အောက်တိုဘာကစပြီး စာသင်ခန်းမှာ စာသင်နိုင်မယ်လို့ NSW ကြေညာ

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Mass Vaccination hub at Qudos Arena in Sydney,

Thousands of Year 12 HSC students got their Pfizer vaccinations at the Mass Vaccination hub at Qudos Arena in Sydney, Monday, August 9, 2021. Source: AAP Image/Dean Lewins

  • NSW မှာ HSC စာမေးပွဲကို နိုဝင်ဘာလ ၉ ရက်အထိ ရက်ရွှေ့ဆိုင်းထား
  • ဗစ်တိုးရီးယားမှာ ဖြစ်နေတဲ့ကူးစက်မှုထဲက ၁၀ ဦး ၁ ဦးဟာ Shepparton ကလူတွေဖြစ်နေ
  • ACT က လော့ခ်ဒေါင်းအတွင်း စီးပွားရေးလုပ်ငန်းတွေအတွက် တင်းကြပ်မှုတွေ
  • ATAGI က အသက် ၁၂ ကနေ ၁၅ နှစ်ကြားရှိသူတွေလည်း Pfizer ကို အသုံးပြုနိုင်တယ်လို့ အတည်ပြုပေး

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၈၈၂ ဦးရှိပြီး အဲဒီအထဲက ၈၀% ကျော်ဟာ ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ အနောက်တောင်းပိုင်းမှာ ကူးစက်မှု ဖြစ်နေတာဖြစ်ပါတယ်။ အသက် ၆၀ ဝန်းကျင်နဲ့ အသက် ၉ ၀ ဝန်းကျင် အမျိုးသား နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ကျောင်းသားတွေ ကျောင်းပြန်တက်နိုင်မယ့် ရက်တွေကို ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နောက်ပိုင်း - သူငယ်တန်းနဲ့ ၁ တန်းကလေးတွေ ကျောင်းတက်နိုင်သလို

  • နိုဝင်ဘာလ ၁ ရက်နောက်ပိုင်း - ၂ တန်း၊ ၆ တန်းနဲ့ ၁၁ တန်းကလေးတွေ ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပြီး
  • နိုဝင်ဘာလ ၈ ရက်နောက်ပိုင်း - ၃ တန်း၊ ၄ တန်း၊ ၅ တန်း၊ ၇ တန်း၊ ၈ တန်း၊ ၉ တန်းနဲ့ ၁၀ တန်းကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။
  • နိုဝင်ဘာလ ၈ ရက်နောက်ပိုင်း စာသင်ကျောင်းက အမှုထမ်းတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်လိုက်ပြီး စက်တင်ဘာလ ၆ ရက်ကစပြီး ဦးစားပေးထိုးပေးဖို့ ရှိပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

 

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၇၉ ဦးရှိပြီး အဲဒီအထဲက ၅၃ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်သွယ်မှုရှိပေမယ့် ၂၆ ဦးကတော့ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာ မသိရသေးပါဘူး။

လူဦးရေ ၆၅၀၀၀ သာရှိတဲ့ Shepparton မြို့မှာ လူပေါင်း ၁၆၀၀၀ လောက် သီးသန့်ခွဲခြားနေထိုင်မှု ပြုလုပ်နေရတဲ့အတွက် အစားအစာ ဖြန့်ဖြူးရေးလုပ်ငန်း၊ ဆူပါမတ်ကက်နဲ့ ဈေးဆိုင်တွေမှာလည်း အမှုထမ်းမလုံလောက်တော့လို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၂၁ ဦးရှိတဲ့အတွက် စုစုပေါင်း ကူးစက်သူ ၂၀၉

ဦး တိုးလာပြီ ဖြစ်ပါတယ်။

ကင်ဘာရာမြို့မှာ လက်လီအရောင်းဆိုင်တွေ၊ အမှိုက်စွန့်ပစ်ရေးလုပ်ငန်းတွေ၊ gym လုပ်ငန်း၊ အကသင်တန်းလုပ်ငန်းနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေအတွက် ဒီနေ့မွန်းလွဲကစပြီး အပြောင်းအလဲတချို့ သတ်မှတ်ပေးထားပါတယ်။

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

  • Queensland အရှေ့တောင်ပိုင်းမှာ ဒီကနေ့ ညနေ ၄ နာရီနောက်ပိုင်း တင်းကြပ်မှုတချို့ကို ထပ်မံဖြေလျှော့မှု လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
  • The Australian Technical Advisory Group on Immunisation ဆိုတဲ့ ကာကွယ်ဆေးဆိုင်ရာမှာ အကြံပေးတဲ့အဖွဲ့က အသက် ၁၂ ကနေ ၁၅ နှစ်အကြားကလေးတွေလည်း Pfizer COVID-19 ကာကွယ်ဆေးကို ထိုးနိုင်တယ်လို့ အတည်ပြုပေးထားပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now