- NSW နယ်ဒေသမှာ သြဂုတ်လ ၂၈ ရက်အထိ လော့ခ်ဒေါင်းချမှတ်
- ဗစ်တိုးရီးယားမှာ ကူးစက်သူ ဦးရေတိုးလာ၊ လော့ခ်ဒေါင်းချမှတ်တဲ့ ရက်ပေါင်း ၂၀၀ ရှိပြီ
- ACT မှာ ဘယ်လိုကနေ ဘယ်လို ကူးစက်မှန်း မသိတဲ့ ကူးစက်မှု ၉ ခုရှိ
- Queensland နဲ့ NT မှာ ရောဂါကူးစက်ခံရသူ တိုးလာခြင်းမရှိ
New South Wales
NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၆၈၁ ဦးရှိပြီး အနည်းဆုံး ၈၇ ဦးဟာ ရောဂါရှိနေတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
အသက် ၈၀ ဝန်းကျင်အမျိုးသားတစ်ဦးသေဆုံးခဲ့အတွက် လက်ရှိ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကြောင့် သေဆုံးရသူက ၆၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
Merrylands, Guildford, Auburn, Granville, Lidcombe, Greenacre နဲ့ Blacktown ဧရိယာမှာ ကူးစက်ပြန့်နှံ့မှုတွေ အများဆုံးဖြစ်နေတာလို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြောပါတယ်။
ဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူသူ ၈၂ ဦးရှိတဲ့အထဲက ၇၁ ဦးဟာ ကာကွယ်ဆေး မထိုးထားတဲ့လူတွေ ဖြစ်ကြပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ရောဂါကူးစက်ခံရသူ ၅၇ ဦးရှိပြီး အဲဒီအထဲက ၃ ဦးဟာ ဘယ်လိုကနေ ဘယ်လို ကူးစက်သလဲဆိုတာကို မသိရသေးပါဘူး။ ကူးစက်သူ ၅၇ ဦးထဲက ၁၃ ဦးဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဒုတိယကျန်းမာရေးမှူးချုပ် Ben Cowie ရဲ့အဆိုအရ ဗစ်တိုးရီးယားပြည်နယ် မြောက်ပိုင်း Shepparton နဲ့ မဲလ်ဘုန်းမြို့ Ardeer ရပ်ကွက်ရဲ့ ရေဆိုးတွေကို လေ့လာတဲ့စမ်းသပ်တဲ့အခါမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတာကို တစ်ကြိမ်ထက်မက ပြုလုပ်တဲ့ စစ်ဆေးမှုမှာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ကူးစက်သူ ၁၆ ဦးတိုးလာပြီး အဲဒီအထဲက ၅ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်ပြန့်နှံ့မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်။ အခုဆိုရင် ကင်ဘာရာမှာ ရောဂါကူးစက်ခံရသူ ၈၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကင်ဘာရာမြို့က ရထား၊ ဘတ်စ်ကားလိုင်းနဲ့ Turner က ကလေးထိန်းကျောင်းနဲ့ Belconnen အထွေထွေကု ဆေးခန်းတို့ဟာ ရောဂါ ရှိသူတွေ သွားလာခဲ့တဲ့ နေရာအသစ်ထဲ ပါဝင်လာပါတယ်။
သင့်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
- Greater Darwin ဒါဝင်မှာ ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးလိုက်ပြီး စည်းမျဉ်းတချို့ကိုတော့ ချမှတ်ထားဆဲ ဖြစ်ပါတယ်။
- Katherine မှာ လော့ခ်ဒေါင်းရက်ကို သြဂုတ်လ ၂၀ ရက် သောကြာနေ့ မွန်းလွဲ ၁၂ နာရီအထိ တိုးချဲ့ချမှတ်လိုက်ပါတယ်။
- ပြည်နယ်ဝန်ကြီးချုပ် Annastacia Palaszczuk က နယူးဆောက်သ်ဝေးလ် ပြည်နယ်ရဲ့ နယ်စပ်တွေကနေ လူတွေ ခိုးဝင်လာတာမျိုး မရှိအောင် စောင့်ကြည့်ဖို့ စစ်သားတွေကို စေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

