ACT မှာ လော့ခ်ဒေါင်းရက်တိုးချထား၊ AstraZeneca ကာကွယ်ဆေးကိုလည်း ထိုးဖို့ အာဏာပိုင်တွေ တိုက်တွန်း

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

The ACT reported 13 new local COVID-19 cases on Tuesday, including at least eight that were infectious in the community.

The ACT reported 13 new local COVID-19 cases on Tuesday, including at least eight that were infectious in the community. Source: AAP Image/Lukas Coch

  • NSW မှာ လူဦးရေ ၆၇% အနည်းဆုံး ကာကွယ်ဆေးတစ်ချောင်း ထိုးပြီး
  • Victoria မှာ ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာ အခု ၁၀၀၀ ကျော်ရှိ
  • ACT မှာ စက်တင်ဘာလ ၁၇ ရက်နေ့အထိ လော့ခ်ဒေါင်း ချမှတ်ထား
  • SA က NT နဲ့ Queensland ပြည်နယ်က လူတွေအတွက် နယ်စပ်ဖွင့်ပေး

 

New South Wales

NSW မှာ ဒီကနေ့ ကူးစက်သူ ၁၁၆၃ ဦးရှိပြီး အဲဒီအထဲက ၇၆၉ ဦးဟာ ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ လူ ၃ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံ သေဆုံးခဲ့ရပါတယ်။

ပြည်နယ်ကျန်းမာရေးမှူးချုပ် Dr Kerry Chant က Guildford ရပ်ကွက်၊ Merrylands, Auburn, Greenacre, Bankstown နဲ့ Blacktown ရပ်ကွက်မှာ နေထိုင်သူတွေ ရောဂါရှိမရှိ စမ်းသပ်ခံယူကြဖို့ တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီး Brad Hazzard က Pfizer ကာကွယ်ဆေး အလုံအလောက် မရှိတဲ့အတွက် အသက် ၁၈ နှစ်ကျော်သူတွေ AstraZeneca ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ် အနောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ဆက်စပ်ပြီး တနင်္လာနေ့တုန်းက Dubbo မြို့မှာ ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာ တစ်ဦး ကိုဗစ်-၁၉ ကြောင့် ပထမဆုံး သေဆုံးခဲ့ရပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria မှာ ဒီကနေ့ ရောဂါကူးစက်သူ ၇၆ ဦးရှိပြီး အဲဒီအထဲက ၃၁ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု မရှိတဲ့လူတွေ ဖြစ်ကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒယ်နီရာလ် အင်ဒြူးစ်က မနက်ဖြန်ကြရင် တင်းကြပ်မှုတွေကို ဘယ်လို ဖြေလျှော့ပေးမလဲ ဆိုတာကို ကြေညာဖို့ရှိနေပြီး AstraZeneca ကာကွယ်ဆေးတွေ အများအပြားရှိနေတာကို ကြည့်ပြီး ဒီအချိန်မှာ ရနိုင်တဲ့ ကာကွယ်ဆေးဟာ အကောင်းဆုံး ကာကွယ်ဆေးဖြစ်တဲ့အတွက် ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာ အခုပေါင်း ၁၀၀၀ ကျော်ရှိသွားပြီး အဲဒီအထဲမှာ မဲလ်ဘုန်းမြို့က တိုက်ခန်းတချို့လည်း ပါဝင်ပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၃ ဦး တိုးလာပြီး အနည်းဆုံး ၈ ဦးဟာ ရောဂါရှိနေတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ကင်ဘာရာမြို့မှာ လူအများအပြားကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်မယ့် ကာကွယ်ဆေး ဆေးခန်းကို Australian Institute of Sport Arena မှာ ဖွင့်လှစ်ဖို့ရှိပြီး စက်တင်ဘာလ ၃ ရက်၊ သောကြာနေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ လော့ခ်ဒေါင်းကိုလည်း စက်တင်ဘာလ ၁၇ ရက်နေ့အထိ ချမှတ်ထားတာဖြစ်ပြီး ကြသပတေးညနေ ၅ နာရီကစပြီး တင်းကြပ်မှု အသစ်တချို့လည်း ချမှတ်ထားပါတယ်။

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

South Australia ပြည်နယ်ကတော့ ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းနဲ့ Northern Territory ဒေသ Katherine က လူတွေအတွက် သွားလာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

alc covid mental health
Source: ALC

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now