- NSW ပြည်နယ် Byron, Kempsey နဲ့ Tweed မှာ လော့ခ်ဒေါင်းပြန်ချမှတ်
- Victoria မှာ ကူးစက်သူ စုစုပေါင်း အယောက် ၆၀၀၀ ကျော်ပြီ
- ACT မှာ စိတ်ကျန်းမာရေးအတွက် ရံပုံငွေတိုးချဲ့ပေး
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၀၂၂ ဦးရှိပြီး လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။ အခုလောလောဆယ် ကာကွယ်ဆေးထိုးခွင့်ရှိသူ လူဦးရေ ၅၃% ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
Byron Shire, Kempsey နဲ့ Tweed ဒေသမှာ ဒီညနေ ၅ နာရီကစပြီး ၇ ရက်ကြာ လော့ခ်ဒေါင်း ပြန်လည် ချမှတ်လိုက်ပါတယ်။ ဆစ်ဒနီမြို့က ရောဂါရှိသူ တစ်ဦး ပြည်နယ်ရဲ့ မြောက်ပိုင်းက နေရာအတော်များများကို သွားရောက်လည်ပတ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
ဒီကနေ့ကစပြီး ၅ ကီလိုမီတာ ပတ်ဝန်းကျင်အတွင်း နေထိုင်တဲ့ အသက် ၁၈ နှစ်အောက် သူငယ်ချင်း ၃ ဦးအထိ တစ်အိမ်နဲ့တစ်အိမ် လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို "friends bubble" ထားရှိခွင့်ရဖို့ မိဘအုပ်ထိန်းသူတွေ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးထားသူတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။
သြစတြေးလျ Red Cross အသင်းက နယူးဆောက်သ်ဝေးလ် လော့ခ်ဒေါင်းကြောင့် ထိခိုက်နစ်နာနေရတဲ့ ယာယီဗီဇာကိုင်ဆောင်သူနဲ့ ဗီဇာမဲ့သူတွေအတွက် အကူအညီတွေ ပေးဆောင်နေပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါ ကူးစက်သူ ၆၀၃ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။
Melbourne, Geelong, the Surf Coast, Ballarat နဲ့ Mitchell Shire တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ကူးစက်သူ များလာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်း ၂ ပတ်ကြာ ပိတ်ချထားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ရောဂါကူးစက်သူ ၄၀၃ ခုရှိပြီး ဆောက်လုပ်ရေးနေရာ ၁၈၆ ခုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်က Moderna ကာကွယ်ဆေး အခုပေါင်း ၃၀၀၀၀၀ ဝေစု ရရှိမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၆ ဦး တိုးလာပါတယ်။ ဒေသအကြီးအကဲ Andrew Barr က စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် ဒေါ်လာ ၁၄ သန်း တိုးချဲ့ချမှတ်ပေးမယ်လို့ ကြေညာထားပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

