ကိုဗစ်-၁၉ နာက်ဆုံးအခြေအနေ။ ။ NSW ရောဂါရှိသူတိုးလာ၊ SA ပိတ်ချမှုအဆုံးသတ်ဖို့ လမ်းကြောင်းမှန်ပေါ်မှာရှိနေ

ဇွန်လိုင်လ ၂၄ရက်နေ့ သြစတြေးလျားနိုင်ငံအတွင်း သင့်အတွက် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

Protesters march along Broadway and George St towards Sydney Town Hall during the ‘World Wide Rally For Freedom’ anti-lockdown rally at Hyde Park in Sydney, Saturday, July 24, 2021. (AAP Image/Mick Tsikas) NO ARCHIVING

Protesters march along Broadway during the World Wide Rally For Freedom anti-lockdown rally at Hyde Park in Sydney, Saturday, July 24, 2021. Source: AAP Image/Mick Tsikas

  • NSW မှာရောဂါရှိသူတိုးလာ
  • Sydney နဲ့ Melbourne မှာ ပိတ်ချမှုကိုဆန့်ကျင်သူတွေ ချီတက်ဆန္ဒပြ 
  • NSW ပြည်နယ်တခုလုံးကို ကိုဗစ်-၁၉ အမြင့်ဆုံးအန္တရာယ်ရှိတဲ့နေရာအဖြစ် ဗစ်တိုးရီးယားပြည်နယ်သတ်မှတ်
  • သီတင်းတပတ်ကြာပိတ်ချမှုကို အဆုံးသတ်နိုင်ငံဖို့ South Australia လမ်းကြောင်းမှန်ပေါ်မှာရှိနေ

New South Wales  

နယူးဆော့သ်ဝေးမှာ ဒေသတွင်းရောဂါရှိသူ ၁၃၆တိုးလာပြီး ဒါဟာ Delta မျိုးကွဲ စတင်ကူးစက်ပြန့်ပွားတဲ့ ဇွန်လကတည်းကစပြီး ကူးစက်မှုအများဆုံးရက်ဖြစ်ပါတယ်။ လူထုကျန်းမာရေးဆိုင်ရာညွန်ကြားချက်အမိန့်ချိုးဖောက်သူ ၂၄၆ဦးကို နယူးဆော့သ်ဝေးရဲတွေက ဒဏ်တပ်ခဲ့ပါတယ်။ လက်ရှိဖြစ်နေတဲ့ Delta မျိုးကွဲကူးစက်မှုကြောင့် သေဆုံးသူ ၆ဦးရှိ သွားပြီြုဖစ်ပါတယ်။

ဆစ်ဒနီမြို့အနောက်ဘက် Cumberland နဲ့ Blacktown ဒေသန္တရအစိုးရအုပ်ချုပ်ရေးနယ်နှစ်ခုကို ကန့်သတ်ချက်အမြှင့်ဆုံးရှိတဲ့နေရာထဲမှာထပ်မံထည့်သွင်းလိုက်ပါတယ်။ ခွင့်ပြုချက်ရှိတဲ့ အလုပ်သမားတွေသာလျင် အဆိုပါနယ်မြေအပြင်ဘက်ကိုထွက်ခွင့်ရှိတာဖြစ်ပါတယ်။

ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို ဒီလင့်ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Victoria 

ဗစ်တိုးရီးယားပြည်နယ်မှာရောဂါရှိသူ ၁၂ဦးတိုးလာပြီး ဒီထဲက ၂ဦးသာလျင် လူမှုအသိုင်းအဝ်ိုင်းအတွင်းကူးစက်ခံရသူတွေဖြစ်ပါတယ်။

သောကြာနေ့ည ၁၁နာရီ ၅၉မိနစ်ကစပြီး နယူးဆော့သ်ဝေးပြည်နယ်ကို အမြင့်ဆုံး အန္တရာယ်ရှိတဲ့နေရာအဖြစ် ကျန်းမာရေးဌာနအကြီးအကဲ Brett Sutton က သောကြာနေ့နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။

ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါစာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

လက်ရှိပိတ်ချမှုကို ဇူလိုင်လ ၂၇ရက် အင်္ဂါနေ့ ည ၁၁နာရီ ၅၉မိနစ်အထိ သက်တမ်းတိုးမြှင့်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ

  • SA ပြည်နယ်ဝန်ကြီးချုပ် Steven Marshall က မိမိပြည်နယ်အနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး ပိတ်ချထားမှုကို အင်္ဂါနေ့မှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ စာသင်ကျောင်းတွေကိုတော့ ဗုဒ္စနေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
  • ဝန်ကြီးချုပ် Scott Morrison က နယူးဆော့သ်ဝေးပြည်နယ်အတွက် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကို ချက်ခြင်းတိုးပေးဖို့ ကတိမပေးနိုင်ဘူးလို့ဆိုပါတယ်။
  • Sydney နဲ့ Melbourne မြို့တွေမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကိုချိုးဖောက်ပြီး ပိတ်ချမှုကိုဆန့်ကျင်တဲ့လူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကိုဗစ် -၁၉ နဲ့ပတ်သက်တဲ့ အထောက်အထားမဲ့ပြောဆိုချက်များ။ ။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ အလျင်အမြန် ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ဆိုကြပါတယ်။

ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ မှန်ကန်တဲ့အချက်အလက်များ။ ။

ကိုဗစ်-၁၉ ကာကွယ်ဆေး တခုစီကို ဖြန့်ဝေသုံးစွဲခွင့်မပြုခင်မှာ သြစတြေးလျားနိုင်ငံရဲ့ Therapeutic Goods Administration (TGA) ရဲ့ တင်းကျပ်ထားတဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ ဘေးကင်းလုံခြုံမှု၊ အရေအသွေးပြည့်မှီမှု၊ ထိရောက်မှု စတဲ့အချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံအတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ဘေးကင်းလုံခြုံမှု နဲ့ပတ်သက်တဲ့ အကြောင်းအရာတခုခု တွေ့ရှိခဲ့လျင် အလျင်အမြန် အရေးယူကိုင်တွယ်နိုင်ဖို့ TGA အနေနဲ့ အနီးအကပ် စောင့်ကြည့်လျက်ရှိပါတယ်။ သြစတြေးလျနိုင်ငံထဲကို ပေးဝင်ခွင့်မပြုခင်မှာ တင်သွင်းလာတဲ့ ကာကွယ်တခုစီရဲ့ အရည်အသွေးကို TGA က သေခြာစွာ စစ်ဆေးပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း ပြုစုထားတဲ့ အများပြည်သူကျန်းမာရေးဆိုင်ရာသုံးသပ်ချက်တွေထဲမှာ မတူညီတဲ့ ကိုဗစ်-၁၉ မျိုးကွဲကြောင့် နိုင်ငံတဝှမ်းရှိ သေဆုံးသူတွေဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေဖြစ်ပါတယ်။

ဇွန်လအတွင်းPublic Health Englandကနေထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေဖော်ဝါရီလကတည်းကစပြီး Dalta မျိုးကွဲကြောင့် ဆေးရုံတင်ရတဲ့သူ ၂၂၃ ဦးထဲက ၁၀၃ဦးဟာ ကာကွယ်ဆေးမထိုးထားတဲ့သူ ဒါမှမဟုတ် တကြိမ်တည်းသာ ထိုးထားရတဲ့သူတွေဖြစ်ပါတယ်။


ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး

ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။

NSWTravel & transportandQuarantine

VICTravel permit,Overseas travellersandQuarantine

ACTTransportandQuarantine

NTTravelandQuarantine

QLDTravelandQuarantine

SATravelandQuarantine

TASTravelandQuarantine

WATravelandQuarantine

သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။


  • သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
  • သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
  • ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania

Northern Territory


ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania
Northern Territory


2 min read

Published

By SBS/ALC Content

Presented by Shah Paung

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now