- NSW ပြည်နယ်မှာ ရောဂါကူးစက်သူဦးရေ တိုးများလာ
- ဗစ်တိုးရီးယားပြည်နယ်မှာ လူငယ်တွေအများဆုံး COVID-19 ကူးစက်ခံရ
- ACT မှာ ကိုဗစ်-၁၉ တုန့်ပြန်ဖို့ လူအင်အားတိုးချဲ့
- Queensland မှာ ဟိုတယ်ကွာရန်တင်းအစီအစဉ် ရပ်တန့်ထား
New South Wales
NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၉၁၉ ဦးရှိပြီး အဲဒီအထဲက အနည်းဆုံး ၃၇ ဦးဟာ ရောဂါရှိနေတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂ ဦးလည်း သေဆုံးခဲ့ရပါတယ်။
Guildford, Auburn, Merrylands, Greystanes, Granville, Punchbowl, Yagoona နဲ့ Blacktown ရပ်ကွက်တွေကို စိုးရိမ်ဖွယ်ရာ ရပ်ကွက်များအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် Bateau Bay, Toukley နဲ့ Merimbula ရပ်ကွက်က ရေဆိုးသန့်စင်ရေးစင်တာက ရေတွေကို နမူနာယူစမ်းသပ်ကြည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိထားပါတယ်။
ပြည်နယ်ကျန်းမာရေးမှူးချုပ် Kerry Chant ရဲ့ အဆိုအရ အခုလောလောဆယ် အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာ ၁၁၃ ဦးရှိပြီး အဲဒီအထဲက ၉ ၈ ဦးဟာ ကာကွယ်ဆေး မထိုးထားတဲ့လူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၄၅ ဦးတိုးလာပြီး အဲဒီအထဲက ၂၈ ဦးဟာ ရောဂါရှိနေတဲ့ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီး Martin Foley ရဲ့အဆိုအရ ပြည်နယ်အတွင်းမှာ စုစုပေါင်း ရောဂါကူးစက်သူ ၅၃၈ ဦးထဲက တဝက်ကျော်ဟာ အသက် ၃၀ အောက် လူငယ်တွေဖြစ်ကြပြီး အဲဒီအထဲမှာမှ ၁၁၄ ယောက်က အသက် ၉ နှစ်အောက် ကလေးတွေ ဖြစ်ကြပါတယ်။
အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ရှိသူတွေလည်း Pfizer ကာကွယ်ဆေး ထိုးခွင့်ရပြီဖြစ်သလို အသက် ၁၈နှစ်ကနေ ၃၉ နှစ်ကြားလူတွေဟာလည်း AstraZeneca ဒါမှမဟုတ် Pfizer ကာကွယ်ဆေးကို ထိုးခွင့်ရသွားပြီ ဖြစ်ပါတယ်။
၆၀ကျော် သူတွေအတွက် AstraZeneca ကာကွယ်ဆေးတစ်မျိုးသာ ရွေးချယ်ခွင့်ရှိတာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာတော့ ဒီကနေ့ ရောဂါကူးစက်သူ ၉ ဦးသာ တိုးလာပြီး အခုအခါ ဒေသတစ်ခုလုံးမှာ ကူးစက်သူ ဦးရေက ၁၇၆ ဦးရှိပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီး Rachel Stephen-Smith ရဲ့ အဆိုအရ ကာကွယ်ဆေးထိုးတဲ့လူများလာမယ့်အနေအထားကြောင့် enrolled nursesတွေ၊ သူနာပြုသင်တန်းသူ သင်တန်းသားတွေနဲ့ သားဖွားဆိုင်ရာ သင်တန်းသားတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးဖို့ သင်ပြပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
Queensland ပြည်နယ်မှာ New South Wales ပြည်နယ်၊ Victoria ပြည်နယ်နဲ့ ACT က လူတွေကို စက်တင်ဘာလ ၈ ရက် ဗုဒ္ဒဟူးနေ့အထိ ဝင်ခွင့်ပိတ်ပင်ထားပြီး ဟိုတယ်ကွာရန်တင်းမှာ မနိုင်မနင်းမှု ဖြစ်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

