COVID-19 နောက်ဆုံးရအချက် - ရောဂါစစ်ဆေးမှု ပိုခံယူဖို့နဲ့ ကာကွယ်ဆေး ထိုးနှုန်း တိုးမြင့်ဖို့ အာဏာပိုင်တွေ တိုက်တွန်း

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Australian Defence Force

Australian Defence Force personnel assist people as they check into the Qudos Bank Arena NSW Health COVID-19 Vaccination Centre in Sydney Source: AAP Image/Bianca De March

New South Wales

NSW မှာ ဒီကနေ့ ကူးစက်သူ ၄၅၂ ဦးရှိပြီး အနည်းဆုံး အယောက် ၅၀ ဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းအတွင်း သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကူးစက်သူတွေရဲ့ ၇၅% လောက်ဟာ အသက် ၄၀ အောက် ရှိသူတွေ ဖြစ်ကြပါတယ်။ အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး သူမဟာ ကာကွယ်ဆေး မထိုးထားဘူးလို့ သိရပါတယ်။

Lennox Head ရေဆိုးစနစ်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုး အစအန စစ်ဆေးတွေ့ရှိတဲ့အတွက် ရောဂါရှိမရှိ စစ်ဆေးမှု ခံယူကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က အသက် ၇၀ ကျော်သူတွေ ကာကွယ်ဆေး ထိုးကြဖို့ အထူးပန်ကြားထားပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ရောဂါကူးစက်သူ ၂၄ ဦးရှိပြီး အဲဒီအထဲက ၃ ဦးဟာ ဘယ်ကနေ ဘယ်လို ကူးစက်သလဲ ဆိုတာကို ဆက်စပ်လို့ မရဖြစ်နေပါတယ်။ ကူးစက်သူတွေထဲက ၁၀ ဦးဟာ ကူးစက်နေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ရောဂါရှိမရှိ များများ စစ်ဆေးမှု ခံယူကြဖို့ တိုက်တွန်းထားပြီး အထူးသဖြင့် Port Phillip နဲ့ Bayside မြို့နယ်အတွင်းက St Kilda နဲ့ အနီးတဝိုက်က ရပ်ကွက်ကလူတွေ စစ်ဆေးမှု ခံယူဖို့ တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

 

  • ACT မှာ ရောဂါ ကူးစက်သူ ၁၇ ဦးတိုးလာတဲ့အတွက် အခုဆိုရင် ကင်ဘာရာမြို့မှာ ရောဂါ ကူးစက်ခံရသူ ၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ACT မှာ ရောဂါရှိသူတွေ သွားလာခဲ့တဲ့ နေရာ အခုပေါင်း ၁၀၀ နီးပါးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
  • Northern Territory မှာ မနေ့တုန်းက ရောဂါစစ်ဆေးခံယူသူ ၁၈၄၆ ရှိပြီး ရောဂါရှိသူ တစ်ဦးမှ မတွေ့ခဲ့ရပါဘူး။
  • Queensland ပြည်နယ်မှာ နေအိမ်မှာ ကွာရန်တင်းဝင်နေသူတစ်ဦးမှာ ရောဂါရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
alc covid mental health
Source: ALC

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

2 min read

Published


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now