိုးသင့်တယ်ဆိုတဲ့ အကြံပြုချက်မျိုးပါ ပေးရမှာ ဖြစ်တယ်လို့ ပါမောက္ခ Christopher Blyth, က ပြောပါတယ်။

အသက် ၁၂ နှစ်အထက် လူတွေအတွက် ပထမကာကွယ်ဆေး ထိုးအပြီး ၆ ပတ်အကြာမှာ ဒုတိယမြောက်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုထားတာဖြစ်ပြီး အသက် ၅ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးတွေအတွက် အဲလိုပဲ သတ်မှတ်မလား၊ ၈ ပတ်ကြာမှ ထိုးသင့်တယ်လို့ အကြံပြုသင့်သလားဆိုတာကိုလည်း စဉ်းစားနေကြပါတယ်။

အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးငယ်တွေကိုပါ ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပြီး အဲဒီက ဒေတာအချက်အလက်တွေအရ အားရမှု ရှိတယ်လို့ ဆေးဖက်ဆိုင်ရာ အကြီးအကဲ Paul Kelly က ပြောပါတယ်။

အမေရိကန်မှာ ဒီနှစ်အစောပိုင်းတုန်းက အသက် ၅ နှစ်အထက် ကလေးငယ်တွေပါ ကာကွယ်ဆေး ထိုးနိုင်တယ်လို့ သတ်မှတ်ပေးတာဖြစ်ပြီး အခုဆိုရင် ကလေးငယ် အယောက်ပေါင်း ၅ သန်း ကာကွယ်ဆေး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တွေကို ဖုန်းဆက်မေးမြန်းရာမှာလည်း ကလေးငယ်တွေမှာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဆိုးဆိုးဝါးဝါးမတွေ့ရပဲ ထင်မှတ်ထားတဲ့ ဘေးထွက်ဆိုးကျိုး အသေးစားလောက်ပဲ ဖြစ်တတ်တာကို တွေ့ရတယ်လို့ ပြောပြကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now