NSW က Aboriginal တွေကို ကာကွယ်ဆေးထိုးဖို့ ပန်ကြား၊ Victoria မှာ ၁၂ တန်းကျောင်းသားတွေကို ကာကွယ်ဆေး ဦးစားပေးထိုးပေးနေ

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက် သြစတြေးလျနိုင်ငံတခွင်ရဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Australian Wiradjuri elder been vaccinated

Source: AAP Image/Dan Himbrechts

  • Greater Sydney ဒေသမှာ ယာယီဗီဇာနဲ့ နေထိုင်သူတွေအတွက် ကြက်ခြေနီအသင်းက ကူညီမှုကမ်းလှမ်း
  • Victoria မှာ ၁၂ တန်း ကျောင်းသူ ကျောင်းသားတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးပေးနေ
  • ကင်ဘာရာမြို့က မသန်စွမ်းသူတွေအတွက် ကာကွယ်ဆေးထိုးပေးတဲ့နေရာနဲ့ ရောဂါစမ်းသပ်ရေး ရက်ချိန်းတွေ ပိုမိုရှိအောင် လုပ်ဆောင်ပေး
  • South Australia နဲ့ Queensland မှာ ကိုဗစ်-၁၉ ကူးစက်သူမရှိ

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၂၂၀ တိုးလာပြီး လူ ၈ ဦးလည်း ထပ်မံ သေဆုံးခဲ့ရပါတယ်။

St Vincent ဆေးရုံ က ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာ ကျန်းမာရေးဌာနရဲ့ ဒါရိုက်တာ Aunty Pauline Deweerd က Aboriginal လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ အမြန်ဆုံး ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းလိုက်ပြီး စက်တင်ဘာလအတွင်း တစ်ရက်တာ ပျှမ်းမျှ ကူးစက်သူ ဦးရေက ၁၅၀၀ လောက် ရှိလာနေတဲ့အတွက် ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ကြက်ခြေနီအသင်းကလည်း Greater Sydney မှာ ယာယီဗီဇာနဲ့ နေထိုင်နေတဲ့ လူတွေ ဒါမှမဟုတ် ဗီဇာမဲ့သူတွေ ကိုဗစ်-၁၉ နဲ့ ဆက်စပ်တဲ့ လော့ခ်ဒေါင်းကြောင့် ဒုက္ခရောက်ရင် Extreme Hardship Support Program အစီအစဉ်အရ ဒေါ်လာ ၄၀၀ အထိ အကူအညီရဖို့ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ ၂၄၆ ဦးတိုးလာတဲ့အတွက် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၈၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ကစပြီး ၁၀ ရက်အတွင်း ၁၂ တန်း ကျောင်းသူ၊ ကျောင်းသားတွေကို ကာကွယ်ဆေးတွေ ဦးစားပေး ထိုးပေးတဲ့ အစီအစဉ်ကို အာဏာပိုင်တွေက စတင်လိုက်ပြီ ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကို ၁၂ တန်းကျောင်းသားတွေအတွက်သာမက ဆရာ၊ ဆရာမတွေ၊ စာမေးပွဲမှာ စောင့်ကြပ်မယ့်လူတွေနဲ့ စာစစ်တဲ့လူတွေအတွက် စက်တင်ဘာလ ၆ ရက် မနေ့ကတည်းက ရက်ချိန်းတွေ ယူဖို့ လုပ်ဆောင်ပေးထားပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၉ ဦး တိုးလာပြီး အနည်းဆုံး ၆ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ACT အစိုးရက မသန်စွမ်းသူတွေ ပိုမို လွယ်ကူပေါများစွာ ကာကွယ်ဆေး ထိုးနိုင်အောင်၊ ရောဂါစမ်းသပ်စစ်ဆေးမှု လုပ်နိုင်အောင် Access and Sensory Clinic ကို Weston Creek Community Health Centre မှာ ရွှေ့ထားပေးလိုက်ပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် ဒီနေရာမှာ ရက်ချိန်းရယူနိုင်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

2 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now