- NSW ကျန်းမာရေးဌာနက နယ်ဒေသက လူတွေ ရောဂါစစ်ဆေးမှု ခံယူကြဖို့ တိုက်တွန်း
- Victoria မှာ လူဦးရေ ၃၉ % ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီး
- ACT မှာ ကူးစက်သူ ၁၅ ဦးတိုးလာ၊ Queensland မှာ ကူးစက်သူ ၅ ဦးရှိ
New South Wales
NSW မှာ ဒီကနေ့ ကူးစက်သူ ၁၅၉ ၉ ဦးရှိပြီး လူ ၈ ဦးလည်း ထပ်မံသေဆုံးရပါတယ်။ ဒီတချီမှာ ဖြစ်ပေါ်တဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူက အခုဆိုရင် အယောက်ပေါင်း ၁၇၀ ရှိသွားပြီ ဖြစ်ပါတယ်။
COVID-19 ရောဂါပိုး အစအနတွေကို Byron Bay, Bangalow. Jindabyne, Harden, Moruya, Yass, Port Macquarie, Trangie နဲ့ Young မြို့ ရေဆိုးသန့်စင်တဲ့ ရေထဲမှာ တွေ့ရှိထားပါတယ်။ အဲဒီနယ်မြို့တွေမှာ ရောဂါ မရှိသေးတဲ့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ရောဂါ လက္ခဏာကို စောင့်ကြည့်ပြီး ရောဂါရှိမရှိစစ်ဆေးမှု ခံယူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ကာကွယ်ဆေး ၈ သန်းကျော် ထိုးပြီးကြပြီး လူဦးရေ ၄၄.၅% က ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသွားပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၄၅၀ ဦး တိုးလာပြီး အဲဒီအထဲက ၇၀% ကျော်ဟာ မြောက်ပိုင်းက ရပ်ကွက်တွေမှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၂ ရက်၊ တနင်္ဂနွေနေ့ကစပြီး ၂၄ ပတ်ကျော် ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေလည်း ဦးစားပေးအဆင့်အနေနဲ့ ကာကွယ်ဆေးတွေ ထိုးနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတခွင်ရဲ့ အခြေအနေ
- ACT က သြစတြေးလျမှာ အသက် ၁၆ နှစ် ကျော်သူ ၅၀% ကျော်ကို ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ ပထမဆုံး နေရာဖြစ်ပါတယ်။
- ဘရစ္စဘိန်းမြို့မှာ ရောဂါကူးစက်သူ ၅ ဦးတိုးလာတဲ့နောက် မိသားစုပေါင်း ၁၀၀၀ လောက် ကွာရန်တင်း ဝင်နေရပါတယ်။
- South Australia မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး အသက် ၁၂ နှစ်နဲ့ အထက် ရှိသူတွေကို Pfizer COVID-19 ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး အသက် ၆၀ ကျော်သူတွေပါ ထိုးခွင့်ရမှာ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

