- သြဂုတ်လကုန်တဲ့အထိဆို ကာကွယ်ဆေးအလုံးပေါင်း ၆သန်းလောက် ထိုးပေးနိုင်အောင် NSW ရည်ရွယ်ထား
- Queensland မှာ လက်ရှိရောဂါရှိသူ ၄၇ဦးထိရှိလာ
- Victoria ပြည်နယ်မှာ ရောဂါရှိသူ ၄ဦးတိုးလာ
- ကိုဗစ်ထောက်ပံ့ကြေး ထပ်တိုးပေးဖို့ ပြည်ထောင်စုအစိုးရကမ်းလှမ်း
နယူးဆော့သ်ဝေး
NSW မှာ ဒေသတွင်း ရောဂါကူးစက်သူ ၁၉၉ ဦးထပ်မံတိုးလာပြီး သူတို့တွေထဲက အယောက် ၅၀ထက်မနည်းဟာ လူမှုအသိုင်းအဝိုင်းအတွင်း ရောဂါကူးစက်ခံရသူတွေဖြစ်ပါတယ်။
ကျန်းမာရေးဌာနအကြီးအကဲ Dr Kerry Chant က မဖြစ်မနေအရေးတကြီးသွားစရာမလိုပဲနဲ့ ဒေသန္တရအစိုးရနယ်မြေ ၈နေရာထဲကို မသွားကြဖို့ လူထုကိုသတိပေးလိုက်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က သြဂုတ်လကုန်အထိဆိုရင် ကာကွယ်ဆေးအလုံးရေ ၆သန်းအထိထိုးပေးဖို့ ဆန္ဒရှိပါတယ်။ လက်ရှိမှာတော့ ထိုးပြီးတဲ့ ကာကွယ်ဆေးအလုံးရေ ၃ ့၉သန်းရှိပါတယ်။
ကာကွယ်ဆေးထိုးဖို့အတွက် ဆေးခန်းတွေရဲ့ စာရင်းကို ဒီနေရာမှာဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
ကွင်းစလန်း
Queensland မှာ ဒေသတွင်း ရောဂါကူးစက်သူ ၁၆ဦးထပ်မံတိုးလာပြီး အားလုံးက ရောဂါကူစက်ပြန့်ပွားတဲ့နေရာတွေနဲ့ စက်ဆပ်မှုရှိကြပါတယ်။
ကျန်းမာရေးဌာနအကြီးအကဲ Dr Jeannette Young က ဒေသန္တရအစိုးရနယ်မြေ ၁၁ခုအတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ထဲမှာပဲ နေကြဖို့နဲ့ ရောဂါလက္ခဏာခံစားပါက အလျင်အမြန် ဆေးစစ်မှုခံယူကြဖို့ ပန်ကြားထားပါတယ်။
ဒုရဲမှူးကြီး Steve Gollschewski က အခုအချိန်အထိ လူထုကျန်းမာရေး အမိန့်တွေကို ချိုးဖောက်တဲ့ အသိပေးစာ ၇၀ ထုတ်ပေးပြီးထားပြီ ဖြစ်သလို လူ၂၁ဦးကိုလည်း ဖမ်းထားဆီးထားတယ်လို့ ဆိုပါတယ်။
သင်နဲ့အနီးဆုံး ကိုဗစ်-၁၉ စစ်ဆေးတဲ့ဌာနတွေကို ဒီနေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မိမိဘာသာစကားနဲ့သိလိုပါက ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ
- ဗစ်တိုးရီးယားပြည်နယ်အတွင်းရောဂါရှိသူ ၄ဦးထပ်တိုးလာပြီး အားလုံးကတော့ ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ဆက်စပ်မှုရှိပြီး ရောဂါရှိစဉ်ကာလတလျောက် ကွာရန်တင်း (ရောဂါခြေချုပ်)မှာ နေနေတဲ့သူတွေဖြစ်ကြပါတယ်။
- လူထုကျန်းမာရေးဌာနရဲ့ အမိန်ထုတ်ပြန်ချက်တွေကြောင့် အလုပ်ချိန်နာရီ ၈နာရီထက်မနည်း ထိခိုက်နစ်နာရသူတွေအနေနဲ့ COVID-19 Disaster Payment ရရှိဖို့ လျှောက်ထားခွင့်ရှိပြီး လက်ရှိ ရရှိထားတဲ့ ထောက်ပံ့ကြေးထဲမှာ ထပ်မံပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ စတင်ဖွင့်ပေးတဲ့ အပိုထောက်ပံ့ကြေးကို လျှောက်ထားနိုင်ကြပြီဖြစ်ပါတယ်။
ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး
ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။
NSWTravel & transport and Quarantine
VICTravel permit,Overseas travellers and Quarantine
ACTTransport and Quarantine
NTTravel and Quarantine
QLDTravel and Quarantine
SATravel and Quarantine
TASTravel and Quarantine
WATravel and Quarantine
သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
- သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
- သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
- ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။
ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

