ဗစ်တိုးရီးယားမှာ လူ ၄ သန်း ကာကွယ်ဆေးထိုးပြီး၊ NSW မှာ community sport ပြန်လုပ်ခွင့်ရ

ဒါကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။

NSW Premier Dominic Perrottet has announced a $25m boost for community sport

NSW Premier Dominic Perrottet has announced a $25m boost for community sport. Source: AAP

  • NSW ပြည်နယ် ဝန်ကြီးချုပ်က အရည်အချင်းပြည့် လုပ်သားနဲ့ တခြားအလုပ်သမား ရှားပါးမှု ပြဿနာက တကယ့်စိန်ခေါ်မှု ဖြစ်တယ်လို့ဆို
  • Qantas လေကြောင်းလိုင်း ကုမ္ပဏီရဲ့အဆိုအရ နိုင်ငံတကာ လေယာဉ်လက်မှတ်ကို ပြည်တွင်းလေယာဉ်လက်မှတ်ထက် ရောင်းရနေလို့ဆို

 

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၅၀ ရှိပြီး ၉

ဦး သေဆုံးခဲ့ရပါတယ်။

လူပေါင်း ၇၇၀ ဆေးရုံတင်ထားရပြီး အဲဒီအထဲက ၁၄၄ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသနေရပြီး အယောက် ၉ ၀ ကတော့ ventilator ကို အသုံးပြုနေရပါတယ်။

မနေ့ကစပြီး ဗစ်တိုးရီးယားပြည်နယ်မှာ လော့ခ်ဒေါင်းချမှတ်ထားတာကို ဖယ်ရှားပေးလိုက်ပေမယ့် ရောဂါကူးစက်မှု မြင့်မားနေဆဲဖြစ်ပြီး လာမယ့် သတင်းပတ်တွေအတွင်း ရောဂါကူးစက်မှုက စံချိန်တင် မြင့်လာမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

COVID-19 Commander ဖြစ်သူ Jeroen Weimar ရဲ့ အဆိုအရ ဗစ်တိုးရီးယားပြည်နယ်မှာ လူပေါင်း ၄ သန်းကျော် ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီး တင်းကြပ်မှုတွေ ဆက်လက် ဖြေလျှော့ပေးနိုင်မယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။

NSW

New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၃၃၂ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ရပါတယ်။

သောကြာနေ့တုန်းကတော့ စာသင်ကျောင်းတချို့မှာ ရောဂါရှိသူနဲ့ နီးစပ်သူတွေ သွားရောက်တဲ့အတွက် စာသင်ကျောင်းတချို့ကို ပိတ်ချပြီး သန့်စင်ဆေးကြောမှုတွေ လုပ်ခဲ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က နယ်ဒေသတွေမှာ စားသောက်ဆိုင်လုပ်ငန်းက လုပ်သားတွေအပါအဝင် အရည်အချင်းပြည့်ဝသူနဲ့ အလုပ်သမား ရှားပါးမှု ပြဿနာဟာ တကယ့်စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။ လုပ်ငန်းလည်ပတ်မှုမှာ ၂၀၀% တိုးလာပေမယ့် အမှုထမ်းက ၅၀% လျော့ကျသွားတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

ပြည်နယ်အတွင်းမှာ community sport တွေကို အားပေးအားမြောက်ပြုတဲ့အနေနဲ့ ဒေါ်လာ ၂၅ သန်း ချမှတ်ပေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ

  • Qantas လေကြောင်းလိုင်းရဲ့ CEO Alan Joyce က လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ ဆုံးဖြတ်တဲ့နောက်ပိုင်း လူတွေ အများအပြား လေယာဉ်လက်မှတ်ဝယ်ယူနေကြတယ်လို့ ပြောပါတယ်။ နာရီပိုင်းအတွင်း လက်မှတ် ရောင်းကုန်သွားတာတွေဖြစ်ခဲ့သလို နိုင်ငံတကာ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်တွေက ပြည်တွင်းလက်မှတ်တွေထက် ရောင်းအား သွက်နေတယ်လို့ ပြောပါတယ်။
  • ACT မှာ ဒီကနေ့ ကူးစက်သူ ၂၄ ဦးရှိပြီး Queensland ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ မရှိပါဘူး။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

2 min read

Published




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now