- NSW မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ စံချိန်သစ်များနေဆဲ
- Victoria မှာ ကူးစက်သူ ၁၉ ၀ ရှိ၊ ကာကွယ်ဆေးထိုးသူလည်း များပြားလာ
- ACT မှာ မနက်ဖြန်လောက်ကြရင် ကာကွယ်ဆေး အနည်းဆုံး တစ်ချောင်းထိုးပြီးသူ ၇၀% ရှိမယ်
- SA ကျန်းမာရေးဌာနက pub နှစ်ခုကို ရောဂါပိုးရှိသူ သွားလာခဲ့တဲ့ Tier 1 အဖြစ် သတ်မှတ်
New South Wales
NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၅၃၃ ဦးရှိပြီး လူ ၄ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်သူ ၁၇၃ ဦးက အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရပြီး ၆၂ ဦးကတော့ ventilator ကို အသုံးပြုနေရပါတယ်။
ကျန်းမာရေးဝန်ကြီး Brad Hazzard ရဲ့ အဆိုအရ ကာကွယ်ဆေးထိုးနိုင်သူ လူဦးရေ ၇၂% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးသွားကြပြီလို့ ပြောဆိုပြီး ၄၀% နီးပါးကတော့ ၂ ချောင်းစလုံးကို ထိုးပြီးသွားကြပြီလို့ ပြောပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်နေတဲ့ ရပ်ကွက် ၁၂ ခုက ရဲတွေနဲ့ အရေးပေါ် လုပ်သားတွေ ဒီသတင်းပတ် မကုန်ခင်မှာ ကာကွယ်ဆေးထိုးကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ ၁၉ ၀ ဦး တိုးလာပြီး အဲဒီအထဲက ၁၀၃ ဦးသာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု ရှိတာ ဖြစ်ပါတယ်။ လူ ၈၇ ဦးကတော့ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြည်နယ်အတွင်းမှာ ကာကွယ် တစ်ချောင်းထိုးပြီးသူ လူဦးရေ ၇၀% ရောက်ရှိဖို့ ပစ်မှတ်ဟာ ထင်ထားတာထက် စောစီးရောက်မယ့် အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ အလုပ်အကိုင်ရေးရာဝန်ကြီး
Martin Pakula က စီးပွားရေးလုပ်ငန်းတွေအတွက် ထောက်ပံ့မှုအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်မယ်လို့ ကြေညာလိုက်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတဝှမ်းရဲ့ အခြေအနေ
Moderna COVID-19 ကာကွယ်ဆေးဟာ အသက် ၁၂ နဲ့အထက် လူတွေအတွက် လုံခြုံဘေးကင်းတယ်လို့ Therapeutic Goods Administration က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
ACT မှာ ကိုဗစ်-၁၉ ကူးစက်သူ ၃၂ ဦးရှိပြီး အဲဒီအထဲက ၁၉ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ACT မှာ ဒီသတင်းပတ် မကုန်ခင် လူဦးရေ ၇၀% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးကြမှာ ဖြစ်ပါတယ်။
Queensland ပြည်နယ်မှာတော့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး အဲဒီအကြောင်းကို မနေ့ကတည်းက သတင်းမှာ ကြေညာပြီးသွားပြီ ဖြစ်ပါတယ်။
SA ပြည်နယ် ကျန်းမာရေးဌာနရဲ့အဆိုအရ အက်ဒလိတ်မြို့ မြောက်ပိုင်းက pub နှစ်ခုမှာ ရောဂါရှိသူ NSW ပြည်နယ်က ထရပ်ကားသမားတစ်ယောက် လာရောက်ခဲ့တဲ့အတွက် အဲဒီနေရာကို Tier 1 အဖြစ် သတ်မျတ်လိုက်ပြီး အဲဒီ နေရာ နှစ်ခု သွားခဲ့တဲ့ လူတိုင်း ရောဂါရှိမရှိ စစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ၁၄ ရက်ကြာ နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

