NSW မှာ ကူးစက်သူ ၁၀၀၀ ကျော် ဆက်ဖြစ်နေဆဲ

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Vaccination clinic at Olympic Park Sydney, NSW

Source: AAP Image/Bianca De March

  • New မှာ အလုပ်လုပ်ခွင့်ရသူတချို့အတွက် ကာကွယ်ဆေးထိုးရမယ်လို့ သတ်မှတ်ထား
  • Victoria မှာ လော့ခ်ဒေါင်းတိုးမယ်လို့ အတည်ပြုပြီ
  • ACT မှာ ဒီကနေ့ ကူးစက်သူ ၁၃ ဦးရှိ
  • Queensland မှာ အိမ်မှာ ကွာရန်တင်းဝင်နေသူ တစ်ဦး ကူးစက်

 

New South Wales

NSW မှာ ဒီကနေ့ ကူးစက်သူ ၁၂၁၈ ဦးရှိပြီး အဲဒီအထဲက ၈၈၇ ဦးဟာ ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ၆ ဦးလည်း ထပ်မံသေဆုံးခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက် တနင်္လာနေ့ကစပြီး ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်ရတဲ့ ရပ်ကွက်တွေအဖြစ် သတ်မှတ်ထားတဲ့ ရပ်ကွက်မှာ နေထိုင်ပြီး မဖြစ်မနေ အလုပ်သွားရမယ့် လူတွေအနေနဲ့ တခြား ရပ်ကွက်ကို သွားမယ်ဆိုရင် အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ချောင်းထိုးထားတဲ့အကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။

ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှုဖြစ်နေတဲ့ ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်ကနေ ၄၉ နှစ်ရှိသူတွေအပြင်မဖြစ်မနေ အလုပ်သွားရမယ့်လူတွေ၊  အဲဒီရပ်ကွက်တွေမှာ အလုပ်လာလုပ်တဲ့ ကလေးထိန်းကျောင်းအမှုထမ်းတွေ၊ မသန်စွမ်းသူတွေကို စောင့်ရှောက်သူတွေနဲ့ အစားအသောက်ထုတ်လုပ်ရေးမှာ အလုပ်လုပ်သူတွေကို ကာကွယ်ဆေး ဦးစားပေးထိုးပေးနေပါတယ်။

ကာကွယ်ဆေးထိုးထားကြောင်း သက်သေအထောက်အထားကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ 

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၉ ၂ ဦးရှိပြီး အဲဒီအထဲက ၃၀ ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု မရှိတဲ့ လူတွေ ဖြစ်ပါတယ်။

ကူးစက်မှု ၇၇၈ ထဲက ၅၀၀ ဝန်းကျင်လောက်ဟာ မဲလ်ဘုန်းမြို့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းရပ်ကွက်တွေမှာ ကူးစက်မှုဖြစ်ပါတယ်။ ကူးစက်မှုနှုန်း ဆက်လက်မြင့်နေတဲ့အတွက် စက်တင်ဘာလ ၂ ရက်နေ့ကြရင် လော့ခ်ဒေါင်းကို ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က အတည်ပြုပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

 

  • Queensland ပြည်နယ်မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး Boondall မှာရှိတဲ့ Brisbane Entertainment Centre မှာ လူအများအပြား ကာကွယ်ဆေးထိုးနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
  • ကျန်းမာရေးဝန်ကြီး Greg Hunt ရဲ့အဆိုအရ COVID-19 Vaccine Claim Scheme ကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ်က သြစတြေးလျနိုင်ငံသားတွေကို TGA ကနေ အတည်ပြုပေးထားတဲ့ ကာကွယ်ဆေးတွေကို ရရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

2 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now