NSW မှာ ကူးစက်ခံရသူ စံချိန်တင်များပြားဆဲ၊ ပြည်နယ်ဝန်ကြီးချုပ်က အခြေနေဒီထက်ဆိုးမယ်လို့ သတိပေး

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ သြစတြေးလျနိုင်ငံ တခွင်ရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

PARRAMATTA PARK SYDNEY

People are seen exercising outdoor at Parramatta park in Sydney, Friday, September 3, 2021. Source: AAP Image/Dan Himbrechts

  • NSW ဆေးရုံတွေမှာ ကိုဗစ် လူနာ ၁၀၀၀ နီးပါး ကုသမှု ခံယူနေ
  • Victoria မှာ AstraZeneca ကာကွယ်ဆေး ရက်ချိန်း အခုပေါင်း ၅၀၀၀၀ လောက် ပိုလျှံနေ
  • ACT မှာ အိမ်လခ မပေးနိုင်ရင်လည်း ၁၂ ပတ်အတွင်း အိမ်ငှာကို မောင်းချခွင့်မရှိတဲ့ ဥပဒေချမှတ်

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၄၃၁ ဦးရှိပြီး ၁၂ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံ သေဆုံးခဲ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က လာမယ့် အပတ်တွေမှာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဒီထက်မက ဆိုးဝါးနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆေးရုံတွေမှာ အခုလောလောဆယ် ကိုဗစ်-၁၉ လူနာ ၉ ၇၉ ဦးရှိပြီး အဲဒီအထဲက အယောက် ၁၆၀ ဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရပြီး ၆၃ ဦးကတော့ ventilator ကို အသုံးပြုနေရပါတယ်။

လာမယ့် ၂ ပတ်အတွင်းမှာ ရောဂါကူးစက်သူ ဒီထက် များပြားနိုင်တယ်လို့လည်း ကျန်းမာရေးအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၂၀၈ ဦးရှိပြီး ၉ ၆ ဦးသာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု ရှိတာ ဖြစ်ပါတယ်။ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒယ်နီရာယ်လ် အင်ဒြူးစ်က စက်တင်ဘာလ ၇ ရက်၊ အင်္ဂါနေ့ကစပြီး ၁၂ တန်း ကျောင်းသားတွေအတွက် ကာကွယ်ဆေး ဦးစားပေးတဲ့ အစီအစဉ် စတင်မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေး ထိုးပေးမယ့် အုပ်စုကတော့ အသက် ၁၂ အရွယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၈ ဦး တိုးလာပြီး အဲဒီအထဲက ၁၅ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

လော့ခ်ဒေါင်းကြောင့် ဝင်ငွေမရှိတဲ့လူတွေ ဒါမှမဟုတ် အလုပ်ချိန် လျှော့ချခံရသူတွေ အိမ်လခ မပေးနိုင်ရင်တောင် ၁၂ ပတ်အတွင်း အိမ်ကနေ နှင်ချတာမျိုး မလုပ်နိုင်အောင် အစိုးရက သတ်မှတ်ပေးထားပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် ဒီနေရာမှာ ရက်ချိန်းရယူနိုင်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတလွှားရဲ့ အခြေအနေ

  • ကွင်းစလန်းပြည်နယ်မှာ စက်တင်ဘာလ ၆ ရက် တနင်္လာနေ့ကစပြီး ဟိုတယ်အခန်းပေါင်း ၆၈၀ မှာ ကွာရန်တင်းဝင်ဖို့ နေရာရှိမှာ ဖြစ်ပါတယ်။ မကြာခင်တုန်းက ဟိုတယ်ကွာရန်တင်းမှာ မနိုင်မနင်းဖြစ်ခဲ့လို့ အဲဒီအစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ရာက အခုအခါ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။
  • Aboriginal နဲ့ Torres Strait Islander တွေဟာ ကာကွယ်ဆေးကို ဦးစားပေး ထိုးပေးတဲ့ အုပ်စုထဲ ပါဝင်ပေမယ့် အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၂၀% သာ ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
  • တက်စ်မေးနီးယားပြည်နယ် ယာယီပြည်နယ်ဝန်ကြီးချုပ် Jeremy Rockliff က ကျန်းမာရေးအမှုထမ်းတွေအားလုံး မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ်လို့ ကြေညာလိုက်ပါတယ်။
alc covid mental health
Source: ALC

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now