ACT က တတိယအကြိမ်မြောက် လော့ခ်ဒေါင်းရက်ကို တိုးချပြီ

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Eneo ya kati ya mji wa Canberra, Jumatano, Agosti 25, 2021.

Mtu asukuma kifaa chenye bidhaa, katika eneo la maduka lililo tupu mjini Canberra, Jumatano, Agosti 25, 2021. Source: AAP Image/Lukas Coch

  • NSW မှာ COVID-19 နဲ့ ဆက်စပ်တဲ့ ထောက်ပံ့ကြေးကို တိုးချဲ့လုပ်ဆောင်
  • Victoria မှာ စိတ်ကျန်းမာရေးဝန်ဆောင်မှုအတွက် ရံပုံငွေတိုးချဲ့ချမှတ်
  • ACT မှာ အောက်တိုဘာလ ၁၅ ရက်နေ့အထိ လော့ခ်ဒေါင်းတိုးချဲ့ ချမှတ်ထား
  • Queensland မှာ ဒီကနေ့ ကူးစက်သူ ၁ ဦးတိုးလာ

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၁၂၇ ဦးရှိပြီး လူ ၂ ဦးလည်း သေဆုံးခဲ့ရပါတယ်။

Yass Valley Council မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးတဲ့နောက် အဲဒီနေရာမှာ နေထိုင်တဲ့လူတွေ၊ အဲဒီဒေသကို စက်တင်ဘာလ ၉ ရက်နောက်ပိုင်း သွားလာခဲ့တဲ့လူတွေအနေနဲ့ stay-at-home လုပ်ရမယ်လို့ ညွန်ကြားထားပါတယ်။

NSW ကျန်းမာရေးဌာနက Young in the Murrumbidgee ဒေသ ကျန်းမာရေးဌာနထဲမှာ ပါဝင်တဲ့ Young မြို့ရဲ့ ရေဆိုးစနစ်ထဲမှာ ကိုဗစ်-၁၉ အစအနတွေ တွေ့ရှိထားတဲ့အတွက် အဲဒီမြို့ နေထိုင်သူတွေအနေနဲ့ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှု ခံယူကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီမြို့မှာ ရောဂါကူးစက်မှု မရှိသေးတဲ့အတွက် စိုးရိမ်ကြပါတယ်။

Covid-19 support payment ဆိုတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကူညီထောက်ပံ့ကြေးတွေကိုလည်း အလုပ်သမားတွေနဲ့ ဒုက္ခရောက်နေတဲ့ အသိုင်းအဝိုင်းတွေအတွက် တိုးချဲ့ ပေးနေပြီး အဲဒီအထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေအတွက်လည်း ပါဝင်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၄၄၅ ဦးရှိပြီး နှစ်ဦး ထပ်မံသေဆုံးရပါတယ်။ ပြည်နယ်အတွင်းမှာ ရောဂါကူးစက်သူ စုစုပေါင်း ၃၇၉ ၉ ရှိသွားပြီး အဲဒီအထဲက ၈၅% ဟာ အသက် ၅၀ အောက် လူတွေ ဖြစ်ကြပါတယ်။

ဒုတိယ ပြည်နယ်ဝန်ကြီးချုပ် James Merlino က ဗစ်တိုးရီးယားပြည်နယ် နယ်ဒေသနဲ့ မဲလ်ဘုန်းမြို့ပေါ်က လူတွေရဲ့ စိတ်ကျန်းမာရေးအတွက် ဒေါ်လာ ၂၂.၁ သန်း တန် ဝန်ဆောင်မှုတွေ ပေးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၂၂ ဦးတိုးလာပါတယ်။ လော့ခ်ဒေါင်းကိုလည်း ၄ ပတ်ကြာ ထပ်မံ တိုးချဲ့ချမှတ်ထားမှာဖြစ်ပြီး လက်ရှိ တင်းကြပ်မှု စည်းမျဉ်းကို စက်တင်ဘာလ ၁၇ ရက်နေ့အထိ ချမှတ်ထားပါတယ်။ အဲဒီအထဲမှာ ဆိုင်ငယ်တွေထဲမှာ လူ ၅ ဦးအထိ လက်ခံခွင့်ရှိပြီး တစ်ဦးနဲ့တစ်ဦး ၄ စတုရန်းမီတာအကွာမှာ ရှိရမယ်လို့ ပါရှိပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ရှာကြည့်နိုင်သလို ACT အနေနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတဲ့အစီအစဉ်ကိုလည်း လေ့လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ

Western Australian မှာ လာမယ့် တစ်ပတ်ကစပြီး အသက် ၆၀ အထက်ရှိသူတွေပါ Pfizer COVID-19 ကာကွယ်ဆေး ထိုးနိုင်မှာ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now