ဒီကနေ့ သေဆုံးသူ ၉ ၃ ဦးရှိ၊ သေဆုံးမှုအများဆုံးနေ့အဖြစ် စံချိန်တင်

ဒါကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

Paramedics tending to their ambulance outside St. Vincent hospital in Melbourne.

Paramedics tending to their ambulance outside St. Vincent hospital in Melbourne. Source: AAP

  • သြစတြေးလျနိုင်ငံ တခွင်မှာ ဒီကနေ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉ ၃ ဦးရှိခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း သေဆုံးမှုနှုန်း အများဆုံးနေ့ ဖြစ်ပါတယ်။
  • အသက် ၁၆ နှစ်နဲ့ ၁၇ နှစ် လူငယ်တွေလည်း တတိယမြောက် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး booster shot ထိုးနိုင်ပြီ ဖြစ်ပါတယ်။ အရင်တုန်းက အသက် ၁၈ နှစ်အထက် ရှိသူတွေသာ ထိုးခွင့်ရတာ ဖြစ်ပါတယ်။
  • ကာကွယ်ဆေးကို အပြည့်အဝ ထိုးထားခြင်းလို့ ဆိုလိုရာမှာ ၂ ချောင်းအစား ၃ ချောင်းထိုးတာကို ဆိုလိုမလား ဆိုတာကို ကျန်းမာရေးပညာရှင်တွေက စဉ်းစားနေပါတယ်။ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယူးဆောက်သ်ဝေးလ် ပြည်နယ်က နိုင်ငံရေးသမားတွေက ၃ ချောင်းထိုးမှသာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားခြင်းလို့ သတ်မှတ်ဖို့ ပြောလာပြီးနောက် စဉ်းစားလာကြတာ ဖြစ်ပါတယ်။
  • Northern Territory အထူးဒေသက ဌာနေတိုင်းရင်းသားတွေရဲ့ ထိပ်သီးအဖွဲ့တစ်ခုကနေ ဒေသရဲ့ အရာရှိချုပ်ဆီ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကို ရပ်တန့်ဖို့ သြစတြေးလျတခွင်မှာ လော့ခ်ဒေါင်းတွေ ချမှတ်သင့်တယ်လို့ တောင်းဆိုထားပါတယ်။
  • မနေ့တုန်းက ဝန်ကြီးများအဖွဲ့ရဲ့ ၆၅ ကြိမ်မြောက် အစည်းအဝေးအတွင်း ပြည်နယ်နဲ့ အထူးဒေသတွေရဲ့ ဆေးရုံနဲ့ အထူးကြပ်မတ်ဆောင်မှာ ဖိအားတွေ အနည်းငယ် လျော့ကျလာပြီလို့ ပြောဆိုခဲ့ကြပါတယ်။
  • ပြည်နယ်အများစုမှာ ၂၀၂၂ ပညာသင်နှစ်ကို စတင်ဖို့ အစီအစဉ်တွေ ပြင်ဆင်ထားရှိကြပြီး နယူးဆောက်သ်ဝေးလ် ပြည်နယ်မှာတော့ rapid antigen test တွေအသင့် ပြင်ထားသလို ဘတ်စ်နဲ့ ရထားပြေးဆွဲမှု အသစ်တွေကိုလည်း ကြေညာခဲ့ပါတယ်။
  • Victoria ရဲ့ ပြည်သူပိုင်ကျောင်း၊ ကက်သလစ်ကျောင်းနဲ့ သီးသန့်လွတ်လပ်တဲ့ ကျောင်းတွေအတွက် rapid antigen test အခုပေါင်း ၂ သန်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျောင်းပြန်မဖွင့်ခင်မှာ အခုပေါင်း ၆ သန်း ရရှိမယ်လို့ မျှော်လင့်နေကြပါတယ်။
  • ကွင်းစလန်းပြည်နယ်မှာတော့ မိဘတွေ၊ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက အစိုးရရဲ့ ကျောင်းပြန်တက်နိုင်ရေး အစီအစဉ်ကို စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။
  • ကွင်းစလန်းပြည်နယ်မှာ တစ်ရက်အတွင်း ကိုဗစ်-၁၉ ကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ရပြီး ဒါဟာ ပြည်နယ်အတွက် သေဆုံးမှု အများဆုံးနေ့ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၁၂ ဦးဟာ သက်ကြီးဂေဟာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
  • NSW အစိုးရရဲ့ စမ်းသပ်မှု ပုံစံတစ်ခုအရ အင်မတန် နာမကျန်းဖြစ်သူနဲ့ အထူးကြပ်မတ်ဆောင် ရောက်ကြတဲ့ လူနာတွေဟာ အကောင်းဆုံး ပြုစုစောင့်ရှောက်မှုကို ရရှိခဲ့ကြပြီး နောက်တစ်ပတ်ကစပြီး ကိုဗစ်ကြောင့် ဆေးရုံတင်ထားရမှုတွေ လျော့ကျလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း

NSW ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၅ ဦးရှိပြီး လူပေါင်း ၂၇၃၇ ဦး ဆေးရုံတင်ထားရပြီး အဲဒီအထဲက ၁၈၉

ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။ တစ်ရက်အတွင်း ကူးစက်သူ ၁၃၃၃၃ ဦး တိုးလာတာလည်း ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ သေဆုံးသူ ၃၉ ဦးရှိပြီး ၉ ၈၈ ဦး ဆေးရုံတင်ထားရပါတယ်။ အဲဒီအထဲက ၁၁၄ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပြီး တစ်ရက်အတွင်း ကူးစက်သူ ၁၂၇၅၅ ဦး တိုးလာပါတယ်။

ကွင်းစလန်းပြည်နယ်မှာတော့ ဆေးရုံတင်ထားရသူ ၈၁၈ ဦးရှိပြီး ၅၄ ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။ တစ်ရက်အတွင်း လူပေါင်း ၉ ၉ ၇၄ ဦး ကူးစက်ပြီး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။

တက်စ်မေးနီးယား ပြည်နယ်မှာ တစ်ရက်အတွင်း ကူးစက်သူ ၅၈၄ ဦး ရှိပြီး ဒါဟာ ဇန်နဝါရီလ ၃ ရက်နောက်ပိုင်း ကူးစက်မှု အနည်းဆုံးနေ့ ဖြစ်ပါတယ်။ လူ ၁၉ ဦးကို ဆေးရုံတင်ထားရပြီး ၁ ဦးကတော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

ကိုဗစ်၁၉  ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဒေသအလိုက် ဘယ်လို ကိုင်တွယ်လုပ်ဆောင်နေသလဲ ဆိုတာကို သင့်ဘာသာစကားနဲ့ ဒီနေရာမှာ လေ့လာပါ။ 


 

ပြည်နယ်တချို့မှာ မိမိဖာသာ ရောဂါရှိမရှိ RAT စစ်ဆေးပြီး ရောဂါရှိကြောင်း မှတ်ပုံတင်နိုင်အောင် အွန်လိုင်းဖောင်တွေကို အောက်ပါလင့်ခ်တွေမှာ လုပ်ဆောင်ပေးထားပါတယ်။

ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ အခြား စည်းမျဉ်းများ

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအပေါ် မူတည်ပြီး ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူးလည်း ဆိုတာနဲ့ပတ်သက်ပြီး လေ့လာပါ။

ခရီးသွားလာခြင်း

နိုင်ငံတကာ ခရီးသွားလာသူများနဲ့ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး အကူအညီ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးတဲ့နှုန်း ၇၀% နဲ့ ၈၀% ပြည့်တာနဲ့

COVID-19 Disaster Payment မှာ အပြောင်းအလဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းငွေရေးကြေးရေးဆိုင်ရာ အကူအညီတွေနဲ့ ဆက်စပ်ပြီး သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။

  • ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ https://www.sbs.com.au/language/coronavirus မှာ လေ့လာနိုင်ပါတယ်။
  • သင်နေထိုင်ရာ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လမ်းညွန်ချက်နဲ့ ဆက်စပ်ပြီး လေ့လာရန် -NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
  • COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးသင့်ဘာသာစကားဖြင့်လေ့လာနိုင်ပါတယ်။

 

NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

COVID-19 Vaccination Glossary

Appointment Reminder Tool.

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရောဂါစစ်ဆေးရေးဌာနများအတွက် -

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania

Northern Territory


Share

3 min read

Published




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now