NSW မှာ ကာကွယ်ဆေး နှစ်ချောင်းထိုးပြီးသူ ၈၀% ကျော်ပြီ၊ ဗစ်တိုးရီးယားမှာ ဒေါ်လာ ၂၁ သန်းတန် ကမ်ပိန်းစတင်

ဒါကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေဖြစ်ပါတယ်။

Picha za wafanyakazi wa mstari wa mbele zamulikwa kwenye paa za Sydney Opera House na umma wa NSW ulio chanjwa kuadhimisha kufikisha lengo la 80% ya chanjo.

Picha za wafanyakazi wa mstari wa mbele zamulikwa kwenye paa za Sydney Opera House na umma wa NSW ulio chanjwa kuadhimisha kufikisha lengo la 80% ya chanjo. Source: AAP/DEAN LEWINS

  • ဗစ်တိုးရီးယားမှာ ကာကွယ်ဆေးထိုးတဲ့နှုန်း ပိုများလာဖို့ ဒေါ်လာ ၂၁ သန်းတန် ကမ်ပိန်းပြုလုပ်မယ်လို့ဆို
  • NSW ပြည်နယ် နယ်ဒေသမှာ ကူးစက်မှုများလာလို့ စိုးရိမ်မကင်းဖြစ်
  • ACT မှာ တင်းကြပ်မှု ဖြေလျှော့ပေးမယ်လို့ ကြေညာ

 

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၄၉ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

ပြည်နယ်အတွင်းက အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၈၉ .၄% လောက် ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၆၇.၂% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ကာကွယ်ဆေးထိုးတဲ့နှုန်း မြင့်မားလာအောင် ဒေါ်လာ ၂၁ သန်းတန် ကမ်ပိန်းစတင်မယ်လို့ ကြေညာလိုက်ပြီး အဲဒီအထဲမှာ pop up ကာကွယ်ဆေး ဆေးခန်းတွေ၊ ရက်ချိန်းရယူဖို့အတွက်၊ လိုအပ်ရင် သွားလာရေး စီစဉ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း ပါဝင်ပါတယ်။

ကာကွယ်ဆေးထိုးသူ လူဦးရေ ၇၀% ပြည့်သွားတဲ့အခါကြရင် တင်းကြပ်မှုတချို့ လျှော့ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ ကွာရန်တင်းဝင်ရမယ့် ကာလ လျှော့ချပေးတာမျိုးလည်း ပါဝင်မယ်လို့ အစိုးရက အတည်ပြုထားပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

New South Wales

New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၂၇၃ ဦးသာရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူဦးရေ ၇၅% က ကာကွယ်ဆေး တစ်ချောင်းသာ ထိုးပြီးကြပြီး ၃၅.၅% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်နဲ့ အထက်ရှိသူ လူဦးရေ ၈၀% ကျော်ကတော့ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

ကျန်းမာရေးအကြီးအကဲ Dr Kerry Chant ရဲ့ အဆိုအရ ပြည်နယ်ရဲ့ နယ်ဒေသတွေမှာ ကူးစက်မှုနှုန်း တိုးလာတာဟာ စိုးရိမ်စရာဖြစ်နေပြီး ကာကွယ်ဆေးတွေ ထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

ACT

ACT မှာ ဒီကနေ့ ကူးစက်သူ ၂၄ ဦးရှိပြီး အဲဒီအထဲက ၂၁ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိနေတာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်နဲ့ အထက်ရှိသူ လူဦးရေ ၈၀% ကာကွယ်ဆေး နှစ်ချောင်းစလုံးထိုးပြီးသွားလို့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမယ်လို့ ကြေညာထားပါတယ်။

မရှိမဖြစ် လိုအပ်တဲ့ ဈေးဆိုင်တွေရော၊ တခြား လက်လီအရောင်းဆိုင်တွေအားလုံးကပါ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးည သန်းခေါင်ချိန်ကစပြီး ဖွင့်လှစ်ခွင့်ရပြီ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျရဲ့ အခြေအနေ

Queensland ပြည်နယ်မှာ ကာကွယ်ဆေး ထိုးသူ ၇၀%၊ ၈၀% နဲ့ ၉ ၀% ရှိသွားတဲ့အခါကြရင် ပြည်နယ်နယ်စပ်ကို ဘယ်လို ဘယ်ပုံဖွင့်ပေးမယ်၊ နိုင်ငံတကာ ခရီးသွားလာရေးအတွက် ဘယ်လိုဘယ်ပုံ ဖွင့်ပေးမယ်ဆိုတာတဲ့ လမ်းပြမြေပုံကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now