NSW မှာ “friends bubble”ကြေညာ၊ Victoria မှာ ကူးစက်သူ ၆၀၀ ကျော်ရှိ

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

Extremists' blasted as hundreds march in Melbourne during another vaccine protest

Extremists' blasted as hundreds march in Melbourne during another vaccine protest Source: AAP/James Ross

  • NSW ပြည်နယ် Byron, Kempsey နဲ့ Tweed မှာ လော့ခ်ဒေါင်းပြန်ချမှတ်
  • Victoria မှာ ကူးစက်သူ စုစုပေါင်း အယောက် ၆၀၀၀ ကျော်ပြီ
  • ACT မှာ စိတ်ကျန်းမာရေးအတွက် ရံပုံငွေတိုးချဲ့ပေး

 

New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၀၂၂ ဦးရှိပြီး လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။ အခုလောလောဆယ် ကာကွယ်ဆေးထိုးခွင့်ရှိသူ လူဦးရေ ၅၃% ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
Byron Shire, Kempsey နဲ့ Tweed ဒေသမှာ ဒီညနေ ၅ နာရီကစပြီး ၇ ရက်ကြာ လော့ခ်ဒေါင်း ပြန်လည် ချမှတ်လိုက်ပါတယ်။ ဆစ်ဒနီမြို့က ရောဂါရှိသူ တစ်ဦး ပြည်နယ်ရဲ့ မြောက်ပိုင်းက နေရာအတော်များများကို သွားရောက်လည်ပတ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
ဒီကနေ့ကစပြီး ၅ ကီလိုမီတာ ပတ်ဝန်းကျင်အတွင်း နေထိုင်တဲ့ အသက် ၁၈ နှစ်အောက် သူငယ်ချင်း ၃ ဦးအထိ တစ်အိမ်နဲ့တစ်အိမ် လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို "friends bubble" ထားရှိခွင့်ရဖို့ မိဘအုပ်ထိန်းသူတွေ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးထားသူတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါ ကူးစက်သူ ၆၀၃ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။
Melbourne, Geelong, the Surf Coast, Ballarat နဲ့ Mitchell Shire တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ကူးစက်သူ များလာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်း ၂ ပတ်ကြာ ပိတ်ချထားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ရောဂါကူးစက်သူ ၄၀၃ ခုရှိပြီး ဆောက်လုပ်ရေးနေရာ ၁၈၆ ခုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်က Moderna ကာကွယ်ဆေး အခုပေါင်း ၃၀၀၀၀၀ ဝေစု ရရှိမှာ ဖြစ်ပါတယ်။

Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၆ ဦး တိုးလာပါတယ်။ ဒေသအကြီးအကဲ Andrew Barr က စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် ဒေါ်လာ ၁၄ သန်း တိုးချဲ့ချမှတ်ပေးမယ်လို့ ကြေညာထားပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Domestic violence during COVID-19 pandemic
Domestic infographic Source: SBS
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
ACT 
 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
ACT 

Share

Published

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service