- NSW တလွှားက ကိုဗစ်-၁၉ ကူးစက်မှု မရှိသေးတဲ့နေရာတွေမှာပါ ဗိုင်းရပ်စ်ရဲ့ အစအနတွေ တွေ့ရှိ
- Victoria မှာ အခုလောလောဆယ် ကူးစက်သူ ၇၆၁၁ ဦးအထိ ရှိလာ
- ACT မှာ ကူးစက်သူ ၃၂ ဦး တိုးလာ
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၀၀၇ ဦးရှိပြီး အဲဒီအထဲက ၅၂၂ ဦးဟာ ဆစ်ဒနီမြို့ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ လူ ၁၁ ဦးလည်း သေဆုံးခဲ့ရလို့ အခုဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦး ဒါမှမဟုတ် ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက သေဆုံးရသူက ၃၄၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါပိုး အစအနတွေကို ပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းက Tamworth၊ အနောက်စွန်းပိုင်းက Dareton နဲ့ Balranald၊ အလယ်အနောက်ပိုင်းက in Far Oberon နဲ့ တောင်ပိုင်း ကမ်းရိုးတန်းရှိ Hunter ဒေသက Dungog နဲ့ Eden ရဲ့ ရေဆိုးတွေထဲမှာ ရောဂါပိုး အစအန တွေ့ရှိထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၈၄၇ ဦးရှိပြီး အဲဒီအထဲက ၇၉ % ဟာ အသက် ၅၀ အောက် လူတွေ ဖြစ်ပြီး လူ ၁ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ဒီသတင်းပတ်ကုန်မှာ လမ်းပြမြေပုံအရ ခန့်မှန်ထားတဲ့ ပစ်မှတ်ကို မရောက်နိုင်တဲ့အတွက် မဲလ်ဘုန်းမြို့သူ မြို့သားတွေအနေနဲ့ တင်းကြပ်မှု ဖြေလျှော့ခွင့်ရဖို့ စိတ်ရှည်ထားရဦးမှာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၈၀% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးထားရင် ဖြေလျှော့မှု လုပ်ပေးမယ်လို့ လမ်းပြမြေပုံမှာ ဖော်ပြထားပေမယ့် ၈၀% ပြည့်ဖို့ ၃.၇% နည်းနေသေးတာ ဖြစ်ပါတယ်။
AFL ဗိုလ်လုပွဲရက် (ဒီရက်) မှာ အားလုံး နေအိမ်မှာပဲ နေထိုင်ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျရဲ့ အခြေအနေ
Queensland ပြည်နယ်မှာ ရောဂါကူးစက်သူ တစ်ဦးရှိပေမယ့် အဲဒီလူဟာ Sunnybank မှာ ဖြစ်တဲ့ ကူးစက်မှုနဲ့ ဆက်စပ်နေတာဖြစ်ပြီး နေအိမ်မှာပဲ ကွာရန်တင်းတောက်လျှောက် ဝင်သူ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ ကူးစက်မှုတွေနဲ့ ဆက်စပ်ပြီး ကွာရန်တင်း ဝင်နေရသူ အယောက်ပေါင်း ၂၀၀၀ ရှိပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

