- NSW မှာ ကာကွယ်ဆေးအခုပေါင်း ၆ သန်း ထိုးပေးနိုင်ပြီ
- Victoria မှာ အသက် ၁၆ နှစ်အထက်ရှိသူတွေ ကာကွယ်ဆေးထိုးနိုင်ဖို့ ပိုမိုလုပ်ဆောင်ပေးပြီ
- ACT မှာ တစ်နေ့တာအတွင်း အများဆုံး ရောဂါကူးစက်မှု စံချိန်တင်နေ
- Queensland မှာ ကူးစက်သူ ၂ ဦးရှိ
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၇၅၃ ဦးရှိပြီး အဲဒီအထဲက ၄၉ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ရဲ့အဆိုအရ အခုဆိုရင် ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးအချောင်း ၆ သန်းထိုးပေးနိုင်ပြီလို့ ပြောဆိုလိုက်ပြီး ဒါကို ကြည့်ခြင်းအားဖြင့် လူဦးရေ ၆၀% လောက်က အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသွားပြီ ဖြစ်ပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်နေတဲ့ မြို့နယ် ၁၂ ခု မှာ နေထိုင်တဲ့ အသက် ၁၆နှစ်ကနေ ၃၉ နှစ်ကြား ရှိသူတွေ၊ မသန်စွမ်းဌာနနဲ့ ကလေးထိန်းစင်တာတွေမှာ အလုပ်လုပ်ကိုင်သူတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးနိုင်ဖို့လည်း လုပ်ဆောင်ထားပါတယ်။
ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးသားလူတွေအတွက် တင်းကြပ်မှုတွေကို ဘယ်လို ဖြေလျှော့ပေးမလဲဆိုတာကိုလည်း ဒီတစ်ပတ်နှောင်းပိုင်းမှာ ကြေညာပေးဖို့ ရှိပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ အယောက် ၅၀ ရှိပြီး အဲဒီအထဲက ၁၀ ဦးဟာ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲဆိုတာကို မသိရသေးတဲ့လူတွေ ဖြစ်ကြပါတယ်။ ကူးစက်သူတွေထဲက ၃၉ ယောက်ဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က အသက် ၁၆ နှစ်နဲ့ အထက်ရှိသူတွေအနေနဲ့ သြဂုတ်လ ၂၅ ရက် ဗုဒ္ဒဟူးနေ့ကစပြီး Pfizer ဒါမှမဟုတ် AstraZeneca ကာကွယ်ဆေးတွေကို ပြည်နယ်အစိုးရရဲ့ ကာကွယ်ဆေးဌာနတွေမှာ ထိုးနိုင်ပြီလို့ ပြောပါတယ်။
ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာတွေ နဲ့ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ အယောက် ၃၀ ရှိပြီး အဲဒီအထဲက ၁၇ ဦးဟာ ရောဂါရှိတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
Kambah နဲ့ Brindabella Business Park က ရောဂါစစ်ဆေးရေးစင်တာတွေကို ရာသီဥတုဆိုးဝါးလို့ ပိတ်ချထားပေမယ့် မနက်ဖြန်ကစပြီး ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
Queensland ပြည်နယ်မှာ ရောဂါ ကူးစက်သူ ၂ ဦးရှိပြီး ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Doherty Institute ကတော့ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သူများနေပါစေ လက်ရှိ တင်းကြပ်မှုတွေဆက်ရှိပြီး လူဦးရေ ၇၀-၈၀% လောက် ကာကွယ်ဆေးထိုးပြီးရင်တော့ လုံခြုံဘေးကင်းမှုရှိကြမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

