ကိုဗစ်-၁၉ ရဲ့ မူလကို စုံစမ်းမယ့်ကိစ္စမှာ အမေရိကန်က အမှန်ကို စိတ်မဝင်စားဘူးလို့ တရုတ်ပြော

အမေရိကန် သမ္မတက ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကနေ ဘယ်လို စတင်သလဲ ဆိုတဲ့ မူလဇစ်မြစ်ကို သိနိုင်ဖို့အတွက် စုံစမ်းမှု တစ်ရပ်လုပ်ဖို့ ညွန်ကြားလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အမေရိကန်ဟာ နိုင်ငံရေး ကစားနေတာဖြစ်ပြီး အမှန်ကို စိတ်ဝင်စားတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

US President Joe Biden (AAP)

US President Joe Biden (AAP) Source: AAP

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက Zhao Lijian က အမေရိကန် သမ္မတ Joe Biden ဟာ အချက်အလက်မှန်တွေ၊ အမှန်တရားနဲ့ သိပ္ပံနည်းကျကျ ခြေရာခံမှုတွေကို ဂရုစိုက်သူ မဟုတ်ဘူးဆိုပြီး ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ သိပ္ပံပညာကို စော်ကားရာရောက်သလို ကမာ္ဘ့ကပ်ရောဂါ တိုက်ဖျက်ရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း တရုတ်ဖက်က ကြာသပတေးနေ့မှာ ပြောပါတယ်။

အမေရိကန် သမ္မတက ဗုဒ္ဒဟူးနေ့မှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ဘယ်လို စတင်သလဲ ဆိုတာကို နှစ်ဆပို ကြိုးစားပြီး စုံစမ်းမှုလုပ်ဖို့ ထောက်လှမ်းရေးအဖွဲ့ကို ညွန်ကြားလိုက်တာဖြစ်ပြီး ရက်ပေါင်း ၉ ၀ အတွင်း အစီရင်ခံဖို့ မှာကြားထားပါတယ်။

ကိုရိုနာဗိုင်ရပ်စ် ပိုးဟာ တရုတ်နိုင်ငံ ဝူဟန်ဈေးမှာ ရောင်းချတဲ့ တိရစာ္ဆန်ကနေတဆင့် ကူးစက်တာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိသလို အဲဒီဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာတာဖြစ်တယ်လို့လည်း ပြောဆိုမှု ရှိပါတယ်။

တရုတ်အနေနဲ့ ပွင့်လင်းမှုရှိအောင် စုံစမ်းစစ်ဆေးမှု ခံယူသင့်တယ်လို့ အမေရိကန်ဖက်က ပြောဆိုတာနဲ့ ပတ်သက်ပြီး တရုတ်ဖက်ကလည်း အမေရိကန်ဖက်ကလည်း သူ့ရဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် စစ်ဆေးခံသင့်ကြောင်း၊ Fort Detrick စစ်စခန်းအပါအဝင်ကိုပါ စစ်ဆေးခံသင့်တယ်လို့ ပြောပါတယ်။

" အမေရိကန်က တရုတ်ကို ပြည့်စုံ၊ ပွင့်လင်းမြင်သာမှုရှိပြီး သက်သေကို အခြေခံတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ဖို့ အလိုရှိနေတယ်လို့ ပြောနေပါတယ်။

ကျနော်တို့ကလည်း အမေရိကန်ဖက်က အလားတူ လုပ်ဆောင်ပြီး ကမာ္ဘ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သိပ္ပံနည်းကျကျ နည်းတွေနဲ့သုတေသနတွေ လုပ်ဆောင်ဖို့ သင့်တယ်" လို့ တရုတ်ဖက်က ပြောပါတယ်။

Chinese Foreign Ministry spokesman Zhao Lijian.
Chinese Foreign Ministry spokesman Zhao Lijian. Source: AAP

ကျန်းမာရေးပညာရှင်တွေ တရုတ်နိုင်ငံကို သွားပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းကြပြီး အဲဒီတုန်းက ဝူဟန်းဈေးကနေ ပေါက်ဖွားလာတာဖြစ်မယ်လို့ ယူဆကြပေမယ့် တရုတ်ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်ပိုး ပေါ်လာတာ ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

With AFP

SOURCE AAP - SBS


Share

1 min read

Published

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now