SKIP TO MAIN CONTENT

တရုတ်မှာ ကလေးငယ်တွေ တစ်ပတ်မှာ ၃ နာရီသာ ဂိမ်းဆော့ရမယ်လို့ သတ်မှတ်

တရုတ်နိုင်ငံမှာ အစိုးရက အသက် ၁၈ နှစ်အောက် ကလေးတွေအနေနဲ့ သောကြာည၊ စနေနဲ့ တနင်္ဂနွေ ၃ ရက်မှာ ည ၈ နာရီကနေ ၉ နာရီ (တစ်နာရီအကြာသာ) အထိသာ ဂိမ်းကစားရမယ်လို့ သတ်မှတ်ထားပါတယ်။

People in a video gaming centre in Shanghai, China, 31 August 2021.
People in a video gaming centre in Shanghai, China, 31 August 2021. Source: EPA

1 min read

Published

Source: Reuters, SBS



Skip to article content

တရုတ်နိုင်ငံမှာ တနင်္လာနေ့ကစပြီး ကလေးတွေ ဂိမ်းကို အလွန်အကျွံ ကစားတာမျိုးမလုပ်အောင် တစ်ပတ်မှာ ၃ နာရီသာ ကစားဖို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နည်းပညာ၊ ပညာရေးနဲ့ အိမ်ရာလုပ်ငန်းစတဲ့ စီးပွားရေး၊ လူမှုရေး အင်အားတွေကို ဆက်လက် ထိန်းချုပ်နိုင်ဖိုပအတွက် သတ်မှတ်တာဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းအပါအဝင် ဖန်သားပြင် မှန်သမျှရဲ့ အသုံးပြုမှုကို ကန့်သတ်လိုက်တဲ့အတွက် ဒီကန့်သတ်ချက်ဟာ ဒေါ်လာသန်းဆယ်နဲ့ချီ တန်ဖိုးရှိတဲ့ ဂိမ်းလုပ်ငန်းအတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ရှင်ဟွာ သတင်းမှာ ဖော်ပြချက်အရ အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ သောကြာည ၈ နာရီကနေ ၉ နာရီ၊ စနေနဲ့ တနင်္ဂနွေမှာလည်း အလားတူ တစ်နာရီစီသာ ကစားရမှာဖြစ်ပြီး ရုံးပိတ် ကျောင်းပိတ်ရက်မှာလည်း တစ်နာရီသာ ကစားရမယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီဥပဒေကို National Press and Publication Administration (NPPA) က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် သူတို့ရဲ့ ကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ကာကွယ်မှုလုပ်ရမှာ တာဝန်ရှိပြီး နောက်နောင်မှာ ဒီလူငယ်တွေကို အားထားရမယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုထားပါတယ်။

သတ်မှတ်ချိန် ပြင်ပမှာ လူငယ်တွေ ဂိမ်းဆော့တာမျိုး မလုပ်အောင် ဂိမ်းကုမ္ပဏီတွေကိုလည်း တားမြစ်ပိတ်ပင်တာမျိုး လုပ်ထားပြီး နာမည်ရင်းနဲ့တကွ စာရင်းပေး စိစစ်တဲ့စနစ်ကို ထားရှိခိုင်းထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက တရုတ်နိုင်ငံက အသက် ၁၈ အောက် လူငယ်တွေအနေနဲ့ တစ်ရက်မှာ တစ်နာခွဲ ဂိမ်းကစားခွင့်ပေးထားပြီး ရုံးပိတ် ကျောင်းပိတ်ရက်မှာ ၃ နာရီအထိ ကစားခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စည်းကမ်းအသစ်အကြောင်းကို တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာ အများအပြား အမြင်တွေ ဖလှယ်ကြပြီး တချို့လူတွေက စည်းမျဉ်းအသစ်ကို ကြိုက်နှစ်သက်သလို တချို့ကလည်း တင်းကြပ်လွန်းတဲ့အပေါ် အံ့အားသင့်နေကြပါတယ်။

SOURCE REUTERS - SBS


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now