New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၆၃၃ ဦး တိုးလာပြီး ၃ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီအထဲက အနည်းဆုံး ၆၂ ဦးဟာ ရောဂါရှိတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က Merrylands, Guilford, Auburn, Greenacre နဲ့ St Marys ရပ်ကွက်တွေမှာ ရောဂါ ကူးစက်မှု အလျင်အမြန် တိုးပွားလာနေတဲ့အတွက် စိုးရိမ်မကင်းမှု ဖြစ်ရတယ်လို့ ပြောပါတယ်။
စိုးရိမ်ရတဲ့ နေရာအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ၁၂ ခုမှာ နေထိုင်သူ အသက် ၁၆ နှစ်နဲ့ ၃၉ နှစ်ရှိသူတွေ Pfizer ကာကွယ်ဆေးထိုးမယ်ဆိုရင် မနက်ဖြန် သြဂုတ်လ ၁၉ ရက် ကြာသပတေးနေ့ကစပြီး ဦးစားပေး ထိုးပေးမယ်လို့ ပြောပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ကူးစက်သူ ၂၄ ဦး တိုးလာပြီး ကူးစက်ခံရသူ ၄ ဦးဟာ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာကို ခြေရာခံလို့ မရသေးတဲ့ လူတွေ ဖြစ်ပါတယ်။ ၆ ယောက်ကတော့ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းအတွင်း သွားလာမှု လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
COVID-19 ဆိုင်ရာ သေနာပတိချုပ် Jeroen Weimar ရဲ့ အဆိုအရ ရောဂါ ရှိသူတွေနဲ့ ထိတွေ့မှုရှိသူတွေလို့ ယူဆရသူ ၁၅ ၀၀၀ ဦးရှိပြီး ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာပေါင်း ၅၂၀ ရှိနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
- ACT မှာ ရောဂါ ကူးစက်သူ ၂၂ ဦးရှိတဲ့အတွက် ကင်ဘာရာမှာ စုစုပေါင်း ကူးစက်ခံရသူ ၆၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
- ကွင်းစလန်းပြည်နယ် အရှေ့ပိုင်း၊ Cairns နဲ့ Yarrabah မြို့နယ်တွေမှာ သြဂုတ်လ ၂၀ ရက်၊ ညနေ ၄ နာရီကစပြီး တင်းကြပ်မှုတွေ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
- Greater Darwin နဲ့ Katherine ဒေသမှာ ချမှတ်ထားတဲ့ လော့ခ်ဒေါင်းကိုလည်း မနက်ဖြန် မွန်းလွဲချ်ိန်ကစပြီး အဆုံးသတ်ပေးတော့မှာ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

