NSW မှာ ကာကွယ်ဆေး ဦးစားပေးမှုစတင်သလို မင်္ဂလာဆောင်ပွဲအတွက် ဖြေလျှော့မှုလုပ်ပေး

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

NSW Healths Dr Jeremy McAnulty (left) and NSW Health Minister Brad Hazzard during a COVID-19 press conference in Sydney, Saturday, August 28, 2021.

NSW Healths Dr Jeremy McAnulty (left) and NSW Health Minister Brad Hazzard during a COVID-19 press conference in Sydney, Saturday, August 28, 2021. Source: AAP Image/Bianca De March

  • NSW မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်ဖို့ ပိုမိုလုပ်ဆောင်ပေးထား
  • ဗစ်တိုးရီးယားရဲ့ ကူးစက်မှု ၆၀% ကျော်ဟာ Melbourne မြို့အနောက်ပိုင်းမှာ ဖြစ်နေ
  • ACT မှာ ကူးစက်သူ ၂၆ ဦးတိုးလာ
  • South Australia မှာ ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာသစ်ပေါ်လာ

 

New South Wales

NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၀၃၅ ရှိပြီး အဲဒီအထဲက ၇၁၄ ဦးဟာ ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းက လူတွေ ဖြစ်ကြပါတယ်။ အသက် ၇၀ ဝန်းကျင်နဲ့ အသက် ၈၀ ဝန်းကျင် လူ နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ ကာကွယ်ဆေး ဦးစားပေးထိုးပေးတဲ့ အစီအစဉ်ကို တိုးချဲ့လိုက်ပြီး အသက် ၄၀ ကနေ ၄၉ နှစ်ကြား ရှိသူတွေလည်း ဦးစားပေးစာရင်းထဲ ပါသွားပြီ ဖြစ်ပါတယ်။

အဲဒီရပ်ကွက်တွေမှာ မနေပေမယ့် အဲဒီရပ်ကွက်တွေမှာ ကုန်စိမ်းနဲ့ အသားငါးလုပ်ငန်းမှာ လုပ်ကိုင်သူတွေလည်း ဦးစားပေး စာရင်းထဲ ပါဝင်ပါတယ်။

NSW Health ကျန်းမာရေးဌာနက မင်္ဂလာဆောင်ပွဲနဲ့ ဆက်စပ်ပြီး ဖြေလျှော့မှု တချို့လုပ်ပေးမှာဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နောက်ပိုင်း ဧည့်သည် ၅ ဦးအထိ လက်ခံခွင့်ရှိပါတယ်။

ရောဂါအဖြစ်များလို့ စိုးရ်ိမ်ရတဲ့ ရပ်ကွက်တွေမှာ သွားသွားလာလာလုပ်ဖို့အတွက် အလုပ်ပါမစ် ရှိရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၆၄ ဦးတိုးလာပြီး အဲဒီအထဲက ၄၉

ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိပေမယ့် ၁၅ ဦးကတော့ ဘယ်လို ကူးစက်ခံရမှန်း မသိရတဲ့လူတွေ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Martin Foley ရဲ့အဆိုအရ Wyndham, Newport, Altona North နဲ့ Hume မြို့နယ်အပါအဝင် မဲလ်ဘုန်းမြို့အနောက်ပိုင်း ရပ်ကွက်တွေဟာ စိုးရိမ်ဖွယ်ရာနေရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

  • Australian Capital Territory, ACT မှာ ဒီကနေ့ ကူးစက်သူ ၂၆ ဦး တိုးလာလို့ စုစုပေါင်း ကူးစက်သူ ၂၃၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ 
  • SA Health အနေနဲ့ Port Augusta မှာရှိတဲ့ ဓာတ်ဆီဆိုင်နှစ်ဆိုင်နဲ့ Ceduna မှာရှိတဲ့ ဓာတ်ဆီဆိုင် နှစ်ဆိုင်ကို ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာအဖြစ် သတ်မှတ်လိုက်ပါတယ်။ NSW ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိသူ ထရပ်မောင်းသမား နှစ်ဦး အဲဒီဆိုင်တွေကို သွားလာခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နောက်ပိုင်း ACT, NSW ဒါမှမဟုတ် Victoria ပြည်နယ်ကနေ SA ပြည်နယ်ထဲ ဝင်လာချင်တဲ့ အသက် ၁၈ ပြည့်သူလူတိုင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အနည်းဆုံး ၁ ချောင်းထိုးပြီးသွားပြီဆိုတာကို သက်သေပြရမယ်လို့ သတ်မှတ်ထားပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

3 min read

Published

Updated

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now