- NSW မှာ ရောဂါအဖြစ်များတဲ့မြို့နယ်တွေမှာ တင်းကြပ်မှုပိုလုပ်
- Victoria ပြည်နယ် Sheppartonမြို့မှာ ရောဂါရှိသူ တစ်ဦးရှိလို့ ရောဂါခြေရာခံမှု စတင်
- ACT မှာ ရောဂါကူးစက်သူ ၁၂ ဦးတိုး
- South Australia က တချို့ ပြည်နယ်နဲ့ ဒေသတချို့အတွက် နယ်စပ်ဖွင့်ပေး
New South Wales
NSW မှာ ရောဂါကူးစက်သူ ၆၄၄ ဦးရှိပြီး အဲဒီအထဲက ၄၁ ဦးဟာ ရောဂါရှိတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးသူ လူ ၄ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်ရတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေနဲ့ လုပ်ငန်းတွေအတွက် သြဂုတ်လ ၂၃ ရက် တနင်္လာနေ့မနက် ၁၂.၀၁ မိနစ်ကစပြီး တင်းကြပ်မှုတွေ တိုးချဲ့ ချမှတ်လိုက်ပါတယ်။ အဲဒီအထဲမှာ ည ၉ နာရီကနေ မနက် ၅ နာရီကို ကာဖြူးချိန် သတ်မှတ်လိုက်သလို အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း တစ်ရက်မှာ တစ်နာရီသာ လုပ်ရမယ်လို့ ပါရှိပါတယ်။
Greater Sydney မှာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ လော့ခ်ဒေါင်းချလိုက်ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ရောဂါ ကူးစက်သူ ၅၅ ဦး တိုးလာပြီး အဲဒီအထဲက ၆ ဦးကတော့ ဘယ်လိုကနေ ဘယ်လို ကူးစက်မှန်း မသိရတဲ့လူတွေ ဖြစ်ပါတယ်။ ကူးစက်သူ အယောက် ၃၀ ဟာလည်း ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
Shepparton မြို့မှာ ရောဂါ ရှိသူ တစ်ဦး စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ကျန်းမာရေးအာဏာပိုင်တွေက တပ်လှန့်မှု လုပ်ထားပါတယ်။
ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာတွေ နဲ့ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ရောဂါ ကူးစက်သူ ၁၂ ဦးရှိပြီး တစ်ဦးကတော့ ဘယ်လို ကူးစက်သလဲ ဆိုတာကို ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ကင်ဘာရာမြို့မှာ ကူးစက်သူ ၉ ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် ဆေးရုံတင်ထားရတဲ့ COVID-19 လူနာ တစ်ဦးရှိပြီး ရောဂါ ရှိသူတွေ သွားလာခဲ့တဲ့ နေရာက အခုပေါင်း ၂၅၀ ရှိသွားပြီးတော့ အဲဒီအထဲမှာ အများပြည်သူသုံးယာဉ်လိုင်းတွေ၊ fast food ဆိုင်တွေနဲ့ ကလေးထိန်းကျောင်းတစ်ခု ပါဝင်ပါတယ်။
သင့်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
- NT နဲ့ Queensland မှာ ဒီကနေ့လည်း ရောဂါ ကူးစက်ခံရသူ တိုးလာခြင်းမရှိပါဘူး။
- South Australia ပြည်နယ်က ကွင်းစလန်းပြည်နယ် မြောက်ပိုင်းနဲ့ နယ်ဒေသက လူတွေအတွက် နယ်စပ်ဖွင့်ပေးလိုက်သလို Northern Territory ဒေသအားလုံးနီးပါးအတွက်လည်း နယ်စပ်ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

