NSW မှာ စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် ကူးစက်မှုများ၊ မဲလ်ဘုန်းမှာ ကာဖြူးချမှတ်ပြီး လော့ခ်ဒေါင်းရက်တိုးမြင့်လိုက်ပြီ

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Bondi Beach in Sydney, Monday, August 16, 2021.

Sydney'de kurallara uymayan yüzlerce kişiye para cezası kesildi. Source: AAP Image/Bianca De Marchi

New South Wales

NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၄၇၈ ဦးရှိပြီး ကိုဗစ်နဲ့ ဆက်စပ်ပြီး သေဆုံးသူ ၇ ဦးရှိပါတယ်။ ၇ ဦးထဲက ၅ ဦးဟာ ကာကွယ်ဆေး မထိုးထားတဲ့လူတွေ ဖြစ်ပါတယ်။

အစိုးရက စိုးရိမ်ရတဲ့ ဧရိယာလို့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း နေထိုင်တဲ့ အသက် ၁၇ နှစ်နဲ့အထက် ရှိတဲ့ အလုပ်လုပ်သူတွေအနေနဲ့ ကိုဗစ်-၁၉ အတွက် a test and isolate payment စမ်းသပ်စစ်ဆေးမှုလုပ်ပြီး နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်တဲ့ကာလအတွင်း ဒေါ်လာ ၃၂၀ ရရှိနိုင်ပါတယ်။

ယာယီဗီဇာကိုင်ဆောင်သူတွေနဲ့ တခြား အစိုးရဆီက ထောက်ပံ့ကြေး ရရှိသူတွေအနေနဲ့ ကြက်ခြေနီအသင်းကနေတဆင့် new $400 hardship payment ဒေါ်လာ ၄၀၀ လျှောက်ထားနိုင်ပါတယ်။

ဆစ်ဒနီမြို့က ကိုဗစ်-၁၉ ရောဂါ အဖြစ်များတဲ့ ဒေသ ၁၂ ခုအတွက် Pfizer ကာကွယ်ဆေး အခုပေါင်း ၅၃၀၀၀၀ ထပ်မံ ချမှတ်ပေးမှာဖြစ်ပြီး အသက် ၂၀ ကနေ ၃၉ နှစ်ကြားလူတွေကို ဒီတစ်ပတ် ဦးစားပေးထိုးပေးဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါ ကူးစက်သူ ၂၂ ဦးရှိပြီး ကူးစက်မှု ၅ ခုကတော့ လက်ရှိဖြစ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်။ ကူးစက်သူ ၂၂ ဦးထဲက ၈ ဦးဟာ ရောဂါရှိနေတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့သူတွေ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့မှာ လော့ခ်ဒေါင်းကို အနည်းဆုံး စက်တင်ဘာလ ၂ ရက် ကြာသပတေးညသန်းခေါင်အထိ ချမှတ်လိုက်ပြီး ည ၉ နာရီနောက်ပိုင်း ကာဖြူးအချိန်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံ တဝှမ်းရဲ့ အခြေအနေ

  • Greater Darwin နဲ့ Katherine ဒေသမှာ ရောဂါရှိသူ ၁ ဦးတွေ့ရလို့ ချက်ခြင်းဆိုသလို ဒေသစံတော်ချိန် မွန်းလွဲကစပြီး ၇၂ နာရီကြာ လော့ခ်ဒေါင်း ချမှတ်လိုက်မှာ ဖြစ်ပါတယ်။
  • ACT မှာလည်း ရောဂါရှိသူ ၁၉ ဦး တိုးလာပြီး လော့ခ်ဒေါင်းကို နှစ်ပတ်ကြာ တိုးချဲ့ ချမှတ်လိုက်ပါတယ်။
alc covid mental health
Source: ALC

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 

 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 

 

 

 

 


Share

2 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now