SKIP TO MAIN CONTENT

ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေ။ ။ NSW မှာရောဂါရှိသူပိုမိုများပြားလာပြီး Moderna ကာကွယ်ဆေးယာယီအသုံးပြုခွင့်ရ

သြဂုတ်လ ၁၀ရက်နေ့ သြစတြေးလျားနိုင်ငံအတွင်း သင့်အတွက် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

Watu wakufanya usafi waingia ndani ya shule ya umma ya Bondi Beach, Bondi, Sydney, Jumanne, 10 Agosti, 2021
Watu wakufanya usafi waingia ndani ya shule ya umma ya Bondi Beach, Bondi, Sydney, Jumanne, 10 Agosti, 2021 Source: AAP Image/Dan Himbrechts

2 min read

Published

Updated

Presented by Shah Paung



Skip to article content

  • NSW မှာရောဂါကူးစက်ခံရသူများပြားလာရခြင်းဟာ စည်းကမ်းလိုက်နာဆောင်မှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ပြော
  • ဗစ်တိုးရီးယားမှာကာကွယ်ဆေးထိုးသူဦးရေတိုးမြှင့်လာ
  • ကွင်းစလန်းမှာ ရောဂါထပ်မံကူးစက်ခံရသူတွေဟာ ရောဂါရှိစဉ်တလျှောက် ကွာရန်တင်း နေနေကြတဲ့သူတွေဖြစ်
  • Therapeutic Goods Administration က Moderna ကိုဗစ်-၁၉ကာကွယ်ဆေးကို ယာယီအသုံးပြုခွင့်ပေးလိုက်ပြီ

နယူးဆော့သ်ဝေး

နယူးဆော့သ်ဝေးမှာ ရောဂါရှိသူ ၃၅၆ဦးထပ်မံတိုးလာပြီး သုံးပုံတပုံဟာ ရောဂါရှိစဉ်တလျှောက် လူမှုအသိုင်းအဝိုင်းအတွင်းနေထိုင်သူတွေဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ လူကြီးသုံးဦး ထပ်မံသေဆုံးခဲ့တာကြောင့် ရောဂါပြန်လည်ဖြစ်ပွားကတည်းက အခုထိဆိုရင် သေဆုံးသူ ၃၂ဦးရှိသွားပြီဖြစ်ပါတယ်။

Byron Shire, Richmond Valley, Lismore နဲ့ Ballina Shire ဒေသန္တရအစိုးရအုပ်ချုပ်နယ်မြေတွေကို သြဂုတ်လ ၁၇ရက် အင်္ဂါနေ့ မနက် ၁၂နာရီ ၁မိနစ်အထိ ပိတ်ချထားမှာဖြစ်ပါတယ်။

ရောဂါကူးစက်သူအများပြားလာရတဲ့ အဓိကအကြောင်းအရင်းဟာ ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့်အမိန့်တွေကို မလိုက်နာကြဖြစ်ရတာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီး လူတွေကိုလည်းကာကွယ်ဆေးထိုးကြဖို့တိုက်တွန်းလိုက်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့ ဆေးခန်းနေရာတွေကို ဒီနေရာမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဗစ်တိုးရီးယား

ဗစ်တိုးရီးယားပြည်နယ်အတွင်းရောဂါရှိသူ ၂၀ဦးတိုးလာပြီး အားလုံးဟာ သိထားပြီးသား ရောဂါကူးစက်ပြန့်ပွားမှုနေရာနဲ့ ဆက်စပ်မှုရှိကြပါတယ်။ သူတို့ထဲက ၅ဦးဟာ ရောဂါရှိစဉ်ကာလတလျှောက် ကွာရန်တင်း နေနေကြတဲ့သူတွေဖြစ်ပါတယ်။

ရှေ့လာအတွင်းမှာ ကာကွယ်ဆေးထိုးဖို့အတွက် ကြိုတင် နေရာယူထားတဲ့သူပေါင်း ၃၃၃၀၀၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး Martin Foley ကပြောပါတယ်။

မဲလ်ဘုန်းမြို့နယ်နိမိတ်အတွင်းနေထိုင်သူတွေအနေနဲ့ နယ်ဒေသတွေကို ခရီးသွားရင် ပစ်ဒဏ်ပေးခံရမှာဖြစ်ပြီး ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ အခုဆိုရင် ပြည်နယ်တဝိုက် အဓိကလမ်းမကြီးတွေပေါ်မှာ ရဲတပ်ဖွဲ့ အယောက် ၂၀၀ ဝန်းကျင် ချထားပါတယ်။

ကာကွယ်ဆေးထိုးတဲ့ ဆေးခန်းနေရာတွေကို ဒီနေရာမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ

  • ကွင်းစလန်းမှာ ရောဂါရှိသူ ၃ဦးထပ်မံတိုးလာပါတယ်။  South East Queensland နေရာအတွင်း ကန့်သတ်ချက်တွေကို ဒီနေရာမှာဝင်ရောက်လေ့လာနိုင်ပါတယ်။
  • အစိုးရအနေနဲ့ Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂၅သန်း ရရှိထားပြီး ၂၀၂၁ခုနှစ် နှစ်မကုန်ခင်မှာတော့ ၁၀သန်းရောက်လာမယ့်လို့ မျှော်လင့်ထားကြပါတယ်။
    ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။NSWTravel & transportandQuarantineVICTravel permit,Overseas travellersandQuarantineACTTransportandQuarantineNTTravelandQuarantineQLDTravelandQuarantineSATravelandQuarantineTASTravelandQuarantineWATravelandQuarantineသင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
    • သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
    • သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
    • ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။COVID-19 Vaccination Glossary
    Appointment Reminder Tool.
    ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။NSWVictoriaQueenslandSouth AustraliaACTWestern AustraliaTasmaniaNorthern Territory
    ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။NSWVictoriaQueenslandSouth AustraliaACTWestern AustraliaTasmania
    Northern Territory

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now