NSW မှာ အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသူ ၇၀%ရှိပြီ၊ လေ့ကျင့်ခန်းဆိုင်ရင် တင်းကြပ်မှုတချို့ ဖြေလျှော့ပေး

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။

The 12 local areas of concern in Sydney have been given back unlimited exercise.

The 12 local areas of concern in Sydney have been given back unlimited exercise. Source: AAP Image/Joel Carrett

  • NSW တောင်ပိုင်းက ရေဆိုးစနစ်တွေထဲမှာ ကိုဗစ်ပိုးတွေ ထပ်တွေ့ရ
  • Victoria မှာ ဒီနှစ်အတွင်း ကူးစက်မှုအများဆုံးနေ့အဖြစ် စံချိန်တင် ကူးစက်နေ
  • ACT မှာ လူဦးရေ ၆၈% ကာကွယ်ဆေးထိုးပြီးပြီ
  • Queensland မှာ ထရပ်ကားမောင်းသမား တစ်ဦးနဲ့ ဆက်စပ်ပြီး တစ်ဦး ရောဂါကူးစက်မှုဖြစ်

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၂၈၈ ဦး တိုးလာပြီး လူ ၇ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးခဲ့ရပါတယ်။ ဒီနေ့ညနေပိုင်းကြရင် ခန့်မှန်းထားတဲ့အတိုင်း နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ကာကွယ်ဆေး ထိုးပြီးသူလူဦးရေ ၇၀% ရှိနေပါတယ်။

စက်တင်ဘာလ ၃ ရက် သောကြာနေ့ကစပြီး ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်နေတဲ့ ရပ်ကွက် ၁၂ ခုမှာ နေထိုင်သူတွေအနေနဲ့ တစ်ရက်မှာ တစ်နာရီသာ အိမ်ပြင်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြား သတ်မှတ်ချက်တွေကိုတော့ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ရေဆိုးစနစ်တွေမှာ ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့အခါမှာ COVID-19 အစအနတွေကို Bega, Cooma နဲ့ Bomaderry က Illawarra Shoalhaven တွေမှာ ကိုဗစ်ရှိကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။ အဲဒီဒေသတွေမှာ ကိုဗစ်-၁၉ ကင်းစင်တဲ့ ဒေသဖြစ်တဲ့အတွက် စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၇၆ ဦး တိုးလာပြီး အဲဒီအထဲက ၁၂၈ ဦးဟာ မဲလ်ဘုန်းမြို့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူတွေ ဖြစ်ကြပါတယ်။

ဒီည သန်းခေါင်ချိန်ကစပြီး အသက် ၁၂ နှစ်အောက် ကလေးတွေဟာ မိဘအုပ်ထိန်းသူ တစ်ဦးနဲ့အတူ ကစားကွင်းတွေမှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ကစားကွင်းတွေမှာ QR code တွေ ထားရှိပေးမှာဖြစ်ပြီး check-in လုပ်ရမှာဖြစ်ပါတယ်။ လူကြီးတွေက နှာခေါင်းစည်း တချိန်လုံး တပ်ထားရမှာဖြစ်ပြီး စားသောက်ဖို့အတွက် နှာခေါင်းစည်း ချွတ်လိုက်တာမျိုး မလုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာ ဒီကနေ့ ကူးစက်သူ ၁၂ ဦးတိုးလာပြီး အဲဒီအထဲက အနည်းဆုံး ၁၂ ယောက်ဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်၊ သောကြာနေ့ကစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးတဲ့ ဆေးခန်းကို သွားတဲ့လူတွေအတွက် ရထားနဲ့ ဘတ်စ်ကား အခမဲ့ စီးနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် ဒီနေရာမှာ ရက်ချိန်းရယူနိုင်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတလွှားရဲ့ အခြေအနေ

  • Queensland ပြည်နယ်မှာ ၂ ရက်အတွင်း ရောဂါ ကူးစက်သူ ၂ ဦးရှိလာပြီး ထရပ်ကား ၂ ဦးကနေတဆင့် ကူးစက်တာဖြစ်ပေမယ့် အဲဒီနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ဆက်နွယ်မှု မရှိကြဘူးလို့ သိရပါတယ်။
alc covid mental health
Source: ALC

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 

 


Share

3 min read

Published

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now