SKIP TO MAIN CONTENT

သြစီတလွှားမှာ ရောဂါကူးစက်မှု စံချိန်တင်များပြားနေ၊ ဒီနေ့ ဝန်ကြီးအဖွဲ့ ဆွေးနွေးပွဲရှိမယ်

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စံချိန်တင် များပြားနေဆဲ ဖြစ်ပါတယ်။ New South Wales ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၃၅၀၅၄ ဦးရှိပြီး ၈ ဦး သေဆုံးရပါတယ်။

COVID
People wear face masks as a measure against the COVID-19 pandemic in Melbourne. Source: Getty Images

2 min read

Published

By Eden Gillespie

Source: SBS News



Skip to article content

မနေ့တုန်းက ကူးစက်သူ ၂၃၁၃၁ ဦး ရှိရာကနေ ကူးစက်သူ အယောက် ၁၁၉ ၂၃ ဦး ပိုများလာတာဖြစ်ပြီး အမြင့်ဆုံး ကူးစက်မှုနှုန်း ဖြစ်ပါတယ်။

လူပေါင်း ၁၄၉ ၁ ဦး ဆေးရုံတင်ထားရပြီး အရင်ရက်တုန်းက ဆေးရုံတင်ထားရသူက ၁၃၄၄ ဦး ရှိပါတယ်။ ဒါဟာလည်း ဆေးရုံတင်ထားရသူဦးရေ အများဆုံးနေ့အဖြစ် စံချိန်တင်နေပါတယ်။

လူပေါင်း ၁၁၉ ဦးကို အထူးကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာလည်း ဒီကနေ့ ကူးစက်သူ ၁၇၆၃၆ ဦးရှိပြီး ၁၁ ဦးသေဆုံးခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းက အသစ်ကူးစက်သူ ၁၄၀၂၀ ရှိခဲ့ရာက ဒီကနေ့ နောက်ထပ် ၁၇၀၀၀ ကျော် ကူးစက်ခံရတာဖြစ်ပြီး လူပေါင်း ၅၉ ၁ ဦး ဆေးရုံမှာ ကုသခံနေရပါတယ်။

အဲဒီအထဲက ၁၀၆ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

မနက် ၈ နာရီလောက်မှာပဲ ပြည်သူပိုင် စစ်ဆေးရေးစင်တာ အခု ၃၀ လောက်မှာ မနိုင်မနင်းမှုတွေ များလွန်းတဲ့အတွက် ရောဂါစစ်ဆေးမှုကို ခေတ္တရပ်ဆိုင်းလိုက်ရပါတယ်။

မနက် ၁၀ နာရီလောက်မှာတော့ စစ်ဆေးရေး စင်တာ အခုပေါင်း ၅၀ လောက် လုပ်ငန်း ခေတ္တရပ်ဆိုင်းလိုက်ရပါတယ်။

ပုဂ္ဂလိကပိုင် စစ်ဆေးရေးစင်တာ ၅၄ ခုဟာလည်း စစ်ဆေးမှုခံယူထားသူတွေကို ဓာတ်ခွဲခန်း ရလာဒ်တွေ မပေးနိုင်သေးတဲ့အတွက် ဇန်နဝါရီလ ၉ ရက်နေ့အထိ စစ်ဆေးမှုတွေကို ခေတ္တရပ်ဆိုင်းထားရပါတယ်။

နောက်ထပ် ဗစ်တိုးရီးယားပြည်နယ်မှာ သတင်းကြီးနေရာကတော့ ကမ္ဘာ့တင်းနစ်ချန်ပီယံ

Novak Djokovic ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစရာမလိုပဲ သြစတြေးလျနိုင်ငံထဲ ဝင်လာခွင့်ရသွားတဲ့အတွက် Australian Open တင်းနစ်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

တက်စ်မေးနီးယားပြည်နယ်မှာတော့ ကူးစက်သူ ၈၆၇ ဦးရှိပြီး ၅ ဦးဆေးရုံတင်ထားရပေမယ့် အထူးကြပ်မတ်ဆောင်မှာ ကုသခံရသူ မရှိပါဘူး။

အခုဆိုရင် တက်စ်မေးနီးယားပြည်နယ်မှာ ရောဂါ ကူးစက်ခံရသူ ၃၁၁၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

King Island မှာ ရောဂါရှိနေသူတွေဟာ သိသိကြီးနဲ့ သွားလာမှု လုပ်ခဲ့ပြီးနောက် အစိုးရက စစ်ဆေးမှုခံယူကြဖို့ တိုက်တွန်းခဲ့ရပါတယ်။ အဲဒီနေရာမှာ လူဦးရေ ၁၇၀၀ ဝန်းကျင်ရှိပါတယ်။

အဲဒီကျွန်းပေါ်က လူတွေ ရောဂါလက္ခဏာ နည်းနည်းပြတာနဲ့စစ်ဆေးမှု ခံယူကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

antigen rapid test
The ACCC has lashed out at retailers who it says are price gouging COVID-19 rapid antigen tests. Source: STRMX

ဒီဗုဒ္စဟူးနေ့မှာ ဝန်ကြီးများအဖွဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ရှိပြီး မိမိဖာသာ ရောဂါ စစ်ဆေးလို့ရတဲ့ rapid testing kit တွေကို လူတွေ တတ်နိုင်အောင် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးကြဖို့ ရှိပါတယ်။

အစီအစဉ်အရ ပင်စင်စားသမားတွေနဲ့ အစိုးရထောက်ပံ့ကြေးရယူသူတွေ rapid test ၅ ခု ဒါမှမဟုတ် အဲဒီထက်မက ဝယ်ယူဖို့ ငွေကြေးပေးမယ့် အနေအထားရှိပေမယ့် အဲဒီကုန်ကျစရိတ်မှာ ပြည်နယ်အစိုးရကပါ တချို့တဝက်ကုန်ကျခံပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို ငွေကြေးရရှိဖို့ သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်မှီရမယ်လို့ ပါရှိပါတယ်။

တနင်္လာနေ့ကတည်းက ဝန်းကြီးချုပ် Scott Morrison က ဖက်ဒရယ်အစိုးရအနေနဲ့ RAT kit တွေကို အခမဲ့ရအောင် မလုပ်ပေးနိုင်ဘူးလို့ ပြောပါတယ်။

ဒီကပ်ရောဂါနဲ့ ဆက်စပ်ပြီး နိုင်ငံသားတွေ အဆင်ပြေစေဖို့ ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြုပ်နှံမှု လုပ်ထားပေမယ့် အရာအားလုံး အခမဲ့ဆောင်ရွက်ပေးနိုင်တဲ့အခြေအနေ မဟုတ်တော့ဘူးလို့ ပြောပါတယ်။ လူတစ်ယောက်ယောက်က သင့်ကို အခမဲ့လုပ်ပေးမယ်လို့ ပြောလာခဲ့ရင် တစ်ယောက်ယောက်က အဲဒီအတွက် ကုန်ကျခံရမှာဖြစ်ပြီး သင်ကိုယ်တိုင်သာ ဖြစ်မယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုခံယူလိုတဲ့ လူတွေ များပြားလွန်းတဲ့အတွက် NSW ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့သူ ဒါမှမဟုတ် ရောဂါလက္ခဏာပြသူတွေကသာ စစ်ဆေးမှုခံယူကြဖို့ တိုက်တွန်းထားပါတယ်။

လူတွေဟာ စိုးရိမ်စိတ်များနေကြတာ သိပေမယ့် ဒီတောင်ကို ကျော်လွှားနိုင်ကြမယ့်အကြောင်း PCR test မလိုအပ်ရင် စစ်ဆေးမှုခံယူဖို့ တန်းစီတာမျိုး မလုပ်ကြဖို့၊ နောက်တစ်ပတ်ကစပြီး rapid antigen test တွေ ရောက်လာတော့မှာမို့ ပိုမိုအထောက်အကူပြုမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

With AAP.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now