- NSW ပြည်နယ်အတွင်းရှိ နယ်ဒေသ ၁၂ ခုမှာ လော့ခ်ဒေါင်းချိန်ပြီးဆုံးပြီ
- Victoria မှာ ဖြေလျှော့မှု အနည်းငယ် လုပ်ဆောင်ပေး
- ACT မှာ COVID-19 ဆိုင်ရာ ပံ့ပိုးမှု တိုးချဲ့လုပ်ဆောင်
- Queensland မှာ နေအိမ်ကွာရန်တင်းဝင်သူ တစ်ဦး ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိ
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၃၅၁ ဦး တိုးလာပြီး ၁၂ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ ၁၂ ဦးထဲက ၁၀ ဦးဟာ ကာကွယ်ဆေး မထိုးထားတဲ့ လူတွေ ဖြစ်ကြပါတယ်။
ဒီညနေ ၆ နာရီကစပြီး Lismore နဲ့ Albury မှာ လော့ခ်ဒေါင်းချမှတ်ထားပြီး ရောဂါကူးစက်သူတွေ များလာတဲ့အတွက် ၇ ရက်ကြာ လော့ခ်ဒေါင်းချထားမှာ ဖြစ်ပါတယ်။
Bega Valley, Blayney, Bogan, Cabonne, Dungog, Forbes, Muswellbrook, Narrabri, Parkes, Singleton Snowy Monaro နဲ့ Upper Hunter Shire မှာတော့ ဒီနေ့ကစပြီး လော့ခ်ဒေါင်းကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria မှာ ဒီကနေ့ ကူးစက်သူ ၅၁၄ ဦး တိုးလာတဲ့အတွက် အခုဆိုရင် ကူးစက်သူ ဦးရေက စုစုပေါင်း ၄၃၇၀ ရှိသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ Victoria ပြည်နယ်မှာ ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသူ လူဦးရေ ၇၀% ရှိသွားပြီး မဲလ်ဘုန်းမြို့နဲ့ နယ်ဒေသမှာ မနက်ဖြန် သောကြာည သန်းခေါင်ချိန်ကစပြီး တင်းကြပ်မှု တချို့ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသူတွေအနေနဲ့ လူ ၅ ဦးအထိ အောက်ဒိုးမှာ စုဝေးခွင့်ရမှာဖြစ်ပြီး ကာကွယ်ဆေး မထိုးထားတဲ့သူ ဒါမှမဟုတ် တစ်ချောင်းသာ ထိုးထားတဲ့လူတွေအနေနဲ့ တခြားလူ ၁ ဦးနဲ့သာ အပြင်မှာ ဆုံခွင့်ရှိတာ ဖြစ်ပါတယ်။
လိုအပ်တာတွေ ဝယ်ယူဖို့၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အိမ်နဲ့ ၅ ကီလိုမီတာ ဝန်းကျင်မှာပဲ သွားလာရမယ်လို့ သတ်မှတ်တဲ့အစား အခုဆိုရင် ၁၀ ကီလိုမီတာအတွင်း သွားလာခွင့်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာတော့ ကူးစက်သူ ၁၅ ဦးတိုးလာပြီး အနည်းဆုံး ၈ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ပြည်ထောင်စု အစိုးရနဲ့ ACT အစိုးရတို့ကနေ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာနေရတဲ့ ခရီးသွားလာရေးလုပ်ငန်း၊ နေရာထိုင်ခင်းလုပ်ငန်း၊ အနုပညာလုပ်ငန်း၊ အခမ်းအနားကျင်းပရေးလုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ အတွက် ထောက်ပံ့ကြေးပိုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ထောက်ပံ့ကြေးဆိုင်ရာ အချက်အလက်နဲ့ လျှောက်လွာတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ
Northern Territory မှာ နိုဝင်ဘာလ အစောပိုင်းအထိ ကာကွယ်ဆေးထိုးသူ ၈၀% ရှိဖို့အတွက် ရည်မှန်းချက် ချထားပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

