- ဗစ်တိုးရီးယားမှာ ကာကွယ်ဆေးထိုးတဲ့နှုန်း ပိုများလာဖို့ ဒေါ်လာ ၂၁ သန်းတန် ကမ်ပိန်းပြုလုပ်မယ်လို့ဆို
- NSW ပြည်နယ် နယ်ဒေသမှာ ကူးစက်မှုများလာလို့ စိုးရိမ်မကင်းဖြစ်
- ACT မှာ တင်းကြပ်မှု ဖြေလျှော့ပေးမယ်လို့ ကြေညာ
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၄၉ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ရပါတယ်။
ပြည်နယ်အတွင်းက အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၈၉ .၄% လောက် ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၆၇.၂% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ကာကွယ်ဆေးထိုးတဲ့နှုန်း မြင့်မားလာအောင် ဒေါ်လာ ၂၁ သန်းတန် ကမ်ပိန်းစတင်မယ်လို့ ကြေညာလိုက်ပြီး အဲဒီအထဲမှာ pop up ကာကွယ်ဆေး ဆေးခန်းတွေ၊ ရက်ချိန်းရယူဖို့အတွက်၊ လိုအပ်ရင် သွားလာရေး စီစဉ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း ပါဝင်ပါတယ်။
ကာကွယ်ဆေးထိုးသူ လူဦးရေ ၇၀% ပြည့်သွားတဲ့အခါကြရင် တင်းကြပ်မှုတချို့ လျှော့ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ ကွာရန်တင်းဝင်ရမယ့် ကာလ လျှော့ချပေးတာမျိုးလည်း ပါဝင်မယ်လို့ အစိုးရက အတည်ပြုထားပါတယ်။
New South Wales
New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၂၇၃ ဦးသာရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။
အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူဦးရေ ၇၅% က ကာကွယ်ဆေး တစ်ချောင်းသာ ထိုးပြီးကြပြီး ၃၅.၅% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်နဲ့ အထက်ရှိသူ လူဦးရေ ၈၀% ကျော်ကတော့ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
ကျန်းမာရေးအကြီးအကဲ Dr Kerry Chant ရဲ့ အဆိုအရ ပြည်နယ်ရဲ့ နယ်ဒေသတွေမှာ ကူးစက်မှုနှုန်း တိုးလာတာဟာ စိုးရိမ်စရာဖြစ်နေပြီး ကာကွယ်ဆေးတွေ ထိုးကြဖို့ တိုက်တွန်းထားပါတယ်။
ACT
ACT မှာ ဒီကနေ့ ကူးစက်သူ ၂၄ ဦးရှိပြီး အဲဒီအထဲက ၂၁ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိနေတာ ဖြစ်ပါတယ်။
အသက် ၁၂ နှစ်နဲ့ အထက်ရှိသူ လူဦးရေ ၈၀% ကာကွယ်ဆေး နှစ်ချောင်းစလုံးထိုးပြီးသွားလို့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမယ်လို့ ကြေညာထားပါတယ်။
မရှိမဖြစ် လိုအပ်တဲ့ ဈေးဆိုင်တွေရော၊ တခြား လက်လီအရောင်းဆိုင်တွေအားလုံးကပါ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးည သန်းခေါင်ချိန်ကစပြီး ဖွင့်လှစ်ခွင့်ရပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျရဲ့ အခြေအနေ
Queensland ပြည်နယ်မှာ ကာကွယ်ဆေး ထိုးသူ ၇၀%၊ ၈၀% နဲ့ ၉ ၀% ရှိသွားတဲ့အခါကြရင် ပြည်နယ်နယ်စပ်ကို ဘယ်လို ဘယ်ပုံဖွင့်ပေးမယ်၊ နိုင်ငံတကာ ခရီးသွားလာရေးအတွက် ဘယ်လိုဘယ်ပုံ ဖွင့်ပေးမယ်ဆိုတာတဲ့ လမ်းပြမြေပုံကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။