Northern Territory မှာ ကူးစက်သူများလာလို့ လော့ခ်ဒေါင်းရက်တိုးမြင့်ချထား

ဒါကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် အင်္ဂါနေ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။

Kiongozi wa Wilaya ya Kaskazini Michael Gunner azungumza na waandishi wa habari katika bunge la NT mjini Darwin

Kiongozi wa Wilaya ya Kaskazini Michael Gunner, azungumza na waandishi wa habari katika bunge la NT mjini Darwin. Source: AAP Image/Aaron Bunch

  • Northern Territory မှာ ကလေးငယ်တစ်ဦးအပါအဝင် ကူးစက်သူ ၃ ဦးထပ်တိုးလာပြီးနောက် ဒီဇင်ဘာလ ၄ ရက်အထိ လော့ခ်ဒေါင်းချမှတ် ထားပါတယ်။
  • Queensland ပြည်နယ်ဝန်ကြီးချုပ် Annastacia Palaszczuk က ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးသူ ၉ ၀% မရှိမခြင်း ဆစ်ဒနီမြို့ကို ခဏသွားလိက်မယ် ဆိုတာမျိုး လုပ်လို့ရမှာ မဟုတ်ဘူးလို့ ပြောဆို လိုက်ပါတယ်။
  • ပြည်တွင်း ခရီးသွားတွေအတွက် ရောဂါစစ်ဆေးရေးစနစ်မှာ အပြောင်းအလဲလုပ်ဖို့ NSW တိုက်တွန်း ထားပါတယ်။
  • South Australia က ကွာရန်တင်းဝင်စရာမလိုပဲ NSW, ACT နဲ့ Victoria ပြည်နယ်က လူတွေအတွက် နယ်စပ်ဖွင့်ပေး၊ သောကြာနေ့မွန်းလွဲပိုင်းကစပြီး လူပေါင်း ၄၃၀၀၀ ဦး ပြည်နယ်ထဲဝင်ခွင့်ရဖို့ EntryCheck ဝဘ်ဆိုက်ကနေတဆင့် လျှောက်ထားကြပါတယ်။
  • သြစတြေးလျမှာ အသက် ၁၆ နှစ်အထက် ရှိသူ လူဦးရေ ၈၀% အောက်သာ ထိုးထားတဲ့ ရပ်ကွက်၊ မြို့နယ်တွေကနေ South Australia ကို လာရောက်ရင် ကွာရန်တင်း ဝင်ရဦးမှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးသူ အရေအတွက် -

Victoria ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်သူ ၈၂၇ ဦးရှိပြီး ၁၉ ဦး သေဆုံးရပါတယ်။ သေဆုံးသူတွေထဲက ၁၇ ဦးဟာ ကာကွယ်ဆေး မထိုးထားကြတဲ့ လူတွေ ဖြစ်ပါတယ်။

NSW မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၇၃ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၉ ဦး ရှိပါတယ်။


 

ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ တင်းကြပ်မှုဆိုင်ရာ သတ်မှတ်ချက်များ

သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသမှာ ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ လုပ်ခွင့်မရှိဘူးလဲ ဆိုတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ခရီးသွားလာခြင်း

နိုင်ငံတကာက ခရီးသွားတွေအတွက် သတင်းအချက်အလက်များနဲ့ ကိုဗစ်-၁၉ အချက်အလက်အပြင် သင့်ဘာသာနဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး ထောက်ပံ့မှု

ပြည်နယ်တွေမှာ ကာကွယ်ဆေးထိုးတဲ့ လူဦးရေ ၇၀ နဲ့ ၈၀% ရှိပြီဆိုတာနဲ့ COVID-19 Disaster Payment ထောက်ပံ့ကြေးမှာ အပြောင်းအလဲ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ဒုက္ခရောက်လို့ အကူအညီလိုအပ်ရင် သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။



 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


 

ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


Share

2 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now