NSW မှာ ကူးစက်သူ ၁၀၀၀ ကျော်၊ ကာကွယ်ဆေးထိုးသူတွေ ပိုလွတ်လပ်ခွင့်ရမယ်

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Members of the public wear face masks as they exercise in Sydney, Thursday, August 26, 2021.

Members of the public wear face masks as they exercise in Sydney, Thursday, August 26, 2021. Source: AAP Image/Bianca De March

  • NSW နယ်ဒေသမှာ စက်တင်ဘာလ ၁၀ ရက်အထိ လော့ခ်ဒေါင်း တိုးချဲ့ချမှတ်
  • Victoria ပြည်နယ်က Pfizer ကာကွယ်ဆေး ၂၅၀၀၀ ထပ်မံရရှိ
  • ACT မှာ Business support grants လျှောက်ထားဖို့ လုပ်ဆောင်ပေး
  • Queensland ပြည်နယ်က Toowoomba အနားမှာ ကွာရန်တင်းစင်တာ ဆောက်မယ်

New South Wales

NSW မှာ ဒီကနေ့ ရောဂါ ကူးစက်သူ ၁၀၂၉ ဦးရှိပြီး အနည်းဆုံး ၃၇ ဦးဟာ ရောဂါရှိတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကာကွယ်ဆေး မထိုးထားတဲ့လူ ၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က စက်တင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်း ကာကွယ်ဆေးထိုးထားတဲ့ လူတွေကို ပိုမိုလွတ်လပ်ခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ကူးစက်မှုနှုန်းများလို့ အစိုးရအနေနဲ့ စိုးရိမ်ရတဲ့ ရပ်ကွက်တွေမှာ မနေထိုင်တဲ့လူတွေကတော့ အိမ်ပြင်ပမှာ လူ ၅ ဦးအထိ စုဝေးခွင့်ရှိပြီး နေအိမ်ရဲ့ ၅ ကီလိုမီတာ ပတ်ဝန်းကျင်မှာသာ စုဝေးခွင့်ပေးတာ ဖြစ်ပါတယ်။

စိုးရိမ်ရတဲ့ ရပ်ကွက်တွေမှာ နေထိုင်တဲ့လူတွေကလည်း အိမ်ပြင်ပမှာ စုဝေးခွင့်ရှိပေမယ့် လက်ရှိ ချမှတ်ထားတဲ့ တင်းကြပ်မှုတွေနဲ့ ကာဖြူးချိန်တွေအပြင် ကိုယ်လက်လေ့ကျင့်ခန်းအတွက် သတ်မှတ်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ အယောက် ၈၀ ရှိပြီး အဲဒီအထဲက ၄၁ ဦးဟာ ရောဂါရှိတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အသက် ၄၀ အောက်လူတွေအနေနဲ့ AstraZeneca ကာကွယ်ဆေး ထိုးဖို့ ရက်ချိန်းယူထားရင်တောင် အလိုအလျောက် Pfizer ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်အတွက် Pfizer ကာကွယ်ဆေး အခုပေါင်း ၂၅၀၀၀ ထပ်မံရရှိထားတယ်လို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအရာရှိ Jeroen Weimar က ပြောပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၄ ဦးရှိတဲ့အတွက် စုစုပေါင်း ကူးစက်သူ ၁၉ ၀ ရှိသွားပြီ ဖြစ်ပါတယ်။

Canberra မြို့က လုပ်ငန်းရှင်တွေအနေနဲ့ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းထိခိုက်ရရင် အလုပ်သမားရှိတဲ့ လုပ်ငန်းတွေက ဒေါ်လာ ၁၀၀၀၀ အထိ ထောက်ပံ့ကြေးရဖို့ လျှောက်ထားနိုင်ပြီး အလုပ်သမား မရှိတဲ့ လုပ်ငန်းတွေက ဒေါ်လာ ၄၀၀၀ အထိ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

 

  • Queensland ပြည်နယ်မှာတော့ Toowoomba မြို့ Wellcamp Airport နားမှာ ကွာရန်တင်းစင်တာ တစ်ခု တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။
  • Northern Territory မှာတော့ အသက် ၁၂ နှစ်နဲ့အထက် ရှိသူတွေ Pfizer ကာကွယ်ဆေး ထိုးနိုင်ပြီလို့ သိရပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now