Deltacron နဲ့ XE ကိုဗစ်-၁၉ မျိုးကွဲအကြောင်း

နယူးဆောက်သ်ဝေးလ်ပြည်နယ်နဲ့ ကွင်းစလန်းပြည်နယ်မှာ အရင်တစ်ပတ်က Deltacron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိပြီးတဲ့နောက် သြစတြေးလျနိုင်ငံက ကျန်းမာရေးအာဏာပိုင်တွေ အနီးကပ်စောင့်ကြည့်မှု လုပ်နေပါတယ်။

WHO believes XE variant could be 10 per cent more transmissible than BA.2 strain of Omicron.

The World Health Organization (WHO) believes the XE variant could be 10 per cent more transmissible than the BA.2 strain of Omicron. Source: Getty Images/Andriy Onufriyenko

နယူးဆောက်သ်ဝေးလ်မှာ BA.1/BA.2 ပေါင်းစပ်ထားတာကိုလည်း တွေ့ရပေမယ့် အာဏာပိုင်တွေကတော့ XE လို မသတ်မှတ်သေးပါဘူး။

ဗိုင်းရပ်စ်ပိုး ၂ မျိုး ရောစပ်သွားပြီး မျိုးကွဲသစ်တစ်မျိုး ဖြစ်သွားတာမျိုးဟာ အထူးအဆန်းတော့မဟုတ်ဘူးလို့ သိရပါတယ်။

Deltacron နဲ့ XE တို့ဟာ Delta နဲ့ Omicron မျိုးကွဲနဲ့ ဘယ်လို ကွဲပြားမှု ရှိပါသလဲ။

Deltacron နဲ့ XE တို့ဟာ မျိုးကွဲ ၂ မျိုး ရောစပ်သွားတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။

Deltacron ဟာ ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးကွဲ နှစ်ခု ပေါင်းစပ်ရာက ဖြစ်ပေါ်လာတာဖြစ်ပြီး 

XE ကတော့ Omicron အမျိုးအစားနှစ်ခုဖြစ်တဲ့ BA.1 (မူလ Omicron) နဲ့ BA2 (အိုမီခရွန် မျိုးကွဲ) တို့ ရောစပ်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

BA.2 ဟာ BA.1 ထက် ကူးစက်မှုနှုန်း မြင့်မားပြီး ဩစတြေးလျနိုင်ငံနဲ့ တချို့နိုင်ငံမှာ အဖြစ်များတဲ့ မျိုးကွဲ ဖြစ်နေပါတယ်။ BA.2 မျိုးကွဲကတော့ ဩစတြေးလျနိုင်ငံက ပြည်နယ်တချို့မှာ ရှိနေပြီး ဧပြီလလယ်လောက် ကြရင် ကူးစက်မှုက အထွတ်အထိပ်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က BA.1.1 နဲ့ BA.3 Omicron မျိုးကွဲတွေအပြင် BA.4 နဲ့ BA.5 မျိုးကွဲတွေကိုလည်း အနီးကပ် စောင့်ကြည့်မှု လုပ်နေပါတယ်။

စိုးရိမ်သင့်ပါသလား။

WHO အဖွဲ့က ကျွမ်းကျင်ပညာရှင် ဒေါက်တာ Maria Van Kerkhove ရဲ့ အဆိုအရ သူတို့အနေနနဲ့ Deltacron ကူးစက်မှု ဖြစ်နေတာကို သိပေမယ့် ကူးစက်မှုနှုန်းက မများဘူးလို့ ဆိုပါတယ်။

မျိုးကွဲ နှစ်ခု ရောစပ်ရာက ဖြစ်လာတဲ့ ဒယ်လ်တာခရွန်ဟာ သိသာတဲ့ ဆိုးဝါးမှု မတွေ့ရသေးပဲ လေ့လာနေဆဲ ဖြစ်တယ်လို့ အရင်တစ်ပတ်က ပြောပါတယ်။

ပါမောက္ခ Dominic Dwyer ဩာ Public Health Pathology  ရဲ့ ဒါရိုက်တာဖြစ်ပြီး  Deltacronလို မျိုးကွဲရောစပ်ထားတဲ့ ပိုးဟာ Delta နဲ့ Omicron လို သီးသန့်မျိုးကွဲထက်တော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် Delta မျိုးကွဲတွေဟာ ဩစတြေးလျအပြင် ကမ္ဘာတလွှားမှာ ကူးစက်မှုနှုန်း တဖြေးဖြေး နည်းလာပြီလို့ ပါမောက္ခ Dwyer က SBS ကို ပြောပါတယ်။

ဖေဖော်ဝါရီလကစပြီး Deltacron ကို ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ စတင်စမ်းသပ်တွေ့ရှိတာဖြစ်ပြီး အခုဆိုရင် အမေရိကန် နဲ့ ယူကေတွေအထိ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဧပြီလ ၈ ရက် သောကြာနေ့တုန်းက NSW နဲ့ Queensland မှာ Daltacron ကို စတင် စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

Queensland reported 12 Deltacron infections last week. One case of Deltacron has also been detected in New South Wales.
Queensland reported 12 Deltacron infections last week. One case of Deltacron has also been detected in New South Wales. Source: AAP Image/Russell Freeman

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူကေနိုင်ငံမှာ ဇန်နဝါရီလ ၁၉ ရက်မှာ စတင်စမ်းသပ်တွေ့ရှိတဲ့ XE ဟာ BA.2 Omicron နဲ့ ၁၀% ကူးစက်မှု ပိုဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် သုတေသနတွေ ဆက်လုပ်ရမှာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  XE ကို Omicron မျိုးကွဲတွေ ရောစပ်မိရာက ဖြစ်ပေါ်လာတာလို့ သတ်မှတ်ထားပါတယ်။

နယူးဆောက်သ်ဝေးလ် အာဏာပိုင်တွေကတော့ BA.1 BA.2 မျိုးကွဲ နှစ်မျိုး ရောစပ်ထားတာကို အရင်တစ်ပတ်က စမ်းသပ်တွေ့ရှိထားတယ်လို့ သိရပေမယ့် အဲဒါကို XE လို့ မသတ်မှတ်ထားပါဘူး။

BA.1 BA.2 ရောစပ်ထားတဲ့ မျိုးကွဲတစ်ခုထက် မနည်းရှိပြီး အဲဒီအထဲမှာ XG နဲ့ XE တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဩစတြေးလျမှာ ပြောနေကြတဲ့ XE ဆိုတာ ယူကေနဲ့ ဥရောပ မြောက်ပိုင်းမှာ တွေ့တဲ့ဟာနဲ့ မတူဘူးလို့ ပြောပါတယ်။ 

Health experts say there is not enough cases of Deltacron and XE to determine whether the current COVID-19 vaccines are effective against new variants.
Health experts say there are not enough Deltacron and XE cases to determine whether the current COVID-19 vaccines are effective against new variants. Source: AAP Image/Richard Wainwright

လက်ရှိကာကွယ်ဆေးတွေက Deltacron ကို ကာကွယ်ပေးနိုင်သလား။

ပါမောက္ခ Dwyer ရဲ့ အဆိုအရ ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်ထဲက ပရိုတင်းများနေတာကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒယ်လ်တာခရွန် (အိုမီခရွန် သို့ ဒယ်လ်တာ) မှာ ပရိုတိမ်းများနေရင် ကာကွယ်ဆေးက ထိရောက်ဖို့ များတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးက တကယ်ထိရောက်မှု ရှိမရှိ သိရလောက်အောင် Deltacron ဖြစ်ပွားမှု မများသေးဘူးလို့ ပြောပါတယ်။

ဆစ်ဒနီအခြေစိုက် Global Health Neurology Lab နဲ့ COVID-19 Reprogram Global Consortium အဖွဲ့က Dr Sonu Bhaskar ရဲ့ အဆိုအရ Deltacron ကို ထိန်းချုပ်ရာမှာ တခြား ကိုဗစ်-၁၉ မျိုးကွဲတွေကို ထိန်းချုပ်သလိုပဲ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိကာကွယ်ဆေးတွေက XE မျိုးကွဲကိုရော ကာကွယ်ပေးနိုင်မလား။

Professor Dwyer ရဲ့ အဆိုအရ XE မှာ Omicron ဆီက ပရိုတင်းတွေ ပါဝင်တဲ့အတွက် ကာကွယ်ဆေးတွေ ထိရောက်မှု ရှိသင့်တယ်လို့ ပြောပါတယ်။

Dr Van Kerkhove ရဲ့ အဆိုအရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ လူမှုအသိုင်းအဝိုင်းထဲမှာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတော့ လက်ရှိရှိနေတဲ့ လက်နက်ပစ္စည်း ဖြစ်တဲ့ ကာကွယ်ဆေးကို ထိုးပြီး အသုံးပြုထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

ကာကွယ်ဆေးကို အပြည်းအဝ ထိုးသင့်သလို တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်တာတွေ၊ နှာခေါင်းစည်း တပ်ဆင်တာတွေ၊ လူများတဲ့ နေရာကို ရှောင်ရှားပြီး ပြတင်းပေါက်တွေ တံခါးတွေ ဖွင့်ထားတာမျိုးလည်း လုပ်သင့်တယ်လို့ ပြောပါတယ်။ 

NSW က အထူးကြပ်မတ်ဆောင်မှာ ရောက်လာတဲ့ လူနာတွေအတွက် ရောဂါပိုး အမျိုးအစား သိရအောင် မျိုးရိုးခံတဲ့နည်းလမ်းနဲ့ စစ်ဆေးမှု လုပ်နေတယ်လို့ ဆိုပါတယ်။

အကယ်၍ သင့်မှာ အောက်ပါ လက္ခာဏာတွေ ပြနေရင် သုံညသုံးလုံး 000 ကို ဖုန်းဆက်ပြီး အရင်တုန်းက သင့်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖူးကြောင်း အသိပေးပြီး အကူအညီတောင်းခံနိုင်တယ်လို့ ပြောပါတယ်။  

  • အသက်ရှူမဝခြင်း၊ အသက်ရှူဖို့ ခက်ခဲခြင်း 
  • ရင်ဘတ်နာကြင်ခြင်း သို့မဟုတ် ဖိထားသလို နာခြင်း  
  • ဖျားနာခြင်း သို့ ပြန်ဖျားခြင်း 
  • အာရုံစိုက်ဖို့ ခက်ခဲခြင်း၊ ကြောင်တောင်တောင် ဖြစ်ခြင်း 
  • နိုးထဖို့ ခက်ခဲခြင်း တို့ ပါဝင်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် တခြား လက္ခဏာတွေ ခံစားနေရရင် မိမိရဲ့ ဂျီပီဆရာဝန် သို့မဟုတ် အခြား ကျန်းမာရေးဝန်ဆောင်မှု ဌာနကို ဆက်သွယ်နိုင်ပါတယ်။  (source: Healthdirect).

SBS အနေနဲ့ COVID-19 နဲ့ ဆက်စပ်ပြီး ဩစတြေးလျနိုင်ငံက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံလူတွေကို နောက်ဆုံးရ အချက်အလက်တွေ ဝေမျှပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ လုံခြုံဘေးကင်းစွာ နေထိုင်ပြီး  SBS ရဲ့ ကိုရိုနာဗိုင်းရပ်စ် စာမျက်နှာမှာ သင့်ဘာသာစကားနဲ့ နောက်ဆုံးရ အချက်အလက်တွေကို လေ့လာဖတ်ရှု နားဆင်နိုင်ပါတယ်။ 


Share

3 min read

Published

By Sahil Makkar




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now