- နယူးဆော့သ်ဝေးပြည်နယ် Armidale ဒေသန္တအစိုးရအုပ်ချုပ်မှုနယ်မြေကို ဒီကနေ့ ညနေ ၅နာရီကစပြီး ၇ရက်တာ ပိတ်ချသွားမှာဖြစ်ပါတယ်။
- ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားတဲ့နေရာ သတ်မှတ်ချက် ပိုမိုများပြားလာ
- ကွင်းစလန်းပြည်နယ်အတွင်းနေထိုင်သူတွေအနေနဲ့ ပိတ်ချမှုကို ဖယ်ရှားမယ်မဖျယ်ရှားဖူး ဆိုတာကို တနင်္ဂနွေနေ့အထိ စောင့်ဆိုင်းကြရမှာဖြစ်ပါတယ်။
နယူးဆော့သ်ဝေး
နယူးဆော့သ်ဝေးပြည်နယ်မှာ ဒေသတွင်း ရောဂါကူးစက်သူ ၃၁၉ဦး တိုးလာပြီးတဲ့နောက် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေပိုမိုဆိုးဝါးလာနေပါတယ်။ ရောဂါကူးစက်ခံရသူ ၅၁ထက်မနည်းဟာ လူမှုအသိုင်းအဝ်ိုင်းအတွင်း ကူးစက်မှုဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူ ၃၁၉ဦးထဲက ၂၁၀ဦးဟာ ဆစ်ဒနီမြို့ အနောက်တောင်ဘက်ခြမ်းနေသူတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့တညအတွင်းမှာပဲ လူ ၅ဦးထပ်မံသေဆုံးခဲ့တယ်လို့ နယူးဆော့သ်ဝေး အာဏာပိုင်တွေကပြောပါတယ်။ သေဆုံးသူ ၅ဦးစလုံးဟာ ကာကွယ်ဆေးမထိုးထားရတဲ့သူတွေဖြစ်ပါတယ်။
နယူးဆော့သ်ဝေး နယ်ဒေသတခုဖြစ်တဲ့ Armidale ဒသန္တအစိုးရအုပ်ချုပ်မှုနယ်မြေကို ဒီကနေ့ညနေ ၅နာရီကစပြီး သြဂုတ်လ ၁၅ရက် တနင်္ဂနွေနေ့ မနက် ၁၂နာရီ ၁မိနစ် အထိ ၇ ရက်တာ ပိတ်ချထားမှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့ဆေးခန်းနေရာတွေရဲ့စာရင်းကို ဒီထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဗစ်တိုးရီးယား
ဗစ်တိုးရီးယားပြည်နယ်မှာ ဒေသတွင်း ရောဂါကူးစက်သူ ၂၉ ဦးတိုးလာပြီး ရောဂါကာရှိစဉ် ကာလတလျောက် တယောက်မှ ရောဂါခြေချုပ် (ကွာရန်တင်း) မနေထားတဲ့သူတွေဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူအားလုံးဟာ လက်ရှိ ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုရှိကြသူတွေဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားတဲ့နေရာတွေ ထပ်မံသတ်မှတ်သွားဖို့ ရှိတယ်လို့လည်း ကျန်းမာရေးအာဏာပိုင်တွေကသတိပေးလိုက်ပါတယ်။
အခုဆိုရင် မဲလ်ဘုန်းမြို့ထဲက စာသင်ကျောင်း ၄ ကျောင်း ရောဂါရှိသူတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။
ရောဂါကူးစက်ပြန့်ပွားတဲ့နေရာတွေကို ဒီထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ကွင်းစလန်း
ကွင်းစလန်းပြည်နယ်မှာ ဒေသတွင်း ရောဂါကူးစက်သူ ၁၃ဦးတိုးလာပါပြီး အားလုံးဟာ လက်ရှိ Indooroopilly ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုရှိကြပါတယ်။ အခုဆိုရင် ကွင်းစလန်းပြည်နယ်အတွင်း ရောဂါရှိပြီး မပျောက်ကင်းသေးတဲ့လူပေါင်း ၁၄၄ဦးရှိပါတယ်။
စီစဉ်ထားတဲ့အတိုင်း တနင်္ဂနွေနေ့ ညနေ ၄နာရီမှာ အရှေ့တောင်ပိုင်းက ပိတ်ချမှုကို ဖယ်ရှားပေး မပေး ဆုံးဖြတ်ချက်ချဖို့အတွက် တနင်္ဂနွေနေ့ မနက်ပိုင်းအထိ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ကျန်းမာရေးဌာနအကြီးအကဲ Doctor Jeannette Young က ပြောပါတယ်။
ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး
ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။
NSWTravel & transportandQuarantine
VICTravel permit,Overseas travellersandQuarantine
ACTTransportandQuarantine
NTTravelandQuarantine
QLDTravelandQuarantine
SATravelandQuarantine
TASTravelandQuarantine
WATravelandQuarantine
သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
- သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
- သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
- ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။
ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

