SKIP TO MAIN CONTENT

ဒီဘတ်ဂျက်မှာ တချို့လူသက်သာမှုရအောင် လုပ်မယ်ဆိုတဲ့အပေါ် တချို့က ငွေကြေးဖောင်းပွစေမယ်လို့ဆို

အခြေခံအဆောက်အဦး တည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးက လာမယ့် တစ်ပတ်မှာ ကြေညာမယ့် ၂၀၂၃-၂၀၂၄ ဘတ်ဂျက်မှာ တချို့လူတွေအတွက် သက်သာချောင်ချိမှုရှိအောင် လုပ်ဆောင်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

Money is taken out of a wallet Canberra, April 8, 2014.
Source: AAP

1 min read

Published

By Madeleine Wedesweiler

Source: SBS


Skip to article content

ဝန်ကြီး ကက်သရင်းကင်းက ဘတ်ဂျက်ထဲမှာ ကုန်စျေးနှုန်း တက်လာလို့ ဒုက္ခရောက်နေကြတာကို ကာမိအောင် လုပ်ဆောင်ပေးတာမျိုးကို တွေ့ရမယ့်အကြောင်း လူတွေ အများအပြား ဘယ်လို ခံစားနေရသလဲဆိုတာ သိနားလည်ပြီး အထူးသဖြင့် မရှိဆင်းရဲသူတွေ ဘယ်လိုကြုံတွေ့ရသလဲ ဆိုတာကို သိနားလည်တဲ့အတွက် ဖြစ်တယ်လို့ အေဘီစီ ရေဒီယိုနေရှင်နာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်နေသူတွေကိုပေးတဲ့ JobSeeker ထောက်ပံ့ကြေးကို တိုးပေးမယ့်အနေအထားရှိကြောင်း အရိတ်အမြွက်ပြ ပြောဆိုခဲ့တာရှိပြီး တချို့လူတွေ အကြံပြုထားသလို ဒေါ်လာ ၂၄ ဘီလီယံကုန်ကျခံပြီး လုပ်မှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီဘဏ္ဏာနှစ်အတွက် ဘတ်ဂျက်ကို လာမယ့် အင်္ဂါနေ့မှာ ကြေညာဖို့ရှိပြီး အလုပ်လက်မဲ့သူတွေက လက်ရှိမှာ တစ်ရက်ကို ဒေါ်လာ ၅၀ နှုန်းနဲ့ ထောက်ပံ့မှုရနေရာကနေ တိုးပေးဖို့ မျှော်လင့်နေကြပါတယ်။.

တခြားလူတွေကတော့ ဒီဘတ်ဂျက်က သူတို့အတွက် ဘယ်လို အကျိုးအမြတ် ရရှိစေမလဲ၊ လူမှုရေးလုပ်ငန်းတွေအတွက် အစိုးရက ဘယ်လို ရံပုံငွေ တိုးချဲ့ချပေးမလဲ၊ အခွန်ဆောင်ဖို့ သက်သာအောင် ဘာလုပ်ပေးမလဲ စတာတွေကို စောင့်ကြည့်နေကြပါတယ်။

လစ်ဘရယ်ပါတီက လွှတ်တော်အမတ် Jane Hume က JobSeeker နဲ့ တခြားလူတွေ သက်သာချောင်ချိအောင် ငွေတိုးပေးခြင်းအားဖြင့် နိုင်ငံရဲ့ စီးပွားရေးထဲ ငွေကြေးစီးဆင်းမှု ပိုတိုးလာရင် ငွေကြေးဖောင်းပွမှု ပိုဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ ဝင်ငွေအင်မတန် နည်းတဲ့လူတွေနဲ့ အိမ်ငှားခသက်သာအောင် တနည်းတလမ်းလုပ်ပေးတာမျိုးတော့ လက်ခံနိုင်ဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။.

AMP ရဲ့ စီးပွားရေးအကြီးအကဲ Shane Oliver ကလည်း လူတွေကို ပိုက်ဆံပေးရင် ပိုသုံးကြမှာဖြစ်ပြီး စျေးကွက်မှာ လိုအပ်မှုပိုဖြစ်လာရင် ငွေကြေးဖောင်းပွမှုလည်း ပိုဖြစ်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အတိုးနှုန်းတွေကို မြင့်တင်နေချိန်မှာ အစိုးရက ဘဏ္ဏာငွေတွေကို အများကြီးသုံးနေရင် စီးပွားရေးပေါ်လစီမှာ ဆန့်ကျင်ဖက် နှစ်ခွ ဖြစ်နေတယ်လို့ ပြောပါတယ်။.

ဒါပေမဲ့ တကယ်လိုအပ်တဲ့ လူတွေကို ပစ်မှတ်ထားတဲ့ ကူညီထောက်ပံ့မှုတွေကတော့ ငွေကြေးဖောင်းပွမှုကို အများကြီး ဆိုးဝါးစေမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တချို့လူတွေကတော့ စွမ်းအင်စျေးတွေ မြင့်မားမှုကြောင့် အဲဒီအပိုင်းမှာ အစိုးရက သက်သာအောင် လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ဝင်ငွေနည်းသူနဲ့ အလည်အလတ် ဝင်ငွေရှိသူတွေကသာ သူတို့ရဲ့ စွမ်းအင်အတွက် ကုန်ကျစရိတ်အတွက် သက်သာမှုရရင်တော့ လျှပ်စစ်စျေးသက်သာစေနိုင်တယ်လို့ပြောပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now